ပတ္တမြားအကြောင်းတစ်စေ့တစ်စောင်း

| Knowledge | July 6, 2018

ပတ္တမြားအကြောင်းတစ်စေ့တစ်စောင်း

ပတ္တမြားဆိုတာနဲ့ ပတ္တမြားမြေမိုးကုတ်ကိုပြေးမြင်ကျမှာပါ။ ဒီတစ်ခေါက်ဖော်ပြပေးမှာကတော့…..
ကမ္ဘာ့အကောင်းဆုံး ပတ္တမြားကို မိုးကုတ်မြို့ကနေထွက်ရှိပြီး တန်ဖိုးအားဖြင့်လဲမြင့်မားပါတယ်။ ပတ္တမြားဘုန်းတောက်လို့ဆိုသည့်အတိုင်း ဝတ်ဆင်တဲ့သူအပေါ် ဘုန်းတန်ခိုးကြီးမားစေပြီး တောက်ပတဲ့အနီရောင်အဆင်းရှိတဲ့ ပတ္တမြားဟာ အလွန်လဲလှပပါတယ်။ The sunrise ruby လို့အမည်ရတဲ့ 25.59 ကာရက်ရှိ မိုးကုတ်မြေမှ ပတ္တမြားကိုဒေါ်လာ 30,335,698 ဖြင့် 2015 မေလမှာလေလံတင်ရောင်းချခဲ့ပြီး အကောင်းဆုံးပတ္တမြား လို့သတ်မှတ်ထားပါတယ်။ ဇူလိုင်လဖွားများအတွက် အဆောင်ကျောက်လဲဖြစ်ကာ မာခြင်းအဆင့် ၉ ရှိပြီး စိန်ပြီးပါက ဒုတိယအမာဆုံး ဖြစ်သော်လည်း စိန်ထက် လေးလံသော ကျောက်မျက်ရတနာ ဖြစ်ပါတယ်.. ပတ္တမြားတွင် လိမ္မော်နီရောင်၊ ခရမ်းရောင်၊ ပန်းရောင် ၊ အနီရောင်စသည့် ရောင်ခြယ်လေးများ ပါဝင်နေသော်လည်း အနီရောင်စစ်စစ် ရဲရဲနီနေသော ပတ္တမြားကသာ အရည်အသွေးအကောင်းဆုံး နှင့် တန်ဖိုးအကြီးဆုံး အဖြစ်သတ်မှတ်ကြပါတယ်.. အကောင်းဆုံး အရည်အသွေးရှိ ပတ္တမြားတစ်လုံးကို တွေ့ရှိရန်မှာ စိန်ကောင်းတစ်လုံးကို တွေ့ရှိဖို့ထက် ပိုပြီး ခက်ခဲကြောင်း သိရှိရပါတယ်… အနီရောင် ပတ္တမြားသည် အမျိုးသားများအတွက် စိတ်အားထက်သန်ပြင်းပြမှုကို ဖော်ဆောင်တာကြောင့် အမျိုးသားများနဲ့ ပိုပြီးလိုက်ဖက်တယ်လို့ ဆိုပါတယ်.. ပတ္တမြားကို ၁၀၀၀ ဒီဂရီစင်တီဂရိတ်အထိ အပူပေးလိုက်တဲ့အခါ အနီရောင်မှ ပန်းရောင်သို့ပြောင်းလဲသွားပြီး အေးသွားလျှင်မူလ အနီရောင်သို့ ပြန်လည်ရောက်ရှိသွားကြောင်း သိရပါတယ်.. ပတ္တမြားဟာ ၏အနှစ်၄၀ပြည့် ကိုယ်စားပြု အထိမ်းအမှတ် ရတနာတစ်ပါးလည်း ဖြစ်ပြီး. ၎င်းကို ဝတ်ဆင်ထားသူ၏ စိတ်ကူးအိပ်မက်များ အမှန်တကယ်ဖြစ်မြောက် လာဖို့တွန်းအားပေးနိုင်စွမ်းရှိတယ်လို့ အချို့က ယုံကြည်လက်ခံကြကြောင်း သိရပါတယ်.. အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ခါနီးတွင် ပတ္တမြားအရောင်မှာ ပိုပြီး ရင့်လာကြောင်း အန္တရာယ်တို့မှ လွန်မြောက်သွားသောအခါ မူလအရောင်သို့ ပြန်ပြောင်းသွားတတ်ကြောင်း မှတ်သားရပါတယ်။

ပတ္တမြားသည် ဝတ်ဆင်သူအား-

၁. ပျော်ရွှင်ချမ်းမြေ့ခြင်းကို ယူဆောင်ပေးနိုင်ခြင်း
၂. အမျိုးသားများ ကာယသုခရရှိစေ၍ ကျန်းမာသန်စွမ်းစေခြင်း
၃. ခွန်အားပြည့်ဝကာ ဆွဲဆောင်မှုကောင်းစေခြင်း
၄. မိတ်ဆွေတိုးပွားစေခြင်း
၅.ပစ္စည်းဥစ္စာ များကို စောင့်ရှောက်ပေးခြင်း
၆.မကောင်းသော ဘေး၊ မကောင်းသော လွှမ်းမိုးခံရခြင်းတို့မှ ကာကွယ်စောင့်ရှောက်ပေးခြင်း
၇. ဆိုးဝါးသော ရာသီဥတုဘေးဒဏ်ကျရောက်စေခြင်းမှ ကာကွယ်နိုင်ခြင်း စသည့် အစွမ်းသတ္တိများ ရှိသည်ဟု သိရပါသည်။

Ref – သုတကမ္ဘာ

No Tags

  

Sponsored Links

Leave a Reply

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends