အသုံးတည့်လှသောငှက်ပျော

| Food, Knowledge | October 11, 2017

သစ်သီးဝလံများစားသုံးခြင်းဟာ အသားအရည်ကိုစိုပြေလှပစေပြီး ကျန်းမာရေးအတွက်လဲအထောက်အကူ ပြုစေပါတယ်။ အသုံးဝင်သောသစ်သီးဝလံများ များစွာရှိတဲ့အနက် ငှက်ပျောသီးဟာ ကျွန်တော်တို့မြန်မာ နိုင်ငံမှာ ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူစားသုံးနိုင်ပါတယ်။ အပူပိုင်းဒေသနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် ငှက်ပျောသီးအမျိုးပေါင်းစုံကိုတွေ့နိုင်ပါတယ်။ ဖီးကြမ်း၊ သီးမွှေး၊ ရခိုင်ငှက်ပျောသီး၊ ရွှေငှက်ပျောသီး စသဖြင့် အမျိုးအစားစုံလင်လှပါတယ်။ ငှက်ပျောသီးမှာ ပိုတက်စီယမ်ဓါတ်ကြွယ်ဝစွာပါဝင်သောကြောင့် ငှက်ပျောသီး စားပေးခြင်းဖြင့် သွေးတိုးကျစေပါတယ်။ ဒါ့အပြင် ငှက်ပျောသီးဟာ ပင်စည်ကနေအရွက်အထိ တစ်ပင်လုံး နီးပါးအသုံးပြုနိုင်သောကြောင့် လွန်စွာအသုံးဝင်သော သီးပင်စားပင်တစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် ငှက်ပျောတစ်ပင်လုံး အသုံးချနည်းများကိုသိသလောက်ဝေမျှပေးလိုက်ရပါတယ်။
(၁) မုန့်များ၊ အသားများပေါင်းရာတွင်အသုံးပြုနိုင်
ငှက်ပျောရွက်များဖြင့်ထုပ်၍ပေါင်းထားသော ကောက်ညှင်းထုပ်၊ မုန့်ဖက်ထုပ်များကို ကျွန်တော်တို့တော် တော်များများ စားဖူးကြမယ်ထင်ပါတယ်။ အရသာမှာထူးကဲကောင်းမွန်လှပါတယ်။ ဒါ့အပြင် အခုခေတ်တွင် ငှက်ပျောရွက်များဖြင့် ဟင်းများကိုပါထုပ်၍ ချက်ပြုတ်လာကြပါတယ်။ ရှမ်းရိုးရာအစားအစာများဖြစ်ကြသော ဟင်းထုပ်၊ ငါးချဉ်စသည်တို့ကိုလဲ ငှက်ပျောရွက်များဖြင့်သာထုပ်ကြပါတယ်။ ငါးပေါင်းရာတွင်လဲ ငှက်ပျောရွက်ဖြင့်ထုပ်၍ပေါင်းသကဲ့သို့ အခြားဟင်းချက်နည်းများစွာလဲ ရှိပါသေးတယ်။


(၂) ပန်းကန်အဖြစ်အသုံးပြုနိုင်
ယခုခေတ် စားသောက်ဆိုင်တော်တော်များများတွင် အမြင်လဲဆန်းသစ်အောင် စားလို့လဲပိုမိုကောင်းစေရန် ရည်ရွယ်ချက်ဖြင့် ငှက်ပျောရွက်ပေါ်တွင်အစားအသောက်များပြင်ဆင်လာကြပါတယ်။ ငှက်ပျောရွက်ပေါ် တွင်အစားအစာများကိုပုံထည့်ပြီးစားတာဟာ အစာကြေပိုလွယ်စေပြီး အရသာလဲပိုရှိစေပါတယ်။ ဒါ့ကြောင့် တစ်ချို့စားသောက်ဆိုင်များတွင် ပန်းကန်အစားငှက်ပျောရွက်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြ ပါတယ်။
(၃) ငှက်ပျောသီးကိုမုန့်ဖုတ်ရာတွင်အသုံးပြုနိုင်
ငှက်ပျောသီးကို ဒီအတိုင်းစားရင်အရသာရှိသလို ဂျုံ၊ သကြားတို့နှင့်ရော၍မုန့်ဖုတ်စားလျှင်လဲ ကောင်းပါ တယ်။ ငှက်ပျောသီးဟာ ကျန်းမာရေးအတွက်အထောက်အကူပြုရုံသာမက စားရတာလဲ အရသာရှိစေပါ တယ်။ ငှက်ပျောသီးကိတ်၊ ငှက်ပျောသီးပေါင်မုန့် စသဖြင့်ငှက်ပျောသီးဖြင့်မုန့်မျိုးစုံပြုလုပ်နိုင်ပါတယ်။
(၄) ငှက်ပျောအူကို မုန့်ဟင်းခါးချက်ရာတွင်ထည့်သုံးနိုင်
မြန်မာလူမျိုးများ၏သည်းခြေကြိုက် အစားအစာမှာမုန့်ဟင်းခါးဖြစ်ပါတယ်။ မုန့်ဟင်းခါးမကြိုက်တဲ့ မြန်မာလူ မျိုးမရှိသလောက်ပေ။ ထိုသို့မုန့်ဟင်းခါးချက်ရာတွင် ငှက်ပျောအူသည်လဲ မရှိမဖြစ်လိုအပ်ပါတယ်။ ငှက်ပျော အူမပါသောမုန့်ဟင်းခါးသည် ဆားမပါသောဟင်းကဲ့သို့ပေါ့ရွှတ်ရွှတ်နိုင်လှပါတယ်။ ဒါ့အပြင်မုန့်ဟင်းခါးတွင် ငါးတို့၊ ငံပြာရည်တို့ပေါများစွာပါဝင်ချက်ပြုတ်ထားသောကြောင့် သွေးတိုးကြောက်သူများ ငှက်ပျောအူဖက် လေးစားပေးခြင်းဖြင့် သွေးတိုးကျစေပါတယ်။
(၅) သရေစာမုန့်အဖြစ်လုပ်စားနိုင်
ငှက်ပျောသီးကို ဧရာဝတီတိုင်းဘက်တွင် အကွင်းသေးသေးလေးတွေလှီး၍ ဆီဖြင့်ကြော်ကာ ငှက်ပျော ခြောက်ကြော်လုပ်ရောင်းကြပါတယ်။ ဒါ့အပြင်အကြော်ဆိုင်များတွင်လဲ မုန့်နှစ်နဲ့ရောပြီးကြော်ထားသော အရသာရှိတဲ့ ငှက်ပျောကြော်ကို ရရှိနိုင်ပါတယ်။ ငှက်ပျောကြော်ကို သရေစာအဖြစ်လဲ အမျိုးမျိုးလုပ်စားလို့ရ ပါတယ်။

No Tags

  

Sponsored Links

Leave a Reply

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Facebook Friends

Google Plus Friends