Welcome, visitor! [ Register | LoginRSS Feed  | 

Comments Off on ဘိုထိုင်အိမ်သာ ဘာ့ကြောင့်သုံးသင့်လဲ……?

ဘိုထိုင်အိမ်သာ ဘာ့ကြောင့်သုံးသင့်လဲ……?

| News | May 20, 2014

1

Picture 1 of 3


ဘိုထိုင်အိမ်သာ ဘာ့ကြောင့်သုံးသင့်လဲ……?

မြန်မာနိုင်ငံမှာ မြန်မာအခေါ် ဗမာထိုင်၊ ဆောင့်ကြောင့် (Squat Toilt) တွေအသုံးများပါတယ်။ ကုန်ကျစရိတ်က ဘိုထိုင် (Sit Toilet) တွေထက်အများကြီးသက်သာတယ်ဆိုပေမဲ့ ရေရှည်မိသားစုကျန်းမာရေးအတွက် စဉ်းစားရင် ဘိုထိုင်အိမ်သာတွေသာ သုံးစွဲသင့်ပါတယ်။

ဘိုထိုင်၊ ဗမာထိုင် နှစ်ခုမှာ ကျန်းမာရေးအတွက်အကျိုးရလာဒ်ချင်း ကွာပါတယ်။

၁) ကျန်းမာရေးရှုထောင့်မှကြည့်ရင် ဗမာထိုင်အိမ်သာဟာ အူလမ်းကြောင်းကွေးကောက်နေတဲ့အတွက် လမ်းကြောင်းမဖြောင့်ပါဘူး (မှတ်ချက်။ အကျင့်ဖြစ်နေ၍ ဆောင့်ကြောင့်ထိုင်မှအားရသူများကို မရည်ရွယ်ပါ)  😀 ဒါပေမဲ့ ကောင်းတဲ့အကျင့်ဆိုတာ မွေးယူလို့ရပါတယ်။

၂) ရေချိန် Level အရ နိမ့်တဲ့အတွက် အနံ့အသက်ဆိုးတွေနဲ့၊ အပေါ့သွားရင်တောင် ကိုယ်ရဲ့ခြေထောက်နဲ့အဝတ်အစားတွေကိုတောင် အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။ ကြမ်းပြင်ဟာလဲ ရေအမြဲထိတွေ့နေတဲ့အတွက် ပိုးမွှား (insects) တွေအမြဲရှိနေနိုင်ပါတယ်။

၃) ဗမာထိုင်အိမ်သာဟာ ဒူးကွေးညွှတ်ပြီး အချိန်ကြာမြင့်စွာထိုင်ရတဲ့အတွက် သက်သောင့်သက်သာမရှိဘဲ ကြွက်သားတွေကိုတောင့်တင်းစေပါတယ်။ အထူးသဖြင့် ချဉ်ဆီနည်းလာပြီး အသက်ကြီးလာတဲ့ ကိုယ့်လူကြီးမိဘတွေအတွက်ဆို ပိုပြီးမသင့်တော်ပါဘူး။ လူတစ်ကိုယ်လုံးရဲ့ ဝိတ် (weight) ကိုခြေထောက်တစ်စုံထဲကပဲ ထိမ်းထားရတဲ့အတွက်၊ အထူးသဖြင့် လူကြီးဆိုရင် အထိုင်ကြာလာရင် ပြန်ထဖို့ အလွယ်လှတော့ပါဘူး။ အဆစ်အမြစ်ရာင် (ဂေါက်) ရောဂါဝေဒနာရှင်များအတွက်ဆို ပို၍ အသင့်တော်ပါဘူး။ ဒေါက်တာ Chia Shi Lu (SGH) ရဲ့ လေ့လာမှုစစ်တမ်းအရ၊ ဒူးဆစ်ရောင်ဝေဒနာခံစားရသူ အများစုဟာ ဆောင့်ကြောင့်ထိုင်အိမ်သာ အသုံးပြုသူ အသက် ၅၀ကျော် အာရှနိုင်ငံသားများဖြစ်ပါတယ်။

– Phoenix Emperor Group

Share Button

Sponsored Links

  • Syria crisis

    by on August 27, 2013 - 0 Comments

    UN inspectors' convoy hit by sniper fire အမည်မသိ လက်နက်ကိုင်များက ဆီးရီးယား မြို့ တော်အတွင်း ကုလယာဉ်တန်းကိုစနိုက်ပါများဖြင့် တိုက်ခိုက်ခဲ့တယ်လို့  UN ကဆိုပ...

  • Tiny Handset

    by on August 20, 2013 - 0 Comments

    အသေးငယ်ဆုံး တယ်လီဖုန်း (Tiny Handset) ယခု တစ်လော Fan page တွေမှာ အသေးငယ်ဆုံးသော Mobile ဖုန်းလေး ကို Fan item တစ်ခု နေနဲ့  တွင်တွင် ကျယ်ကျယ် ဖော်ပြ ကြော်ငြာတာ...

  • Drug to Death Penalty

    by on August 30, 2013 - 0 Comments

    အသက် ၆၄ နှစ်အရွယ် စင်္ကာပူနိုင်ငံသား မူးယစ်ဆေးမှောင်ခိုကူးမှု သေဒဏ်ကျခံဖွယ်ရာရှိ အသက် ၆၄ နှစ်အရွယ် စင်္ကာပူနိုင်ငံသား လူမှုဝန်ထမ်းဟောင်း အဒူ ဝါဟတ် မိုဟာမက်ဟာ အင်ဒ...

  • ဘိုထိုင်အိမ်သာ ဘာ့ကြောင့်သုံးသင့်လဲ……?

    by on May 20, 2014 - 0 Comments

    ဘိုထိုင်အိမ်သာ ဘာ့ကြောင့်သုံးသင့်လဲ……? မြန်မာနိုင်ငံမှာ မြန်မာအခေါ် ဗမာထိုင်၊ ဆောင့်ကြောင့် (Squat Toilt) တွေအသုံးများပါတယ်။ ကုန်ကျစရိတ်က ဘိုထိုင် (Sit Toi...

  • " Sigmo " Bluetooth Device

    by on August 16, 2013 - 0 Comments

    ဘာသာစကား မတူညီတဲ့ လူမျိုးတွေရဲ. စကားကို တိုက်ရိုက် အချိန်နဲ. တပြေးညီ ဘာသာပြန်ပေးမယ့် " Sigmo " Bluetooth Device Smart Phone အသုံးပြုသူတွေအတွက် ဘာသာစကား မ...