မကြာခင်ဈေးကွက်ထဲရောက်လာတော့မည့် လူရဲ့အရေပြားပေါ်က ဖုန်း

| Knowledge, Mobile Phones | April 16, 2016

လက်ကောက်ဝတ်အရေပြားကို မျက်နှာပြင်အဖြစ် ထိတွေ့အသုံးပြုလို့ရမယ့် လက်ကောက်ဝတ်ဖုန်းတစ်မျိုး ဈေးကွက်ထဲရောက်လာတော့ပါမယ်။ Cicret လို့ခေါ်တဲ့ ဒီလက်ကောက်ဟာ စမတ်ဖုန်းနဲ့ တက်ဘလက်တွေကို အစားထိုးဖို့ ရည်ရွယ်ထုတ်လုပ်ထားတာလို့ ဆိုပါတယ်။

လက်ကောက်ထဲမှာ အသေးစားပရောဂျက်တာကို ထည့်ထားတာ ဖြစ်ပြီး အရေပြားမျက်နှာပြင်ကို ထိတွေ့အသုံးပြုနိုင်ဖို့ ဆင်ဆာ ၈ ခုအသုံးပြုထားခြင်း ဖြစ်ပါတယ်။ ဘလူးတု၊ ဝိုင်ဖိုင်တို့အပြင် USB ပေါက်ပါ ပါဝင်တယ်လို့ ဆိုပါတယ်။ ဖုန်းခေါ်ဆိုခြင်း၊ အီမေးအသုံးပြုခြင်း၊ ဗီဒီယိုကြည့်ခြင်း စတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။

လက်ကောက်ကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး လာမယ့် ဇွန်လထဲမှာ ဈေးကွက်ထဲရောက်လာနိုင်ပါတယ်။ 16 GB နဲ့ 32 GB ဆိုပြီး နှစ်မျိုးဖြစ်ပါတယ်။ အရောင်ကိုတော့ ၁၀ မျိုးရွေးချယ်နိုင်ပြီး ရောင်းဈေး အမေရိကန်ဒေါ်လာ ၄၀၀ လောက်ကျမယ်လို့ဆိုပါတယ်။
technologyCicret-Bracelet-6

Source: www.cicret.com

Sponsored Links

Leave a Reply

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Facebook Friends

Google Plus Friends