Welcome, visitor! [ Register | LoginRSS Feed  | 

Comments Off on အဆင့်မြင့် Marketer တွေရဲ့လက်စွဲ SEO-Search Engine Optimization

အဆင့်မြင့် Marketer တွေရဲ့လက်စွဲ SEO-Search Engine Optimization

| News | January 28, 2014

SEO Myanmar

SEO လို့ပြောရင် ကျနော်တို့မြန်မာနိုင်ငံအတွက်စီးပွားရေးလုပ်ငန်းရှင်အချို့တွေအတွက်တော့ နဲနဲစိမ်းနေပါဦးမယ်။ အကြောင်းမှာ SEO လို့ခေါ်တဲ့ Search Engine Optimization ဟာ အင်တာနက်တိုးတက်သုံးစွဲသူဦးရေနဲ့ တိုက်ရိုက်အချိုးညီလို့ပါပဲ။ မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူဦးရေနည်းသေးတော့ အချို့ သောလုပ်ငန်းရှင်များက ဒီနေရာမှာရင်းနှီးမြုပ်နှံဖို့ စောနေသေးတယ်လို့ယူဆကြပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းအနေအထားရဲ့ Performance အရ စောတယ်၊နောက်ကျတယ်လို့ အကြောင်းအမျိုးမျိုးတွေရှိကြပေမဲ့၊ Internet Marketing ရဲ့ Universal Truth မှာစောတယ်ဆိုတာ မရှိခဲ့ပါဘူး။ နောက်ကျ ကျန်ခဲ့ခြင်းတွေသာရှိရိုးထုံးစံပါ။

SEO ဆိုတာ ကိုယ့်ရဲ့ Business Website ကိုလူသိများအောင်လုပ်တဲ့ Internet Marketing Strategy တစ်ခုပါ။ သူ့ရဲ့အားသာချက်ကတော့ အချိန်ကာလသတ်မှတ်ချက်တစ်ခုအတွင်းမှာ ကိုယ့်ရဲ့ Website ကို Search Engine Result Page (SERP) ရဲ့ပထမဆုံးစာမျက်နှာမှာ သဘာဝအလျောက်ရပ်တည်အောင်လုပ်နိုင်လို့ပါပဲ။

Internet Marketing Strategy အမျိုးမျိုးရှိတဲ့ထဲမှာတော့ ကုန်ကျစရိတ်အသက်သာဆုံးနဲ့ ရေရှည်စီးပွားရေးအတွက် အခြေခံအကျဆုံး မဟာဗျူဟာလို့ဆိုနိုင်ပါတယ်။

ဘယ်လိုအကျိုးဖြစ်ထွန်းလဲ၊ ဘာတွေလိုအပ်လဲမေးရင် သင့်မှာ Website တစ်ခုနဲ့ Long Term အတွက်အသုံးပြုမဲ့ Marketing Budget ပဲလိုအပ်ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံ အင်တာနက်အသုံးပြုသူဦးရေရဲ့ ၉၅% ကျော်ဟာ ဘာပဲလိုလို Google.com.mm ဆိုတဲ့ Search Engine ကိုအသုံးပြုပြီးရှာပါတယ်။ ဥပမာ သင်ဟာ Sofa Settee တွေကို ရန်ကုန်မြို့မှာ အရောင်းပြခန်းတစ်ခုဖွင့်ရောင်းပြီး ဒီလုပ်ငန်းအတွက်လဲ Website တစ်ခုရှိတယ်၊ SEO Marketing Campaign လဲလုပ်ထားတယ်ဆိုကြပါစို့။ Sofa ဝယ်ချင်သူတစ်ဦးဟာ သူ့ရဲ့ ကွန်ပျူတာ (သို့) မိုဘိုင်းဖုန်းကိုသုံးပြီး “where to buy sofa in Yangon” ဒါမှမဟုတ် “best sofa Yangon”၊ မြန်မာဘာသာကိုသုံးပြီးလဲ “ရန်ကုန် ဆိုဖာဆိုင်” ၊ “ဆိုဖာဆက်တီဆိုင်” ရယ်လို့ရိုက်ထည့်ပြီး ရှာပါမယ်။ ဒီအခါမှာ သင့်ရဲ့ SEO Marketing ရဲ့အစွမ်းက သဘာဝအလျောက် သင့်ရဲ့ဝက်(ဘ်)ဆိုက်ကို Google ရဲ့ရှာဖွေမှုရလာဒ်ပထမဆုံးစာမျက်နှာဆီသို့တွန်းပို့ပေးတာဖြစ်ပါတယ်။ ဒါကြောင့် သင်အပါအဝင် ၁၀ခုပဲရှိတဲ့ ရှာဖွေမှုရလာဒ်ပထမဆုံးစာမျက်နှာမှာ သင့်ရဲ့ဝက်(ဘ်)ဆိုဒ်ကိုလူဝင်ကြည့်ဖို့ အခွင့်အလမ်း အများဆုံးဖြစ်ပါတယ်။

စာရင်းစစ်တမ်းအရ  ၈၀% အထက်အင်တာနက်သုံးသူတွေဟာ Google ရဲ့ရှာဖွေမှုရလာဒ်ပထမဆုံးစာမျက်နှာမှာပေါ်တဲ့ ဝက်(ဘ်)ဆိုက်တွေကိုပဲ Click နှိပ်ပါတယ်။ စာမျက်နှာနံပါတ် ၅ နောက်ပိုင်းကိုတော့ ဘယ်သူကမှ သွားမကြည့်တော့ပါဘူး။ ဒါကြောင့်သင့်ရဲ့ဝက်(ဘ်)ဆိုဒ်က စာမျက်နှာနံပါတ် ၅ နောက်ပိုင်းမှာဆိုရင်၊ တစ်နည်းအားဖြင့် Top 50, နံပါတ် ၅၀ အတွင်းမှာ မချိတ်ခဲ့ဘူးဆိုရင် သင့်ရဲ့ စီးပွားရေးလုပ်ငန်းအတွက် ကြီးမားသောဆုံးရှုံးမှုတစ်ရပ်ဖြစ်ပါတယ်။

ကမ္ဘာ့အင်တာနက်ထိန်းချုပ်ရေးကော်မတီ ICANN ရဲ့Fan Facts ထုတ်ပြန်ချက်အရ ကမ္ဘာကြီးမှာ ၁မိနစ်တိုင်းကို ဝက်(ဘ်)ဆိုက်ပေါင်း ၇၅၂ ခုထွက်ပေါ်နေတယ်လို့ဆိုပါတယ်။ မြေကြီးလက်ခက်မလွဲ အင်တာနက်ထွန်းကားလာမှာဖြစ်တဲ့ မြန်မာနိုင်ငံမှာ ကိုယ့်ရဲ့လုပ်ငန်းက အင်တာနက်နဲ့ပတ်သတ်သည်ဖြစ်စေ၊ မပတ်သတ်သည်ဖြစ်စေ SEO Marketing နဲ့ လက်ဦးမှုရယူထားသင့်ပါတယ်။ အကြောင်းမှာ အောင်မြင်တဲ့ SEO Marketing Campaign တစ်ခုဖြစ်ဖို့ နှစ်နဲ့ချီပြီးအချိန်ယူတည်ဆောက်ရလို့ပါပဲ။ တိုးတက်ပြီးသားနိုင်ငံတွေမှာတော့ ဖိနပ်ချုပ်တဲ့လူကအစ Website တစ်ခုလွှင့်တင်ပြီး SEO Campaign နဲ့ကိုယ့်ရဲ့ဝက်(ဘ်)ဆိုက် ပထမစာမျက်နှာရောက်ဖို့ အလုအယက်ပြိုင်ဆိုင်ကြပါတယ်။ အင်တာနက်ဟာ ၂၄နာရီလုံးမအိပ်စက်ပါဘူး၊ ကိုယ့်ရဲ့သတင်းအချက်အလက်ကို နိုင်ငံအဝှမ်းသာမက၊ တစ်ကမ္ဘာလုံးအထိကို စက္ကန့်ပိုင်းအတွင်းဖြန့်ဝေနိုင်တယ်ဆိုတာ သိထားကြလို့ပါ။

မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုးအဆင့်မြင့်နည်းပညာ ဝန်ဆောင်မှုတွေပေးတဲ့ ကုမ္မဏီတွေစတင် ပေါ်ထွန်းလာနေပါပြီ။ အဲဒီထဲကမှ စာရေးသူသိတဲ့ Professional Service Provider ကို ဒီလင့်(ခ်)ကနေဝင်ကြည့်လေ့လာဖို့ မိတ်ဆက်ပေးလိုက်ရပါတယ်။

စီးပွားရေးဒီရေအလားတိုးတက်ကြပါစေ..။

-Admin

Share Button

Sponsored Links

  • Syria crisis

    by on August 27, 2013 - 0 Comments

    UN inspectors' convoy hit by sniper fire အမည်မသိ လက်နက်ကိုင်များက ဆီးရီးယား မြို့ တော်အတွင်း ကုလယာဉ်တန်းကိုစနိုက်ပါများဖြင့် တိုက်ခိုက်ခဲ့တယ်လို့  UN ကဆိုပ...

  • Tiny Handset

    by on August 20, 2013 - 0 Comments

    အသေးငယ်ဆုံး တယ်လီဖုန်း (Tiny Handset) ယခု တစ်လော Fan page တွေမှာ အသေးငယ်ဆုံးသော Mobile ဖုန်းလေး ကို Fan item တစ်ခု နေနဲ့  တွင်တွင် ကျယ်ကျယ် ဖော်ပြ ကြော်ငြာတာ...

  • Drug to Death Penalty

    by on August 30, 2013 - 0 Comments

    အသက် ၆၄ နှစ်အရွယ် စင်္ကာပူနိုင်ငံသား မူးယစ်ဆေးမှောင်ခိုကူးမှု သေဒဏ်ကျခံဖွယ်ရာရှိ အသက် ၆၄ နှစ်အရွယ် စင်္ကာပူနိုင်ငံသား လူမှုဝန်ထမ်းဟောင်း အဒူ ဝါဟတ် မိုဟာမက်ဟာ အင်ဒ...

  • ဘိုထိုင်အိမ်သာ ဘာ့ကြောင့်သုံးသင့်လဲ……?

    by on May 20, 2014 - 0 Comments

    ဘိုထိုင်အိမ်သာ ဘာ့ကြောင့်သုံးသင့်လဲ……? မြန်မာနိုင်ငံမှာ မြန်မာအခေါ် ဗမာထိုင်၊ ဆောင့်ကြောင့် (Squat Toilt) တွေအသုံးများပါတယ်။ ကုန်ကျစရိတ်က ဘိုထိုင် (Sit Toi...

  • ထူးဆန်းတဲ့ အကျီ

    by on April 3, 2014 - 0 Comments

    အောက်မှာဖော်ပြထားတဲ့ အင်္ကျီလေးတွေကို စကျင်ကျောက် (Carrera Marble) နဲ့ ထွင်းထုထားတာပါတဲ့…။ ထုဆစ်ခဲ့တဲ့ပညာရှင်ကတော့ Edinburgh မြို့ စကော့တလန်လူမျိုး Alasda...