Welcome, visitor! [ Register | LoginRSS Feed  | 

Comments Off on လေးဆူဓါတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးအကြောင်း

လေးဆူဓါတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးအကြောင်း

| News | June 10, 2014

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားရာ နိုင်ငံဖြစ်ပါသည်။ ကျွနု်ပ်တို့သည် ထေဝါဗုဒ္ဓဘာသာများ ဖြစ်ကြသဖြင့် ဘာသာတရားကိုင်းရှိုင်းသူများလဲ ဖြစ်ပါသည်။ ကျွနု်ပ်တို့မြန်မာနိုင်ငံတွင် ရွှေတိဂုံဘုရားသည် တန်းခိုးအကြီးဆုံး ဘုရားတစ်ဆူအဖြစ် ကျော်ကြားလျက်ရှိသည်။  ရွှေတိဂုံဘုရား၏စိတ်ဝင်စားဖွယ်ကောင်းသော သမိုင်းများမှာလည်း ယခုတိုင် မရိုးလှအောင်နားဆင်ချင်လျက်ရှိနေပါသည်။

Shwedagonရွှေတိဂုံဘုရားသည် နှစ်ပေါင်း၂၆၀၀ ကျော်လောက်တည်ရှိလျက်ရှိပါသည်။ မြန်မာပြည်နှင့် ကမ္ဘာအတွင်း နှစ်ပေါင်းအကြာဆုံး သမိုင်းဝင်ဘုရားလဲဖြစ်ပါသည်။ စေတီတော်၏ ဉာဏ်တော်မှာ ၃၂၅ပေ/ ၉၉ မီတာ ရှိပါသည်။  ရွှေတိဂုံစေတီတော်ကို ကန်တော်ကြီးပန်းခြံ အနောက်ဘက် သိဣၤတရတောင်ပေါ်တွင် တည်ထားကိုးကွယ်ထားပါသည်။  ရွှေတိဂုံဘုရားသည် ဘုရားလေးဆူ၏ ဓာတ်တော်များကို ဌာပနာထားတည်ထားကိုးကွယ်ထားပါသည်။ ကဣသန်မြတ်စွာဘုရား၏ တောင်ဝှေးတော်၊ ဂေါနဂုဏ်မြတ်စွာဘုရား၏ ရေစစ်တော်၊ က္ကသပ္ပမြတ်စွာဘုရား၏ သင်္ဃန်းတော်၊ ဂေါတမမြတ်စွာဘုရား၏ ဆံတော်များဌာပနာ ထားတည်ထားသော စေတီတော် ဖြစ်ပါသည်။  သမိုင်းအထောက်အထားများအရ ကုန်သည်ညီနောင် နှစ်ပါးသည် ကုန်သည်ထွက်ရင်း ဂေါတမမြတ်စွာဘုရားရှင်မှ ဆံတော်များချီးမြှင့်ခံရပါသည်။  ဥက္ကလာပမင်း အုပ်စိုးစဉ် ကာလ ဖြစ်သဖြင့် မင်းဥက္ကလာပသည် ဘုရားတည်ထား ကိုးကွယ်ထားရှိရန် သိဣၤတရတောင်ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။  ကုန်သည်ညီနောင်နှစ်ပါးနှင့် ဥက္ကလာပမင်းကြီးတို့ ပူးပေါင်းတည်ထားရာ ရွှေတိဂုံဘုရားကြီးသည် ယခုခါတွင် ေွှရောင်အဆင်းဖြင့် သပ္ပာယ်လျက် ရှိပါသည်။

Shwedagon Pagodaရှေးလူကြီးများ၏ စကားအဆ်ုအရ ဘုရား တည်သည်မှာ မလွယ်လှပါ။  ဗုဒ္ဓဘာသာဖြစ်သည့် အလျောက် ရှေးဘဝမှ အထုံ ၊ ရေစက် များရှိမှသာ ဘုရားတည်နိုင်မယ် လို့ ဆိုထားတာ သိရပါသည်။  စင်စစ် ရွှေတိဂုံ စေတီတော် တည်ရာတွင်လည်း လူများ၊ မင်းများ၊ နတ်ကောင်းနတ်မြတ်များ ဖြင့် စေတီကြီးကို ဝိုင်းဝန်းတည်ထားခဲ့ပါသည်။  ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ ဘုရားဖူးလာ မိတ်ဆွေအပေါင်းတို့သည် ဘုရားစေတီတော်သို့ တက်လျှင် ဖိနပ်များချွတ်ပြီး တက်ရပါသည်။  ဘုရားရင်ပြင်သို့ တက်ရန် ရိုးရိုးလှေကားများ၊ ဓာတ်လှေကားများ၊ စက်လှေကားများ ဖြင့် ထားရှိထားပါသည်။  ယခုခါဝယ် ခေတ်များပြောင်းလဲလာသဖြင့် လူတို့သည် ဖက်ရှင်အမျိုးမျိုး ဝတ်စားဆင်ယင်ကြပါသည်။  ဘယ်လိုတွေတိုးတက်ပြောင်းလဲ နေပါစေ မြန်မာ့ယဉ်ကျေးမှု့ ထုံးတမ်းစဉ်လာ များကိုတော့ ဖျောက်ဖျက်ပစ်လို့ မရနှိင်ပါ။  သို့ပါသောကြောင့် ဘုရားဖူးများကို လည်း ဘုရားရင်ပြင်ပေးမတတ်ခင် မဆင်မခြင်ဝတ်ဆင်မှုများကို ကန့်ကွက်ထားတာလဲ တွေ့ရပါသည်။  မြန်မာတို့ အယူအရ ဘုရားဖူးမယ်ဆို စေတီတော်အား လက်ယာရစ်ပတ် ပူဇော်ပြီးမှာ ဖူးလေ့ရှိပါသည်။  ရေပြင်ပေါ်သို့ ရောက်လျှင်ပင် စေတီတော်၏ ပတ်ပတ်လည်တွင် ၇ ရက်သားသမီး နေ့နံဂြိုလ်တိုင်များ တနင်္ဂနွေဂြိုလ်တိုင်၊ တနလာ်ဂြိုလ်တိုင်၊ အင်္ဂါဂြိုလ်တိုင်၊ ဗုဒ္ဓဟူးဂြိုလ်တိုင်( နေ့၁၂ နာရီမကျော်ခင်မွေးသူများကို ဗုဒ္ဓဟူူးအဖြစ် သတ်မှတ်ပြီး ၁၂ ကျော်သွားလျှင်တော့ ရာဟုနေ့နံလို့သတ်မှတ်ထားပါသည်။) ကြာသာပတေးဂြိုလ်တိုင်၊သောကြာဂြိုလ်တိုင် နှင့် စနေဂြိုလ်တိုင်များဖြင့် ဝန်းရံထားပါသည်။

၇ နေ့နံဂြိုလ်တိုင်များတွင် ဘုရားဆင်တုတော်များနှင့် နတ်ရုပ်တုတော်များ ထားရှိထားပါသည်။  ဘုရားဖူးများသည် သူတို့၏နေ့နံအလျောက် ဘုရားဖူး၊ ရေသပ္ပါယ်၊ ရေချမ်းကပ်၊ ပန်းကပ် ဖြင့်နေတိုင်းလိုလို စည်းကားလျက်ရှိပါသည်။  ဒါ့ပြင် ဘုရားရင်ပြင်တွင် အောင်မြေ ဆိုပြီးနေရာ သတ်မှတ်ထားတာလဲ ရှိပါသည်။  ထိုအောင်မြေမှာ လူအများ လုပ်ငန်းကိစ္စများ၊ ဘဝများ အောင်မြင်စေချင်အလို့ငှာ ထိုနေရာမှ ထိုင်ပြီး ဘုရားဖူးဆုတောင်းမယ်ဆို အောင်မြင်နိုင်တယ်လို့ ဆိုထားပါသည်။ အောင်မြေ၏ ဘယ်ဘက်ခြမ်းမှာတော့ စေတီအသေးလေးတဆူကိုတွေ့ရမှာ ဖြစ်ပါတယ်။  ထိုစေတီထဲတွင် မြတ်စွာဘုရားရှင် ရုပ်ထုတော်အသေးလေးမှ လက်ညှိုးမှ ရေ ကျနေသည်ကို အံမခန်း ဖူးမြော်နှိင်ပါသည်။  ထို့ပြင် ဘုရားပေါ်တွင် အံဖွယ်ကိုးဖွယ်ကိုလဲ ဖူးမြော်နိုင်ပါသည်။  တချို့ ဘုရားဖူးများသည် ထိုအံဖွယ်ကိုးဖွယ် ကို လာတိုင်းအကုန်ရှာဖွေ ဖူးမြော်နိုင်ကြပေမဲ့ ကျွနု်ပ်အဖို့ အခုထိတိုင် ကိုးဖွယ်လုံးမဖူးမြော်နိုင်သေးပါ။  ရွှေတိဂုံဘုရားတွင် အပတ်စဉ် ဓမ္မစကြာ ဝတ်ရွတ်ဆိုမှုများဖြင့် ဖူးမြော်နေကြသည်ကိုလဲ တွေ့ရှိရပါသည်။  ဘုရားစေတီတော်အတွင်း သန့်ရှင်းရေး ဝေယာဝစ္စများ ကိုလဲ အသင်းဖွဲ့ခွဲပြီး အပတ်စဉ် အလှည့်ကျလုပ်ဆောင်နေကြသည်ကိုလဲ တွေ့ရှိရပါသည်။

ရွှေတိဂုံစေတီတော်ဘုရား၏ တန်ခိုးတော်ကြီးမားသောဂုဏ်သတင်းသည် မြန်မာနိုင်ငံတွင်သာမက တမ္ဘာလုံးသို့ ပြန့်နှံ့ နေသည်မှာ အံ့မခန်းစရာပင် ဖြစ်ပါသည်။  တခါတံ ရွှေတိဂုံဘုရား၏ ဓာတ်တော်များမှ ရောင်ခြည်တော်များ အလိုအလျောက်ကွန့်မြူးနေသည်ကို ကျျွနု်ပ်ဘဝတွင် ယခုထိတိုင် တကြိမ်သာဖူးမြော်ခွင့်ရပါသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားရှင် လေးဆူ၏ဓာတ်တော်များဖြင့်  လေးဆူဓာတ်တော်မြတ်ရွှေတိဂုံဟု တွင်ကျယ်လျက်ရှိနေပါတော့သည်။

– Cho Zin

– Ref: Wiki

Share Button

Sponsored Links

  • Syria crisis

    by on August 27, 2013 - 0 Comments

    UN inspectors' convoy hit by sniper fire အမည်မသိ လက်နက်ကိုင်များက ဆီးရီးယား မြို့ တော်အတွင်း ကုလယာဉ်တန်းကိုစနိုက်ပါများဖြင့် တိုက်ခိုက်ခဲ့တယ်လို့  UN ကဆိုပ...

  • Tiny Handset

    by on August 20, 2013 - 0 Comments

    အသေးငယ်ဆုံး တယ်လီဖုန်း (Tiny Handset) ယခု တစ်လော Fan page တွေမှာ အသေးငယ်ဆုံးသော Mobile ဖုန်းလေး ကို Fan item တစ်ခု နေနဲ့  တွင်တွင် ကျယ်ကျယ် ဖော်ပြ ကြော်ငြာတာ...

  • Drug to Death Penalty

    by on August 30, 2013 - 0 Comments

    အသက် ၆၄ နှစ်အရွယ် စင်္ကာပူနိုင်ငံသား မူးယစ်ဆေးမှောင်ခိုကူးမှု သေဒဏ်ကျခံဖွယ်ရာရှိ အသက် ၆၄ နှစ်အရွယ် စင်္ကာပူနိုင်ငံသား လူမှုဝန်ထမ်းဟောင်း အဒူ ဝါဟတ် မိုဟာမက်ဟာ အင်ဒ...

  • ဘိုထိုင်အိမ်သာ ဘာ့ကြောင့်သုံးသင့်လဲ……?

    by on May 20, 2014 - 0 Comments

    ဘိုထိုင်အိမ်သာ ဘာ့ကြောင့်သုံးသင့်လဲ……? မြန်မာနိုင်ငံမှာ မြန်မာအခေါ် ဗမာထိုင်၊ ဆောင့်ကြောင့် (Squat Toilt) တွေအသုံးများပါတယ်။ ကုန်ကျစရိတ်က ဘိုထိုင် (Sit Toi...

  • " Sigmo " Bluetooth Device

    by on August 16, 2013 - 0 Comments

    ဘာသာစကား မတူညီတဲ့ လူမျိုးတွေရဲ. စကားကို တိုက်ရိုက် အချိန်နဲ. တပြေးညီ ဘာသာပြန်ပေးမယ့် " Sigmo " Bluetooth Device Smart Phone အသုံးပြုသူတွေအတွက် ဘာသာစကား မ...