အသင့်စားအစားအစာတွေရဲ့ကောင်းကျိူးနဲ့ဆိုးကျိုးများ

| Food, Knowledge | January 26, 2019

ယနေ့ခေတ်မှာ အသင့်စားအစားအစာတွေပေါများလာပြီး စားသုံးသူတွေအနေနှင့်လည်း အချိန်ကုန်သက်သာစေပြီးဝယ်ရတာလွယ်ကူတာကြောင့် အသင့်စားအစားအစာတွေကို နှစ်ခြိုက်စွာစားသုံးနေကျပါပြီ။များသောအားဖြင့် အသင့်စားအစားစာတွေမှာ အဆီ၊ဆား နဲ့ သကြားဓာတ်တွေများစွာပါဝင်ပြီး ကယ်လိုရီပမာဏလဲမြင့်မားစွာပါဝင်ပါတယ်။

အသင့်စားအစားအစာတွေဟာ ပုံမှန်အိမ်မှာ ဒါမှမဟုတ် စားသောက်ဆိုင်မှာ ချက်ပြုတ်ထားတဲ့အစားအစာတွေထက် ဆား၊သကြားနှင့် အဆီပမာဏပိုမိုပါဝင်ပြီး တာရှည်ခံစေရန်လူတွေပြုလုပ်ဖန်တီးထားတဲ့တခြားမလိုအပ်တဲ့ Chemical တွေပါဝင်တဲ့အပြင် တစ်ခါတစ်ရံ ဘက်တီရီးယားတွေကိုပေါက်ဖွားစေနိုင်ပြီး ကျန်းမာရေးကိုထိခိုက်စေပါတယ်။ အစားအစာတွေကိုကြော်လိုက်လျင် သူ့မှာပါဝင်တဲ့လိုအပ်တဲ့အာဟာရဓာတ်တွေကိုဆုံးရှုံးစေပြီး အသင့်စားအစားစားတွေမှာ ကြော်ထားတဲ့အစားအစာတွေပိုမိုများပြားပြီး အသီးအရွက်နဲ့အသီးအနှံစတာတွေကိုတော့ အနည်းငယ်ပဲပါဝင်တာမြင်တွေ့ရပါတယ်။

ဘယ်လိုပင် အသင့်စားအစာတွေဟာ ကျန်းမာရေးနဲ့မသင့်တော်သော်လည်း မည်သို့ပင်ဆိုစေကာမူ ယနေ့ခေတ်ကမ္ဘာတစ်ဝှမ်းမှာ အသင့်စားအစားတွေကို ဆိုင်ကြီးတွေမှာ ရောင်းချပြီး လွယ်ကူမြန်ဆန်ပြီးအရသာရှိတဲ့အတွက်လူတွေဟာလဲ နှစ်ခြိုက်စွာစားသုံးနေကျပါတယ်။ အချိန်မပေးနိုင်တဲ့သူတွေအတွက်ကြာရှည်စွာအထားခံတဲ့အပြင် ရွေးချယ်စရာတွေလဲပေါများပြီး အလွယ်တကူစားလို့ရပါတယ်။ဈေးဆိုင်တွေ စူပါမားကတ်တွေမှာအလွယ်တကူဝယ်ယူလို့ရသလို ချက်ပြုတ်ရမဲ့အချိန်လဲပေးစရာမလိုတဲ့အားသာချက်တွေကြောင့် စားသုံးနေကျဆဲပါပဲ။

Ref-apessay

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends