ရထားနဲ့ခရီးသွားခြင်းရဲ့ ကောင်းကျိုးများ

| Travel | September 27, 2017

ကျွန်တော်တို့ခရီးတစ်ခုထွက်တော့မယ်ဆိုရင် ဘာနဲ့သွားမလဲဆိုတာကို အရင်ဆုံးစဉ်းစားကြရပါတယ်။ များ သောအားဖြင့် အဝေးပြေးကား (ဒါမှမဟုတ်) လေယာဉ်နဲ့ သွားကြတာများပါတယ်။ ရထားနဲ့သွား ဖို့ကိုတော့ လူတော်တော်များများ တွန့်ဆုတ်နေတတ်ကြပါတယ်။ ယခင်မီးရထားလမ်းစနစ်များကလဲ တော်တော်လေး နိမ့်ပါးခဲ့သောကြောင့် ခရီးသည်များအနေဖြင့် မီးရထားဖြင့်ခရီးဝေးသွားခြင်းကို လက်ရှောင်ကြခြင်းဖြစ်ပါ တယ်။ ယနေ့ခေတ်တွင် ဂျပန်နိုင်ငံမှပညာရှင်များနှင့် ပူးပေါင်း၍ မြန်မာ့မီးရထားလုပ်ငန်းကို အဆင့်မြှင့်တင် လျက်ရှိရာ အတော်ပင်ခရီးရောက်နေပြီဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ရထားနဲ့စိတ်အေးချမ်းသာစွာခရီးသွားလာ နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ရထားနဲ့ခရီးသွားခြင်းရဲ့ကောင်းကျိုးများကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) အကုန်အကျသက်သာခြင်း
ရထားဖြင့်ခရီးသွားခြင်းဟာ ကျွန်တော်တို့ကို ခရီးစရိတ်များစွာကုန်ကျခြင်းမှ ကင်းဝေးစေပါတယ်။ ရထားစီး ရင်း အခန့်မသင့်ရင် မိတ်ဆွေသစ်များပင်ရရှိနိုင်ပါသေးတယ်။
(၂) ရှုခင်းများကြည့်နိုင်ခြင်း
ရထားလမ်းတစ်ဖက်တစ်ချက်စီတွင်ရှိသော ရှုမျှော်ခင်းများကို ကြည့်ရှုခံစားရသောကြောင့် စိတ်အာရုံကို လန်းဆန်းတက်ကြစေပြီး ရထားစီးရတဲ့အတွေ့အကြုံသစ်ကို လက်တွေ့ခံစားရရှိနိုင်ပါတယ်။
(၃) အထုပ်အပိုးများပိုမိုသယ်ဆောင်နိုင်ခြင်း
ရထားတွင်ပေးရသော တန်ဆာခသည် လေယာဉ်နှင့်ကားများတွင်ပေးရသောတန်ဆာခထက် များစွာသက် သာသောကြောင့် မိမိသယ်ချင်သလောက်အထုပ်အပိုးများကို စိတ်ကြိုက်သယ်ဆောင်နိုင်မှာဖြစ်ပါတယ်။
(၄) သွားရလာရလွယ်ကူခြင်း
ရထားဘူတာများဟာ လေဆိပ်တွေလို ခရီးအဝေးကြီးတွင်တည်ရှိမနေပဲ လူနေပတ်ဝန်းကျင်နှင့် အနီးအနား တွင်ရှိသောကြောင့် သွားရေးလာရေးလွယ်ကူစေပြီး အခြားအပိုကုန်ကျစရိတ်များမှလဲ သက်သာစေမှာဖြစ်ပါ တယ်။
(၅) သက်တောင့်သက်သာရှိခြင်း
ရထား၏နောက်ထပ်အားသာချက်တစ်ခုမှာ အိပ်စင်ပါဝင်နေခြင်းပင်ဖြစ်ပါတယ်။ အချိန်ကြာကြာမထိုင်နိုင် သူများအတွက် အိပ်စင်ပေါ်တွင် သက်တောင့်သက်သာလဲလျောင်းရင်း လိုက်ပါနိုင်ပါတယ်။

No Tags

  

Sponsored Links

Leave a Reply

  • I know you

    by on November 24, 2017 - 0 Comments

    ဘယ်ဗေဒင်မှ မေးစရာမလိုဘူ။ ခင်ဗျားဘယ်လိုလူလဲဆိုတာ ကျုပ်တပ်အပ်ပြောပြမယ်။ အိုခေ ? ၁) ခင်ဗျားရဲ့ မွေးလကို ၂ နဲ့မြှောက် ၂) ရလဒ်ကို ၁၀ နဲ့ပေါင်း ၃) ရလဒ်ကိ...

  • ပြည်သူဆိုတာ ဂျင်းထဲ့ခံလူစားသက်သက်ပဲလား။

    by on February 6, 2018 - 0 Comments

    ရိုးသားတဲ့ ပြည်သူတွေဆီက ဖုန်းဘေလ်ပိုက်ဆံတွေကို မလိမ့်တစ်ပတ်လုပ်၊ ပေါ်ပေါ်တင်တင်ကြီးခိုးနေတဲ့ နိုင်ငံတော်တင်ဒါအောင်ထားတဲ့ Telecom သူခိုးကြီးတွေရေ။ ဒီပို့(စ်)ကို ...

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends