ကြောက်မက်ဖွယ်ရာ Ebola ကူးစက်ရောဂါ

| Knowledge | October 20, 2014

myanmar onlineကမ္ဘာတစ်ဝန်းရှိလူသားများသည် သမိုင်းတစ်လျှောက်လုံးတွင် Cholera ဝမ်းပျက်ရောဂါ၊ ပလိပ် ရောဂါနှင့် ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ HIV/AIDS ရောဂါ၊ Asian fiu၊ Hong Kong flu၊ SARS ရောဂါ၊ H1N1 ရောဂါ အစရှိသည့် ကူးစက်ရောဂါများကိုခံစားရပြီး သေဆုံးလျက်ရှိကြပါသည်။ ထိုကဲ့ သို့ လူသားများကိုအသက်ကိုအန္တရာယ်ပြုနိုင်သည့်ကြောက်မက်ဖွယ်ရာကူးစက်ရောဂါများတွင် ယခုလတ်တလော အနောက်အာဖရိကနိုင်ငံများဖြစ်သည့် Guinea၊ Liberia၊ Nigeria၊ Senegal၊ Sierra Leone အစရှိသည့် နိုင်ငံများတွင်ကူးစက်ပြန့်ပွားလျက်ရှိသည့် Ebola ကူးစက်ရောဂါ သည်လည်း တစ်ခု အပါအဝင် ဖြစ်ပါသည်။

ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏အောက်တိုဘာလ ၁၅ ရက်နေ့ သတင်း ထုတ်ပြန်ချက်အရ Ebola ရောဂါဖြစ်ပွားသူလူဦးရေမှာ ၈၉၉၇ ဦးရှိပြီး လက်ရှိရောဂါကူးစက်သေဆုံး သူဦးရေမှာ ၄၅ဝဝ ကျော်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါသေဆုံးသူများထဲတွင် ကျန်းမာရေး ဝန်ထမ်း ၂၁၆ ဦးပါဝင်ကြောင်းသိရှိခဲ့ရပါသည်။

၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်အထိ Ebola ရောဂါကူးစက်ပြန့်ပွားမှုတွင် အာဖရိက အပြင်ဖက်၌ ရောဂါကူးစက်ခံရသူပေါင်း(၁၇) ဦးရှိပြီး ၄ ဦးမှာသေဆုံးသွားခဲ့ပြီးဖြစ်ပါသည်။ အောက်တို ဘာလ အစောပိုင်းတွင် အသက် ၄၄ နှစ်အရွယ် စပိန်သူနာပြု Teresa Romero သည် လိုက်ဘေးရီး ယားနိုင်ငံက ပြန်လာသည့် ဓမ္မဆရာတစ်ဦးကိုပြုစုပေးရင်း ရောဂါကူးစက်ခံခဲ့ရပါသည်။ ၎င်းမှာ အာဖရိ က အပြင်ဖက်တွင် ပထမဆုံးကူးစက်ခဲ့သည့်ရောဂါကူးစက်မှုဖြစ်ပါသည်။ အဆိုပါသူနာပြုမှာ လူနာကိုင်ထားပြီးသည့်လက်အိတ်ကိုချွတ်ပြီး ထိမိခဲ့ခြင်းကြောင့် ရောဂါကူးစက်ခံခဲ့ရကြောင်း သိရှိခဲ့ရ ပါသည်။

၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်တွင် လိုက်ဘေးရီးယားနိုင်ငံမှ အမေရိကန်ပြည်ထောင် စု၊ တက္ကဆက်ပြည်နယ်သို့လေကြောင်းဖြင့်ရောက်ရှိလာသူ Eric Duncan သည် ရောဂါလက္ခဏာများ ပြလာသောကြောင့် ဆေးကုသမှုခံယူခဲ့ပြီး စက်တင်ဘာလ ၃ဝ ရက်တွင် ကျန်းမာရေးတာဝန်ရှိသူများ က Ebola ရောဂါကူးစက်ခံရကြောင်း အတည်ပြုခဲ့ကြပါသည်။ classified၎င်းမှာ အမေရိကန်ပြည်ထောင်စုတွင် ပထမဦးဆုံးရောဂါကူးစက်ခံရမှုဖြစ်ပါသည်။ အောက်တိုဘာလ ၁၂ ရက်နေ့တွင် Duncan ကိုပြုစုပေး ခဲ့သူ သူနာပြုတစ်ဦးသည်လည်း ရောဂါကူးစက်ခံခဲ့ရကြောင်းနှင့် အောက်တိုဘာလ ၁၅ ရက်နေ့ တွင် အခြားကျန်းမာရေးဝန်ထမ်းတစ်ဦးသည်လည်း ရောဂါကူးစက်ခံခဲ့ရကြောင်း အတည်ပြုခဲ့ကြပါသည်။

ဖြစ်ပွားပုံ

လူသားများတွင်ဖြစ်ပွားသော Ebola ရောဂါသည် Filoviridae family ၏ Ebolavirus မျိုးစုဝင် ဗိုင်းရပ်စ် အမျိုးအစား (၅) မျိုးထဲမှ Bundibugyo virus (BDBV), Sudan virus (SUDV), Tai Forest virus (TAFV) နှင့် (ယခင် Zaire Ebola virus) Ebola virus ဟူသော ဗိုင်းရပ်စ် ၄ မျိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး Ebola virus သည် Zarie ebolavirus မျိုးစိတ်တွင်ပါဝင်သည့် တစ်ခုတည်းသော ဗိုင်းရပ်စ်တစ်မျိုးဖြစ်ကာ Ebola ကူးစက်ရောဂါကို ဖြစ်ပွားစေနိုင်သော အန္တရာယ်အကြီးမားဆုံးဗိုင်းရပ်စ် ဖြစ်သည့်အပြင် ရောဂါပြန့်ပွားမှုနှုန်း များပြားစေသော ဗိုင်းရပ်စ်လည်းဖြစ်ပါသည်။ နောက်ဆုံးဗိုင်းရပ်စ် အမျိုးအစားဖြစ်သော Reston virus (RESTV) သည် လူသားများတွင် Ebola ရောဂါကိုဖြစ်ပွား စေသည့် ဗိုင်းရပ်စ်မဟုတ်ဘဲ လူဝံ၊ မျောက်ဝံတို့ကဲ့သို့သော ပရိုင်းမိတ်များတွင် Ebola ရောဂါဖြစ်ပွား စေသည့် ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါသည်။

ကူးစက်ပုံ

လူသားများအချင်းချင်းကြားတွင် Ebola ရောဂါကူးစက်မှုသည် Ebola ရောဂါလက္ခဏာပြသူ၏ သွေး သို့မဟုတ် ကိုယ်ခန္ဓာမှထွက်သောအရည်တို့နှင့်တိုက်ရိုက်ထိတွေ့ခြင်းဖြင့်သာ ဖြစ်ပွားနိုင်ပါသည်။ ရောဂါကူးစက်ခံရ၍ သေဆုံးသွားသောလူသေအလောင်းနှင့် ဗိုင်းရပ်စ်ပိုးပါဝင်နေသော အပ်နှင့် ဆေးထိုးပြွန်တို့နှင့် ထိတွေ့မိလျှင်လည်း ကူးစက်ခံရနိုင်ပြီး Ebola ဗိုင်းရပ်စ်ပိုးကူးစက်စေနိုင်သည့် ကိုယ်ခန္ဓာမှထွက်သောအရည်များတွင် တံတွေး၊ သလိပ်၊ အန်ဖတ်၊ ချွေး၊ မျက်ရည်၊ နို့၊ ဆီး၊ ဝမ်း နှင့် သုက်ရည်တို့ပါဝင်ပါသည်။ ထိုအရည်များသည် မျက်လုံး၊ နှာခေါင်း၊ ပါးစပ် သို့မဟုတ် ပေါက်ပြဲ နေသော ဒဏ်ရာများမှတစ်ဆင့်ဝင်ရောက်ကာ Ebola ရောဂါကူးစက်ခံရနိုင်ပါသည်။ အခြားတိရိစ္ဆာန် များမှတစ်ဆင့် လူသားများသို့ရောဂါကူးစက်ခြင်းမှာ ကိုယ်ခန္ဓာမှထွက်သောအရည်များနှင့်ထိတွေ့မိ ခြင်းဖြင့်လည်းကောင်း၊ ရောဂါဖြစ်ပွားနေသော fruit bat သို့မဟုတ် ape တို့ကဲ့သို့ တိရိစ္ဆာန်များကို စားမိခြင်းဖြင့်လည်းကောင်း ဖြစ်ပွားနိုင်ပါသည်။

ရောဂါလက္ခဏာများ

Ebola ရောဂါကူးစက်ခံရသူများ၏ရောဂါလက္ခဏာများမှာ ဖျားနာခြင်း၊ အားနည်းခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်းနှင့်လည်ချောင်းနာခြင်းတို့ဖြစ်ပြီး ထိုထက်အခြေအနေဆိုးလာ လျှင် အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ကျောက်ကပ်နှင့်အသည်းကောင်းမွန်စွာအလုပ်မလုပ်ခြင်း၊ နောက်ဆုံး တွင် ခန္ဓာကိုယ်အတွင်းအပြင် သွေးယိုစီးခြင်းတို့ကိုဖြစ်စေနိုင်ကာ သေဆုံးသည်အထိဖြစ်ပွားနိုင်ပါ သည်။ ဓာတ်ခွဲခန်းများ၏စစ်ဆေးတွေ့ရှိချက်များအရ သွေးဖြူဥဆဲလ်များနှင့်သွေးကလာပ်စည်းများ လျော့နည်းခြင်း နှင့် အသည်းအင်ဇိုင်းများလျော့ကျခြင်းတို့ကိုလည်း ဖြစ်စေနိုင်ကြောင်း သိရှိရပါသည်။ ရောဂါပျိုးရက်မှာ ၅ ရက်မှ ရက် ၂ဝ အထိကြာမြင့်တတ်ပြီး ရောဂါဖြစ်ပွားပြီး တစ်ပတ်မှ ၁ဝ ရက် အတွင်းတွင် သွေးထွက်လွန်သေဆုံးတတ်သည့်ရောဂါဖြစ်ပါသည်။
Ebola ရောဂါမှာ ကုရာနတ္တိဆေးမရှိသောရောဂါဖြစ်ပြီး ယခင်က ဗိုင်းရပ်စ်ရောဂါများတွင် အသုံးပြု သည့်ဆေးများကို သုံးစွဲလျက်ရှိသည်ဟုသိရှိရပါသည်။ ရုရှားနိုင်ငံကလည်း ကာကွယ်ဆေးကိုစမ်းသပ် လျက်ရှိကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် ရောဂါမဖြစ်အောင်ကာကွယ်ခြင်းသည်သာ အကောင်း ဆုံးနည်းလမ်းဖြစ်သောကြောင့် ရောဂါကူးစက်မခံရအောင် လိုက်နာသင့်သည့်စည်းမျဉ်းများကို လိုက်နာကာ နေထိုင်ကြရမည်ဖြစ်ပါသည်။ Ebola ရောဂါက ကြောက်မက်ဖွယ်ရောဂါဖြစ်သောကြောင့် အားလုံး သတိနှင့်နေထိုင်ကြဖို့ တိုက်တွန်းလိုက်ရပါသည်။

– Nu Htet Htet Lwin

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends