Welcome, visitor! [ Register | LoginRSS Feed  | 

Comments Off on သေကံမရောက် သက်မပျောက်

သေကံမရောက် သက်မပျောက်

| Blog Post, News | November 28, 2014

online myanmarကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလို၊ သေနေ့မစေ့သေးရင် ပါလာတဲ့ ကံကြွေးကိုတော့ ဆပ်ရတာပါပဲ။ ခွေးကိုက်ခံရမယ့်သူဟာ သျှောင်ထုံးလေးနဲ့ဆိုသလို ကံအကြောင်းပါလာရင် ရှောင်လွှဲလို့မရတဲ့ ဖြစ်တောင့်ဖြစ်ခဲကိစ္စတစ်ခုပါပဲ။

တရုတ်ပြည် ကွန်ရှမ်းပြည်နယ်မှာ လတ်တလော ဖြစ်သွားတဲ့ဖြစ်ရပ်ပါ။ လူတစ်ယောက် ကားလမ်းဖြတ်ကူးရင်း ကားတိုက်ခံရတာဖြစ်ပါတယ်။ အဖြစ်က ဘယ်လောက်ဆိုးလဲဆိုရင် ကားတစ်စီးတည်းက တိုက်တာမဟုတ်ဘဲ ကားသုံးစီးနဲ့သုံးကြိမ်သုံးခါ တိုက်တာခံရခြင်းပါ။ ခြေထောက်က သုံးမရအောင်ကြေမွသွားပြီး၊ နံရိုးပေါင်းများစွာကျိုးသွားပေမဲ့ ကံကောင်းစွာ အသက်သေမသေခဲ့ပါဘူး။ CCTV တွေက မှတ်တမ်းရရှိခဲ့တဲ့ ဗွီဒီယိုမှာကြည့်ပါ။

သူမတ်တပ်ရပ်နေတုန်း ပထမကားက နောက်ကနေဖြတ်တိုက်တယ်။ လဲကျသွားတုန်း အရှိန်နဲ့လာတဲ့ နောက်တစ်စီးက ဖြတ်ကြိတ်သွားတယ်။ သူ့ ကိုလူနှစ်ယောက်က လမ်းလည်ခေါင်ဝင်ကူညီနေချိန်မှာ နောက်ထပ်အရှိန်နဲ့ ဝင်လာတဲ့ လာတဲ့ကားတစ်စီးကို ဒီလူတွေကတားလို့ရပ်သွားပေမဲ့၊ အဲဒီကားနောက်က နောက်ထပ်တစ်စီးက အရှိန်မထိမ်းနိုင်ဘဲ ကားဖင်ကိုဝင်ဆောင့်တယ်။ ရှေ့ကားက အရှိန်နဲ့လိမ့်ပြီး သူ့ ကိုတတိယအကြိမ်မြောက် ထပ်တိုက်ပြန်တယ်။

တိုက်ဆိုင်မှုပဲလား၊ အဖြစ်ကိုက ဆိုးလွန်းတာလားမသိ။ အဖြစ်အပျက်က သတိချပ်စရာ၊ သင်ခန်းစာယူစရာ၊ သံဝေဂယူစရာဖြစ်လို့မျှဝေခြင်းဖြစ်ပါတယ်။ ၇ ရက်သားသမီး ဘေးရန်ကင်းရှင်းကြပါစေ။

– KZM

Share Button

Sponsored Links