Gym စဆော့တော့မည်ဆိုရင် သိထားသင့်သည့်အချက်များ

| Knowledge, Sport | September 13, 2017


၁။ Gym ကိုဘယ်အချိန်တွေမှာ ဆော့ရမလဲ?
Gym ကို မနက်ပိုင်းဆော့တာကောင်းတယ် ၊ ညနေပိုင်းဆော့တာပိုကောင်းတယ်ဆိုပြီး ခွဲခြားထားတာမျိုးမရှိပါဘူး။ ကိုအလုပ်အားတဲ့အချိန် လန်းဆန်းပြီး အားရှိတဲ့အချိန်မှာ ဆော့ရင်ရပါပြီ။ အဓိက ကတော့ ဆော့တဲ့အချိန်မှာ အားရှိနေဖို့ပါ။ Gym မဆော့ခင် ၂နာရီအလိုလောက်မှာ အစာတစ်ခုခုစားထားဖို့ လိုအပ်ပါတယ်။ စားတဲ့အစာဟာလဲ အရေးကြီးပါတယ်။ ဆီတွေများတဲ့အစားအစာ၊ ဆီကြော်စာတွေမဟုတ်ဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာများကို ရွေးချယ်စားသောက်သင့်ပါတယ်။ ဥပမာ-အာလူး၊ ပေါင်မုန့်ညို၊ နွားနို့၊ ဒိန်ချဉ်၊ ကြက်ဥပြုတ်၊ ကြက်ဥမွှေကြော်၊ ကန်စွန်းဥပြုတ်၊ အသား၊ ငါး၊ ပဲ စတာတွေစားသုံးပြီး လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ပိုမိုကောင်းမွန်တဲ့ရလဒ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
၂။ Gym တစ်ခါဆော့ရင် ဘယ်လောက်ကြာသင့်သလဲ။
ဘယ်လေ့ကျင့်ခန်းမဆို ၄၅ မိနစ်နဲ့ ၁ နာရီ ကြားလောက်ပဲ ကြာသင့်ပါတယ်။ ဆော့စရာရှိတာကို အားအပြည့်နဲ့ မြန်မြန်ဆော့တာက ပိုပြီးထိရောက်ပါတယ်။ မြန်မြန်ဆော့ဆိုတဲ့အတိုင်း ပြီးရင်ပြီးရော ဆော့ လို့လဲမရပါ။ နည်းစနစ်မှန်မှန်နဲ့မြန်မြန်ဆော့ဖို့လိုအပ်ပါတယ်။ အလေးမတဲ့အကြိမ် တစ်ခေါက်နဲ့ တစ်ခေါက် ကြားမှာနားချိန် စက္ကန့် ၉၀ မှ ၁၂၀ ကြားပဲ ယူသင့်ပါတယ်။ဒါမှလဲ ၄၅ မိနစ်၊ ၁ နာရီ နဲ့အပြီး ဆော့နိုင်မှာ ဖြစ်ပါတယ်။ကို မ တဲ့အလေးဟာ အရမ်းလေးခဲ့ရင် ၂ မိနစ်နားနိုင်ပြီး သွေးပူအခေါက်တွေ ဆိုရင်တော့ ၁ မိနစ်ခွဲလောက်နားရင်လုံလောက်ပါတယ်။ ကြာကြာနားရင်တော့ နှလုံးခုန်နှုန်းပြန် နှေးသွားတာမို့ ဆော့ ရတာလဲမကောင်းတော့သလို ဆော့နေရင်းပျင်းလာတတ်ပါတယ်။ ဒါ့အပြင် မိမိ၏ Limit Time ဖြစ်သော ၁ နာရီအတွင်းလဲ ပြီးအောင်ဆော့နိုင်တော့မည် မဟုတ်ပါ။
၃။ အလေးကို ဘယ်နှကြိမ် မ ရမလဲ ? ဘယ်လောက်လေးလေး မ ရမလဲ?
အလေးစဆော့တော့မယ်ဆိုရင် အရေးအကြီးဆုံးက အကြောလျှော့ဖို့ပါ။ အကြောလျှော့ပြီးမှသာ အလေးတုံးတွေကို ကိုင်သင့်ပါတယ်။ အလေးမရာမှာ နည်းစနစ်မှန်မှန်နဲ့ ကစားနည်းတစ်မျိုးကို လေးကြိမ်ဆော့ ကစားပေးသင့်ပါတယ်။ ပထမဆုံးအကြိမ်ကို သွေးပူရုံ အလေးဖြင့် ၁၂ကြိမ် ကစားပေးသင့်ပါတယ်။ ဒုတိယအကြိမ်မှာတော့ အလေးထက်တိုးပြီး ၁၀ ကစားသင့်ပါတယ်။ တတိယ နဲ့ စတုတ္ထအကြိမ်မှာလဲ အလေးထပ်တိုးပြီး ၈ကြိမ်၊ ၇ကြိမ်အထိ ဆော့ပေးသင့်ပါတယ်။ ကစားနေစဉ်အတွင်းမှာလဲ ဘေးဘီကို အာရုံမလွင့်ပဲ အလေးတွေ ကြွက်သားတွေ အပေါ်မှာသာစိတ်ထည့်ထားသင့်ပါတယ်။ အလေးမရင်း တစ်ခုခု ချွတ်ချော်မသွားစေဖို့အတွက် ဖြစ်ပါတယ်။ Gymဆော့ရင်း ထိခိုက်မိသော video များလဲ youtube မှာမြင်ဖူးကြမှာပါ။ စိတ်မပျံ့လွင့်ဖို့ အရမ်းအရေးကြီးပါတယ်။
၄။ Gym ဆော့ရုံနဲ့ ခန္ဓာကိုယ် လှမလား?
No ပါ လို့ပဲပြောပါရစေ။ ကျွန်တော်လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ်ကြီးထွားဖို့အတွက် ၃၀% ပဲအကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ ၇၀% ကိုကောင်းကောင်းအိပ်ပြီး ကျန်းမာရေးနှင့်ညီညွတ်တဲ့ ပရိုတိန်းကြွယ်ဝတဲ့အစားအစာတွေကို စားသောက်ခြင်းမှ ရယူရမှာဖြစ်ပါတယ်။ တစ်နေ့ကိုအနည်းဆုံး ၈နာရီအိပ်ချိန်ရှိသင့်ပါတယ်။ အကျဉ်းချုံးပြောရရင် ကောင်းကောင်းအိပ် ကောင်းကောင်းစားပြီး တစ်နေ့ကို ၄၅ မိနစ် နဲ့ ၁နာရီကြား Gym ဆော့ဖို့လိုအပ်ပါတယ်။

No Tags

  

Sponsored Links

Leave a Reply

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Facebook Friends

Google Plus Friends