နှာခေါင်းသွေးလျှံခြင်း

| Uncategorized | 1 hour ago

နေပူထဲကို ထီး(ဒါမှမဟုတ်) ဦးထုပ်မပါဘဲ သွားလို့ပဲဖြစ်ဖြစ်၊ ထိခိုက်မိလို့ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုများလိုု့ပဲဖြစ် ဖြစ် တစ်ခါတစ်ရံမှာနှာခေါင်းသွေးလျှံတက်ပါတယ်။ နှာခေါင်းသွေးလျှံခြင်းဟာ ကလေးများသာမက လူကြီး များတွင်လဲဖြစ် တတ်ပါတယ်။ သာမန်အားဖြင့် နှာခေါင်းအတွင်းပိုင်းအားကုပ်ဖဲ့မိခြင်း၊ ထိခိုက်မိခြင်းများမှ နှာခေါင်းသွေးလျှံ တက်ပါတယ်။ ထိုသို့နှာခေါင်းသွေးလျှံလာလျှင် ပြုလုပ်ရမယ့်ကုသနည်းများ ကိုတင်ပြလို ပါတယ်။

Continue reading »

လွယ်လွယ်နဲ့ ဒေါသထွက်တတ်တဲ့အကျင့်ကို ဘယ်လိုထိန်းချုပ်ကြမလဲ

| Knowledge, Motivation | September 21, 2017

ဒေါသထွက်ခြင်းဟာ ကျွန်တော်တို့ရဲ့စိတ်နဲ့ကိုယ်ခန္ဓာ ကျန်းမာရေးကိုထိခိုက်စေပါတယ်။ ဒေါသထွက် ခြင်းဟာမကောင်းမှန်းတော့သိကြပါတယ်။ သို့ပေမယ့် ဒေါသထွက်လွယ်သူတစ်ယောက်အတွက်တော့ ထိန်းချုပ်ဖို့ရာခက်ခဲလှပါတယ်။ သူ့အတွက် အရာရာတိုင်း၊ ကြုံဆုံလာသမျှလူတိုင်းဟာ ဒေါသထွက်စရာ တွေချည်းပါပဲ။

Continue reading »

နားကြပ်နှင့်ကျန်းမာရေး

| Health, Knowledge | September 20, 2017

နားကြပ် (Earphone) များကို အချိန်ကြာမြင့်စွာအသုံးပြုခြင်းဟာ ကျွန်တော်တို့ရဲ့နားစည်ကို ထိခိုက် ပျက်စီးစေနိုင်ပြီး နားနှင့်ပတ်သက်သော အခြားရောဂါများလဲ ဖြစ်ပွားစေနိုင်ပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်တွင် နားကြပ် (earphone) နှင့်တွဲဖက်၍သုံးရသော IT ပစ္စည်း (Laptop , Hand-Phone) များကလဲ လွယ် လင့်တကူရရှိနိုင် သောကြောင့် အဆိုပါ IT ပစ္စည်း (Laptop, Hand-Phone) များကို သုံးစွဲရာတွင် မိမိအနီး အနားတွင်ရှိသော အခြားသူများအား အနှောင့်အယှက်မဖြစ်စေရန်အတွက် နားကြပ် (earphone) များကို အသုံးပြုလာကြပါတယ်။

Continue reading »

ဘောလုံးသမိုင်းကြောင်း

| Sport | September 19, 2017

ယနေ့ခေတ်တွင် လူကြိုက်အများဆုံးအားကစားကိုပြပါဆိုလျှင် ဘောလုံးအားကစားကိုပြရမှာပဲဖြစ် ပါတယ်။ ဘောလုံးကစားနည်းကို ၁၉ရာစုကတည်းက အင်္ဂလန်နိုင်ငံမှာ စတင်ကစားခဲ့တာဖြစ်ပါ တယ်။ သို့ပေမယ့် တရုတ်၊ ဂရိ၊ မာယာ နှင့် အီဂျစ်လူမျိုးများက ဘောလုံးအားကစားဟာ သူတို့ရိုး ရာအားကစားဖြစ်တယ် လို့ဆိုကြပါတယ်။ အင်္ဂလန်မှာစတင်ခဲ့တဲ့ဘောလုံးအားကစားကို လက်နဲ့ ပစ်ကစားတဲ့ဘောလုံးကစားနည်း (Rugby) နှင့် ခြေနဲ့ကန်ကစားတဲ့ဘောလုံးကစားနည်း (soccer) ဟူ၍နှစ်မျိုးခွဲခြားထားပါတယ်။

Continue reading »

ကားမူးရခြင်းအကြောင်း

| Health | September 19, 2017

ကျွန်တော်တို့ မြေပြင်ပေါ်တွင် မတ်တပ်ရပ်လျက် ခေါင်းကိုဘယ်ညာ လှုပ်ရမ်းခါကြည့်လျှင်တောင်မှခေါင်း မူးတတ်ပါတယ်။ ဤသည်မှာ နားထဲရှိ အရည်လေးများ လှုပ်ရမ်းသွားသောကြောင့်ဖြစ်ပါတယ်။ ကားမူး တယ်ဆိုတာဟာလဲ အဲဒီ့သဘောတရားအတိုင်းပါပဲ။ တကယ်တော့ ကျွန်တော်တို့နားထဲမှာရှိတဲ့ ခန္ဓာကိုယ် ကို ဟန်ချက်ညီအောင်ထိန်းပေးနိုင်တဲ့ အရည်လေးတွေပရမ်းပတာဖြစ်ပြီး လှုပ်ခါသွားသောကြောင့် အမြင် တွေေ၀ဝါးပြီး ခေါင်းထဲမှာ မူးနောက်နောက်ဖြစ်လာခြင်းသာ ဖြစ်ပါတယ်။

Continue reading »

လူသိနည်း၍ အသုံး၀င်သော Android စမတ်ဖုန်း၏ Functions များ

| Uncategorized | September 19, 2017

ယခုခေတ်တွင် လူတိုင်းလိုလို စမတ်ဖုန်းများ၊ အဆင့်မြင့်တဲ့ဖုန်းများ ကိုင်နေကြပေမယ့် Android device တွေရဲ့စွမ်းဆောင်ရည်အားလုံးကိုတော့ သိတဲ့သူဟာ အယောက် ၁၀၀ မှာ ၁၀ယောက်သာ ရှိပါတယ်။ ဒါကြောင့် လူ ၁၀၀ တွင် ၉၀ လောက်မသိကြသေးတဲ့ Android Functions တွေရဲ့ လျှို့ဝှက်ချက်တွေအ ကြောင်းဖော်ပြပေးလိုက်ရပါတယ်

Continue reading »

မျက်စိကို မထိခိုက်မပျက်စီးစေရန်အတွက် လိုက်နာရမယ့် အချက်(၅)ချက်

| Uncategorized | September 15, 2017

SEOMyanmar-5ways-to-protect-your-eyes

မျက်စိကို မထိခိုက်မပျက်စီးစေရန်အတွက် လိုက်နာရမယ့် အချက်(၅)ချက်ကို တင်ပြလိုပါတယ်-
မျက်စိဟာ ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အရမ်းနုနယ်သော ကြောင့် အထူးဂရုပြု၍ ထိန်းသိမ်းကြရန် လိုအပ်ပါတယ်။ ဒါ့ကြောင့် မျက်စိမပျက်စီးစေရန်အတွက် လိုက်နာ ရမည့်အချက်များကို ဖော်ပြလိုက်ရပါတယ်။

Continue reading »

ငိုကြွေးခြင်း(မျက်ရည်ကျခြင်း)ဆိုင်ရာ သိကောင်းစရာများ

| Health, Knowledge | September 14, 2017

Trading Myanmar - crying

မျက်ရည်ကျတာဟာ သဘာဝတရားပါပဲ။ ဝမ်းနည်းစရာကြုံလို့ပဲဖြစ်စေ၊ ဝမ်းသာစရာကိစ္စရှိလို့ပဲဖြစ်စေ မျက်ရည်ကျတတ်ကြပါတယ်။ ဒါပေမယ့် တချို့ကမျက်ရည်ကျမှာကို ကြိတ်မှိတ်သည်းခံတတ်လေ့ရှိကြပါတယ်။ ရင်ထဲမှာ ခံစားနေရတာကိုဖုံးကွယ်ပြီး အဆင်ပြေချင်ယောင်ဆောင်တတ်ကြပါတယ်။ တကယ်တော့ မျက်ရည်ကျတာဟာ စိတ်ပျော့ညံ့လို့မဟုတ်ပါဘူး။ မျက်ရည်ကျတတ်တဲ့သူတွေဟာ ပိုလို့တောင်သန်မာကြပါသေးတယ်။ ဒါကြောင့်မျက်ရည်ကျသူတွေ ဘာလို့သန်မာကြလဲဆိုတာ မျှဝေပေးလိုက်ရပါတယ်။ 

Continue reading »

Gym စဆော့တော့မည်ဆိုရင် သိထားသင့်သည့်အချက်များ

| Knowledge, Sport | September 13, 2017


၁။ Gym ကိုဘယ်အချိန်တွေမှာ ဆော့ရမလဲ?
Gym ကို မနက်ပိုင်းဆော့တာကောင်းတယ် ၊ ညနေပိုင်းဆော့တာပိုကောင်းတယ်ဆိုပြီး ခွဲခြားထားတာမျိုးမရှိပါဘူး။ ကိုအလုပ်အားတဲ့အချိန် လန်းဆန်းပြီး အားရှိတဲ့အချိန်မှာ ဆော့ရင်ရပါပြီ။ အဓိက ကတော့ ဆော့တဲ့အချိန်မှာ အားရှိနေဖို့ပါ။ Gym မဆော့ခင် ၂နာရီအလိုလောက်မှာ အစာတစ်ခုခုစားထားဖို့ လိုအပ်ပါတယ်။ စားတဲ့အစာဟာလဲ အရေးကြီးပါတယ်။ ဆီတွေများတဲ့အစားအစာ၊ ဆီကြော်စာတွေမဟုတ်ဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာများကို ရွေးချယ်စားသောက်သင့်ပါတယ်။ ဥပမာ-အာလူး၊ ပေါင်မုန့်ညို၊ နွားနို့၊ ဒိန်ချဉ်၊ ကြက်ဥပြုတ်၊ ကြက်ဥမွှေကြော်၊ ကန်စွန်းဥပြုတ်၊ အသား၊ ငါး၊ ပဲ စတာတွေစားသုံးပြီး လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ပိုမိုကောင်းမွန်တဲ့ရလဒ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Continue reading »

မကြာခင်ဈေးကွက်ထဲရောက်လာတော့မည့် လူရဲ့အရေပြားပေါ်က ဖုန်း

| Knowledge, Mobile Phones | April 16, 2016

လက်ကောက်ဝတ်အရေပြားကို မျက်နှာပြင်အဖြစ် ထိတွေ့အသုံးပြုလို့ရမယ့် လက်ကောက်ဝတ်ဖုန်းတစ်မျိုး ဈေးကွက်ထဲရောက်လာတော့ပါမယ်။ Cicret လို့ခေါ်တဲ့ ဒီလက်ကောက်ဟာ စမတ်ဖုန်းနဲ့ တက်ဘလက်တွေကို အစားထိုးဖို့ ရည်ရွယ်ထုတ်လုပ်ထားတာလို့ ဆိုပါတယ်။

လက်ကောက်ထဲမှာ အသေးစားပရောဂျက်တာကို ထည့်ထားတာ ဖြစ်ပြီး အရေပြားမျက်နှာပြင်ကို ထိတွေ့အသုံးပြုနိုင်ဖို့ ဆင်ဆာ ၈ ခုအသုံးပြုထားခြင်း ဖြစ်ပါတယ်။ ဘလူးတု၊ ဝိုင်ဖိုင်တို့အပြင် USB ပေါက်ပါ ပါဝင်တယ်လို့ ဆိုပါတယ်။ ဖုန်းခေါ်ဆိုခြင်း၊ အီမေးအသုံးပြုခြင်း၊ ဗီဒီယိုကြည့်ခြင်း စတဲ့

Continue reading »

Page 1 of 101 2 3 10

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Facebook Friends

Google Plus Friends