သွားတိုက်ဆေး၏အသုံးဝင်ပုံများ

| Knowledge | September 28, 2017

သွားတိုက်ဆေးကို သွားများကြံ့ခိုင်သန်မာဖို့နှင့် သွားများဖြူဖွေးဖို့အတွက်အသုံးပြုကြပါတယ်။ ဒါ့အပြင် သွားတိုက်ဆေးကို တခြားနည်းလမ်းများနဲ့လည်း အသုံးပြုလို့ရနိုင်ပါတယ်။ ထို့ကြောင့် သွားတိုက်ဆေးကို အလှအပနှင့် တခြားသန့်ရှင်းရေးလုပ်ငန်းများမှာ အသုံးပြုပုံနည်းလမ်းများကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) ခြစ်ရာ၊ စွန်းရာများဖယ်ရှားပေးနိုင်
Touch screen ဖုန်းများ၊ မော်တော်ကားများ မတော်တဆခြစ်မိရာမှ ဖြစ်ပေါ်လာသော ခြစ်ရာများ၊ အဝတ် အထည်ပေါ်က အစွန်းကွက်များကို သွားတိုက်ဆေး အုံပေးခြင်း (ဒါမှမဟုတ်) လိမ်းပေးခြင်းများပြုလုပ်ပြီး သွားတိုက်ဆေး ခြောက်သွားပါက အဝတ်ဆိုရင် လျှော်လိုက်ပါ။ ခြစ်ရာဆိုရင် အဝတ်စကို ရေစွတ်ပြီး ခြစ်ရာပေါ်က သွားတိုက်ဆေးများကို ဖယ်ရှားလိုက်ပါ။


(၂) DVD နဲ့ CD ခြစ်ရာစင်းရာများဖယ်ရှားနိုင်
DVD နဲ့ CD ပေါ်က ခြစ်ရာစင်းရာများကိုလဲ သွားတိုက်ဆေးအနည်းငယ် ပွတ်တိုက်ပေးခြင်းဖြင့် ဖယ်ရှားနိုင် မှာဖြစ်ပါတယ်။
(၃) မျက်နှာပေါ်မှ ဝက်ခြံများဖယ်ရှားနိုင်
ဝက်ခြံထွက်လာလျှင်မညှစ်ဘဲ ညအိပ်ခါနီး သွားတိုက်ဆေးအုံ၍အိပ်ပေးပါ။ မနက်အိပ်ယာနိုးရင် ဝက်ခြံပိန် ပြီးခြောက်သွားမှာ ဖြစ်ပါတယ်။
(၄) လက်သန့်ရှင်းရေးတွင် အသုံးပြုနိုင်
ညစ်ပတ်နေသောလက်များအား သွားတိုက်ဆေးလိမ်း၍ရေဆေးပေးခြင်းဖြင့် လက်များသန့်ရှင်းသွားပါလိမ့် မယ်။ ဝါနေသော လက်သည်း၊ ခြေသည်းများအား သွားတိုက်ဆေးဖြင့်ပွတ်ပေးခြင်းဖြင့် ဖြူဖွေးလှပသော လက်သည်း၊ ခြေသည်းများအား ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
(၅) ဖိနပ်တိုက်ရာတွင် အသုံးပြုနိုင်
ဖိနပ်အဖြူများတွင် ညစ်ပေသောအရာများစွန်းထင်းသွားပါက သွားတိုက်ဆေးကိုရေရော၍ အဆိုပါနေရာ ပေါ်တွင်သုတ်လိမ်းပေးပါ။ ထို့နောက် ဖိနပ်အား နေပူထဲတွင် သွားတိုက်ဆေးများခြောက်သွားတဲ့အထိ ထား ပေးပါ။ ခြောက်သွားသောသွားတိုက်ဆေးများကို ခါချကြည့်ပါ။ ဖိနပ်မှာ အသစ်အတိုင်းဖြူဝင်းနေမှာဖြစ်ပါ တယ်။
(၆) ငွေထည်ပစ္စည်းများ
အရောင်မှိန်နေသော ငွေထည်ပစ္စည်းများအား သွားတိုက်ဆေးပွတ်တိုက်ပေးခြင်းအားဖြင့့် ပြန်လည်၍ အရောင်တောက်လာစေပါသည်။
(၇) ပိုစတာများကပ်ခြင်း
နံရံတွင်ပိုစတာများကပ်ရာ၌ သွားတိုက်ဆေးအား တိပ်အစားအသုံးပြုနိုင်ပါတယ်။ ထို့အပြင် ပြန်ခွာသော အခါတွင်လည်း နံရံအားမပျက်စီးစေဘဲ အလွယ်တကူ ပြန်လည်၍ခွာယူနိုင်ပါတယ်။
(၈) ခြင်ကိုက်ခံရပါက အသုံးပြုခြင်း
ခြင်ကိုက်ခံရပါက အရေပြားယားယံသွားသောကြောင့် လူတိုင်းနီးပါး ခြင်ကိုက်ခံရသောနေရာကိုကုပ်မှာပါ။ ထိုသို့နည်းနည်းလောက်ကုပ်ပေးပြီးလျှင် သွားတိုက်ဆေးပွတ်လိမ်းပေးလိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

No Tags

  

Sponsored Links

Leave a Reply

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Facebook Friends

Google Plus Friends