စိတ်ဓါတ်ကျနေတာလား။ စိတ်ဓါတ်ဆိုတာ ကိုယ်ကိုယ်တိုင်ချလို့ကျသွားတာ။

| Knowledge, Motivation | March 1, 2015

online motivation
– သည်းထန်နေတဲ့ မိုးဟာ မင်းဘဝအတွက်ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်နေတယ်။ မိုးတိတ်ပါစေတော့လို့ ဆုတောင်းနေမဲ့အစား ထီးတစ်ချောင်းသာအမြန်ရအောင်ရှာပြီး ကြံ့ကြံ့ခံရင်ဆိုင် တွန်းလှန်လိုက်ပါ။

– အချို့လူတွေကတော့ မင်းသွားနေတဲ့လမ်းခရီးကို ကျောက်တုံး၊ ကျောက်ခဲတွေပစ်သွင်းပြီး တားဆီးပိတ်ဆို့ နေမှာပဲ။ မင်းကိုယ်တိုင်ဟာ ပိသုကာပညာရှင်တစ်ယောက်ပါ။ အဲဒီပိတ်ဆို့နေတဲ့ ကျောက်တုံးကျောက်ခဲတွေကို အသုံးပြုပြီး နံရံကြီးဆောက်မှာလား၊ တံတားခင်းမှာလား။

– အပေါ်ယံအလှကို မရှာပါနဲ့၊ နှလုံးသားအလှတရားကိုရှာပါ။ အလှအပတိုင်းဟာ မကောင်းတတ်ပေမဲ့၊ ကောင်းတဲ့အရာအားလုံးဟာတော့ အလှတရားပါ။

– မင်းရဲ့ဘဝမှာ အကောင်းဆုံးဖဲချပ်တွေ ဆုပ်ကိုင်ထားပေမဲ့၊ ဒီကိုင်ထားတဲ့ဖဲချပ်တွေကို ဘယ်လိုလိမ္မာပါးနပ်စွာ ကစားနိုင်လဲဆိုတာသာအရေးကြီးတာပါ။

– ဒါဟာ လမ်းဆုံးလို့မင်းထင်းနေလား တစ်ခါတစ်လေတွေမှာ၊ မဟုတ်ဘူး။ မင်းမြင်အောင်ကြည့်၊ ဒါဟာမင်းဘဝရဲ့ လမ်းကွေ့လေးပါ။

– တော်တဲ့လူဖြစ်ရုံနဲ့တော့ မပေါင်းနဲ့၊ သူ့လောက်မတော်ပေမဲ့ ရိုးဖြောင့်ပြီး စိတ်ရင်းမှန်တဲ့လူနဲ့သာပေါင်းပါ။

– ဘယ်လို ဂရုစိုက်တယ်ဆိုတာ မချီးမွမ်းနဲ့ဦး၊ ဘယ်လောက် ဂရုစိုက်နိုင်လဲသာ စောင့်ကြည့်ပါ။

– သဲတစ်ပွင့်က တန်ဖိုးမရှိပါဘူး၊ ရွှံ့မှာလဲ တန်ဖိုး မရှိပါဘူး။ ဒါပေမဲ့ သဲ၊ ရွှံ့နဲ့အခြား တန်ဖိုးမရှိတဲ့အရာတွေ အချိုးကျ ပေါင်းစပ်ပြီး ဘိလပ်မြေဖြစ်လာတဲ့အခါ တန်ဖိုးဖြစ်လာတယ်။ ပဲဆီဟာ သူ့အလိုလို တန်ဖိုးရှိပြီးသားပါ၊ ဓါတ်ဆီဟာလဲ သူ့အလိုလိုတန်ဖိုးရှိပြီးသားပဲ။ ပဲဆီနဲ့ ဓါတ်ဆီ သွားပေါင်းလိုက်ရင်တော့ ဘာတန်ဖိုးမှ မရှိတော့ဘူး။

စိတ်ဓါတ်ဆိုတာ ကိုယ်ကိုယ်တိုင်ချလို့ကျသွားတာ။

– #TradingMyanmar

Sponsored Links

Leave a Reply

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Facebook Friends

Google Plus Friends