ငိုကြွေးခြင်း(မျက်ရည်ကျခြင်း)ဆိုင်ရာ သိကောင်းစရာများ

| Health, Knowledge | September 14, 2017

 

မျက်ရည်ကျတာဟာ သဘာဝတရားပါပဲ။ ဝမ်းနည်းစရာကြုံလို့ပဲဖြစ်စေ၊ ဝမ်းသာစရာကိစ္စရှိလို့ပဲဖြစ်စေ မျက်ရည်ကျတတ်ကြပါတယ်။ ဒါပေမယ့် တချို့ကမျက်ရည်ကျမှာကို ကြိတ်မှိတ်သည်းခံတတ်လေ့ရှိကြပါတယ်။ ရင်ထဲမှာ ခံစားနေရတာကိုဖုံးကွယ်ပြီး အဆင်ပြေချင်ယောင်ဆောင်တတ်ကြပါတယ်။ တကယ်တော့ မျက်ရည်ကျတာဟာ စိတ်ပျော့ညံ့လို့မဟုတ်ပါဘူး။ မျက်ရည်ကျတတ်တဲ့သူတွေဟာ ပိုလို့တောင်သန်မာကြပါသေးတယ်။ ဒါကြောင့်မျက်ရည်ကျသူတွေ ဘာလို့သန်မာကြလဲဆိုတာ မျှဝေပေးလိုက်ရပါတယ်။

မျက်ရည်ကျတာဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပြီး ဘတ်တီးရီးယားများကိုလဲ သေစေနိုင်ပါတယ်။ ဒါ့ကြောင့်မျက်ရည်ကျတာဟာ ကျန်းမာရေးအတွက် ကောင်းပါတယ်။  သင်နာကျင်ခံစားနေရတဲ့အခြေအနေကို လျစ်လျူရှုထားတာဟာ သင့်ရဲ့နာကျင်မှုကို ဖြေလျော့နိုင်မှာမဟုတ်ပါဘူး။ ထိုအခြေအနေမျိုးတွင် မျက်ရည်ကျလိုက်မှသာ ခံစားနေရတဲ့နာကျင်မှုကို သက်သာနိုင်ပြီး ရှေ့ဆက်ရန်ခွန်အားသစ်များလဲ ဖြစ်လာစေမှာပါ။

ငိုလိုက်တဲ့အခါ မျက်ရည်ကျလိုက်တဲ့အခါ သင့်စိတ်ထဲတွင် လွတ်လပ်ပေါ့ပါးသွားပြီး စိတ်ဖိစီးမှုကိုပြေပျောက်စေပါတယ်။ သင်အမြဲတမ်းထမ်းပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုကို လွှတ်ချလိုက်ရသလို ပေါ့ပါးလန်းဆန်း သွားစေပါတယ်။ငိုလိုက်လို့ စိတ်ပျော့လိုက်တာလို့ တခြားသူတွေအမြင်မှာ တွေးထင်နိုင်ပါတယ်။ သင့်ရဲ့စိတ်ခံစားမှုအခြေ အနေကို ရဲရဲရင့်ရင့်ပြသခြင်းသာဖြစ်ပါတယ်။ တစ်ခုခုကိုဆုံးရှုံးလိုက်ရတဲ့အခါ စိတ်ကိုတင်းမထားဘဲ ငိုချလိုက်ခြင်းအားဖြင့် သင့်ရဲ့ဝမ်းနည်းပူဆွေးမှုတွေ ကို သက်သာစေနိုင်ပါတယ်။ ငိုလိုက်တဲ့အခါ သင့်ရဲ့ မ ကောင်းတဲ့ စိတ်ခံစားချက်တွေကို ရှင်းထုတ်ပေးပြီး မကောင်းတဲ့အားအင်တွေကိုလဲ ဖယ်ရှားပေးပါတယ်။ ထိုးမယ့်ဆင် နောက်တစ်လှမ်းဆုတ်လိုက်တယ်လို့ သဘောထား၍ အားအင်သစ်များမွေးမြူလိုက်ပါ။

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends