About tmblog

  • Member Since: September 26, 2014

Description

Ads / Latest items listed

Sorry, no listings were found.

Posts / Recent blog posts

အရည်အချင်းဆိုတာ

| Knowledge, Motivation | February 23, 2018

Myanmar Online Ads

ဥက္ကဋ္ဌ က မိန်းကလေး ဝန်ထမ်း(၂) ဦးကိုရုံးခန်းထဲခေါ် ပြီးစကားပြောတယ်။ အခန်းထဲရောက်တော့ ကောင်မလေးတစ်ဦးက ရာထူးတိုးခံရတယ်။ နောက်တစ်ယောက်ကတော့ ဒီလိုရာထူးတိုးရင် သူကျန်ခဲ့လိမ့်မယ် လို့ မထင်ထားတော့ အံ့သြသွားတယ်။

“B မင်းရာထူးတိုးတယ်၊ ကုမ္ဗဏီအုပ်စုတစ်စုရဲ့ခေါင်းဆောင်ဖြစ်သွားပါပြီ။”

ဒီလိုကြားတာနဲ့ ကောင်မလေး A ကချက်ချင်း ပြန်မေးလိုက်တယ်။

“ကျွန်မ

Continue reading »

ပြည်သူဆိုတာ ဂျင်းထဲ့ခံလူစားသက်သက်ပဲလား။

| Knowledge | February 6, 2018

ရိုးသားတဲ့ ပြည်သူတွေဆီက ဖုန်းဘေလ်ပိုက်ဆံတွေကို မလိမ့်တစ်ပတ်လုပ်၊ ပေါ်ပေါ်တင်တင်ကြီးခိုးနေတဲ့ နိုင်ငံတော်တင်ဒါအောင်ထားတဲ့ Telecom သူခိုးကြီးတွေရေ။ ဒီပို့(စ်)ကို မြင်ပါစေ။ Telecom တွေဘယ်လိုခိုးပြီးဘယ်လိုချမ်းသာနေကြလဲဆိုတာကိုလဲပြောပြပါရစေ။ ကိုယ်တွေ့။

ဘယ်တုံးကမှ မကြားဖူး၊ မသိဖူးတဲ့ ဂိမ်းဆိုဒ်တွေ၊ ဝက်(ဘ်)ဆိုဒ်တွေကနေ အင်္ဂလိပ်လိုမက်ဆေ့ပို့လာတယ်။ Ooredoo ပါ။ အောက်ပုံမှာကြည့်ပါ။

ဗမာလိုပြန်ရင် “သင်သည် ယခုဂိမ်းကလပ်ကို တစ်ပတ်လ ျှင် ကျပ်၃၀၀ နှုန်းနဲ့အောင်မြင်စွာ စာရင်းတင်သွင်းပြီးပါပြီ။ သင့်ဖုန်းဘေ(လ်) ကျပ် ၃၀၀ ကိုလဲနှုတ်ပြီးပါပြီ။ နောင်တစ်ပတ်တိုင်းကို ကျပ် ၃၀၀ မနှုတ်စေချင်လ ျှင် 7001 သို့ “OFF” လို့ရိုက်ပြီး မက်ဆေ့ ပြန်ပို့ပါ” တဲ့ … ကဲ။ နေရင်းထိုင်ရင်း ကိုယ်လဲဘာမှမလုပ်မိဘဲနဲ့သက်သက်မဲ့ ပိုက်ဆံခိုးတာ။ ကိုယ်က “OFF” ဆိုပြီးပြန်မပို့မိခဲ့ရင် တစ်ပတ်ကို ၃၀၀ကျပ်၊ တစ်လကို ၁,၂၀၀ကျပ်။

အဲဒီလိုကိစ္စမပြီးသးဘူး … ဟော .. နောက်တစ်ခုလာပြန်ပြီ vzoneom.com တဲ့ တစ်ရက်ကို “၉၉ ကျပ်” ဖြတ်ပြန်ပြီတဲ့။ “OFF” လို့ပြန်မပို့မိခဲ့ရင် တစ်ပတ်ကို ၆၉၃ကျပ်၊ တစ်လကို ၂,၇၇၂ ကျပ် အသားလွတ် အဖြတ်ခံနေရတယ်။ “OFF” လို့ပြန်ပို့လိုက်ရင် ချက်ချင်းပယ်ဖျက်ပြီးပြီလို့တော့ပြန်ပို့တယ်၊ နောက်တစ်ပတ်ကျတော့ အဲကပဲ မက်ဆေ့ နောက်တစ်ခါပြန်ပို့လာပြီး

Continue reading »

Who is this kinda guy?

| Jokes | September 28, 2017

မှန်အောင်ဖြေနိုင်ရင် ၁ မှတ် ! 🙂 😛 😀

မေး ။ ။ လိုတရ ဆုတစ်ခုတောင်းဆိုရင် ဘာတောင်းမလဲ။

ဖြေ ။ ။ ယမကာ ပင်လယ်ကြီးထဲမှာ ငါးခြောက်ဖုတ်လှေကြီးနဲ့ရွက်လွှင့်ချင်တယ်။

သူ ဘယ်လိုလူလဲ ?

ဦးတင်ရွှေ

မကြာခင်ဈေးကွက်ထဲရောက်လာတော့မည့် လူရဲ့အရေပြားပေါ်က ဖုန်း

| Knowledge, Mobile Phones | April 16, 2016

လက်ကောက်ဝတ်အရေပြားကို မျက်နှာပြင်အဖြစ် ထိတွေ့အသုံးပြုလို့ရမယ့် လက်ကောက်ဝတ်ဖုန်းတစ်မျိုး ဈေးကွက်ထဲရောက်လာတော့ပါမယ်။ Cicret လို့ခေါ်တဲ့ ဒီလက်ကောက်ဟာ စမတ်ဖုန်းနဲ့ တက်ဘလက်တွေကို အစားထိုးဖို့ ရည်ရွယ်ထုတ်လုပ်ထားတာလို့ ဆိုပါတယ်။

လက်ကောက်ထဲမှာ အသေးစားပရောဂျက်တာကို ထည့်ထားတာ ဖြစ်ပြီး အရေပြားမျက်နှာပြင်ကို ထိတွေ့အသုံးပြုနိုင်ဖို့ ဆင်ဆာ ၈ ခုအသုံးပြုထားခြင်း ဖြစ်ပါတယ်။ ဘလူးတု၊ ဝိုင်ဖိုင်တို့အပြင် USB ပေါက်ပါ ပါဝင်တယ်လို့ ဆိုပါတယ်။ ဖုန်းခေါ်ဆိုခြင်း၊ အီမေးအသုံးပြုခြင်း၊ ဗီဒီယိုကြည့်ခြင်း စတဲ့

Continue reading »

စိတ်ဓါတ်ကျနေတာလား။ စိတ်ဓါတ်ဆိုတာ ကိုယ်ကိုယ်တိုင်ချလို့ကျသွားတာ။

| Knowledge, Motivation | March 1, 2015

online motivation
– သည်းထန်နေတဲ့ မိုးဟာ မင်းဘဝအတွက်ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်နေတယ်။ မိုးတိတ်ပါစေတော့လို့ ဆုတောင်းနေမဲ့အစား ထီးတစ်ချောင်းသာအမြန်ရအောင်ရှာပြီး ကြံ့ကြံ့ခံရင်ဆိုင် တွန်းလှန်လိုက်ပါ။

– အချို့လူတွေကတော့ မင်းသွားနေတဲ့လမ်းခရီးကို ကျောက်တုံး၊ ကျောက်ခဲတွေပစ်သွင်းပြီး တားဆီးပိတ်ဆို့ နေမှာပဲ။ မင်းကိုယ်တိုင်ဟာ ပိသုကာပညာရှင်တစ်ယောက်ပါ။ အဲဒီပိတ်ဆို့နေတဲ့ ကျောက်တုံးကျောက်ခဲတွေကို အသုံးပြုပြီး နံရံကြီးဆောက်မှာလား၊ တံတားခင်းမှာလား။

– အပေါ်ယံအလှကို မရှာပါနဲ့၊ နှလုံးသားအလှတရားကိုရှာပါ။ အလှအပတိုင်းဟာ မကောင်းတတ်ပေမဲ့၊ ကောင်းတဲ့အရာအားလုံးဟာတော့ အလှတရားပါ။

– မင်းရဲ့ဘဝမှာ အကောင်းဆုံးဖဲချပ်တွေ ဆုပ်ကိုင်ထားပေမဲ့၊

Continue reading »

ဘာရောင်တွေ့လဲ။

| Jokes, Knowledge, science | March 1, 2015

myanmar ads

ဒီဓါတ်ပုံမှာပါတဲ့ အင်္ကျီရဲ့အရောင်ကို သေချာကြည့်ပါ။ ကိုယ့်ဘေးမှာရှိတဲ့လူကိုလဲ ပြပြီးမေးကြည့်၊ ကိုယ့်ဖုန်းထဲကို ဒေါင်းပြီး သူများတွေကိုလဲပြပြီးမေးကြည့်ပါ။ ဘာအရောင်တွေ့ ရလဲလို့။

အံ့သြစရာကောင်းလောက်အောင်ကို ထူးဆန်းနေတဲ့ ကိစ္စပါခင်ဗျ။

ဘာအရောင်တွေတွေ့ ရလဲဆိုတာပြောပြပေးပါလား ။

ကွဲပြားနေတဲ့ အဓိကအကြောင်းရင်းကတော့ ..

Continue reading »

လူတစ်ယောက်၏အပြုအမူကို သုံးသပ်ခြင်း

| Knowledge, Motivation | February 22, 2015

ထိုသူဟာ လူကောင်းတစ်ယောက်ဖြစ်သလား? ထိုသူရဲ့ အပြင်ပိုင်းကို ကြည့်ပြီးဆုံးဖြတ်လို့ မရပါ။ ပြီးတော့သူ့ကိုလူတွေက ဝိုင်းဝန်းချီးမွမ်းနေကြလို့လဲ လူကောင်းဟု မဆိုနိုင်ပါ။ အမှန်နဲ့ အမှားနှစ်ခုစလုံးကို ခွဲခြားသိပြီး၊ အမြဲတမ်း အမှန်တရားကိုပဲ သိအောင်ကြိုးစားနေသူကိုလဲ လူကောင်းတစ်ယောက်လို့ မဆိုနိုင်ပါ။

တခြားတစ်ယောက်အတွက် စံနမူနာကောင်းပြရုံဖြင့်လည်း မဖြစ်နိုင်ပါ။ ဘဝရဲ့ နိယာမတရားအရ လူကောင်းတို့အတွက် သတ်မှတ်ထားသော မဏ္ဏိုင် (၆) ချက်ရှိပါသည်။ ၎င်းတို့မှာ- ယုံကြည်စိတ်ချမှု၊ ရိုသေလေးစားမှု၊ တာဝန်သိမှု၊ တရားမျှတမှု၊ စောင့်ရှောက်မှု နဲ့ နိုင်ငံသားကောင်းပီသမှုတို့ပဲ ဖြစ်ပါသည်။Classified Myanmar

ယုံကြည်စိတ်ချမှု

(၁) ပြီးပြည့်စုံခြင်း – မိမိကိုယ်ကို ယုံကြည်ပြီး ရပ်တည်နိုင်ရမည်။ မိမိ၏ ဝေဖန်ပိုင်းခြားမှုကို မတွေဝေပဲ လုပ်ဆောင်နိုင်ရမည်။ အခြားသူတစ်ယောက်ရဲ့ ပြောစကားကို နားမယောင်ဘဲ ဆောင်ရွက်ရမည်။
(၂) ရိုးသားခြင်း – လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ ခိုးဝှက်ခြင်း၊ လျှို့ဝှက်ခြင်း တို့ကို ဘယ်သောအခါမှ

Continue reading »

3D နည်းပညာသမိုင်း

| Knowledge, science | February 13, 2015

3D (Three-Dimension) သို့ S3D (Stereoscopic 3D) ဆိုသည်မှာအမြင်အာရုံကို မြင့်မားသောပုံရိပ်များအဖြစ် မြင်စေပြီးရွေ့လျားနေသောပန်းချီကားများဟုဆိုလိုခြင်းဖြစ်ပါသည်။ အဝေးမှ မြင်ရသောအရာများကိုပုံရိပ်ဖမ်းယူနိုင်ရန်အတွက် ပုံမှန်ကင်မရာစနစ် ပါဝင်သော Stereoscopic ဓါတ်ပုံပညာကိုအသုံးပြုရပါသည်။ ၎င်းကို အထူးကောင်းမွန်သောကရိယာ (သို့) ပုံရိပ်ကိုဖမ်းယူနိုင်သောမျက်မှန်ကဲ့သို့ ပစ္စည်းများဖြင့် ကြည့်ရှုနိုင်ပါသည်။ 3D နှင့်ပက်သက်သောသမိုင်းအချို့ကိုဖော်ပြပေးပါမည်။3D

၁၉၀၃ – ရုပ်ရှင်ကိုတီထွင်သူLumieဲreညီအစ်ကို နှစ်ယောက်ဟာ“ L’arriveeဲ du train”နာမည်နဲ့ ပထမဦးဆုံး 3D ဇာတ်ကားကို ပြသခဲ့ပါသည်။ ပရိတ်သတ်တွေအတွက် ထိတ်လန့်စဖွယ် ဖြစ်စေခဲ့သောကြောင့် ငွေကြေးဆုံးရှုံးမှုများသာရှိခဲ့ပါသည်။

၁၉၂၂ – Los Angeles ရှိ Ambassador ဟိုတယ်တွင် တီထွင်သူတို့ရဲ့ ပထမဆုံးအနာဂတ် 3D ဇာတ်ကားကို ပြသခဲ့သည်။ “ The power of love” ဇာတ်ကားကို ကြည့်ရှုသူတွေကလက်ခံခဲ့ပေမယ့် ပြသသူတွေရဲ့ ရှုပ်ထွေးသောနားမလည်မှုတွေကြောင့် နလန်မထူနိုင်ဘဲ ဖြစ်ခဲ့ရသည်။

၁၉၃၆ – MGM ရဲ့ Audioscopiksဟာစကားပြောပါသောပထမဦးဆုံးဇာတ်ကားဖြစ်ပါသည်။ အတိုဆုံးဇာတ်ကားအဖြစ် Academy Award ရရှိခဲ့ပါသည်။

၁၉၅၂ – Bwana Devil ဇာတ်ကားသည် (၃) နှစ်ကြာသည့်တိုင်အောင် ဝင်ငွေနည်းသော ဇာတ်ကားအဖြစ် စာရင်းဝင်ခဲ့သည်။ ၎င်းဇာတ်ကားကို 3D မျက်မှန်ဖြင့် ပထမဦးဆုံး ကြည့်ရှုခြင်းဖြစ်သည်။

၁၉၆၀ – September Storm သည် ပထမဆုံး Cinemascope 3D ဇာတ်ကားဖြစ်သည်။ ဤဇာတ်ကားပြီးနောက်

Continue reading »

ဖုန်း Battery ကြာရှည်ခံရန် နည်းလမ်းများ

| Knowledge, Mobile Phones, science | January 26, 2015

ad myanmar agencyယနေ့ခေတ်တွင် ဖုန်းတစ်လုံးရဲ့ Battery ဟာ အရမ်းကို အရေးပါနေပါသည်။ သင့်ရဲ့ဖုန်းကို တစ်ခါလောက် အားသွင်းပြီး တစ်ပတ်လောက် သုံးဖူးပါသလား? ဘာမှမသုံးပဲ ထားရင်တော့ အရည်အသွေးမြင့် ဖုန်းတွေအတွက် ရပါလိမ့်မည်။ အစပိုင်းတွင် ဖုန်းတွေရဲ့ Battery ဟာ အချိန်အတော် ကြာကြာ အသုံးပြုနိုင်ပါသည် အချိန်ကြာလာသည်နှင့်အမျှ Battery သက်တမ်း တဖြည်းဖြည်း လျော့နည်းလာကြပါသည်။ ဖုန်းတစ်လုံးရဲ့ Battery သက်တမ်းဟာ သာမန်အားဖြင့် တစ်နှစ်ကြာပြီးတဲ့ နောက်မှာ ပုံမှန်ထက် အသုံးမခံတော့တာကို များသောအားဖြင့် ကြုံတွေ့ရတတ်ပါသည်။ Battery ရဲ့သက်တမ်းကို အမြဲတမ်း ပုံမှန်အနေအထား ဖြစ်အောင်တော့ လုပ်လို့မရပါဘူး၊ သို့ပေမဲ့ ကြာရှည်စွာ အသုံးခံနိုင်မဲ့ နည်းလမ်းများကို ဖော်ပြထားပါသည်။

(၁) ပုံမှန် အိပ်ရာဝင်ချိန်များတွင် အရေးကြီးသော ဖုန်းများဝင်ရန် မရှိပါက Airplane mode ပြုလုပ်ပြီး အိပ်ပါက Battery ကို ပိုပြီး Saveဖြစ်စေပါသည်။

(၂) တတ်နိုင်သမျှ မိမိရဲ့ Wifi Hotspot ကို ကြာရှည်စွာ မဖွင့်ထားမိဖို့လိုအပ်ပါသည်၊ အကယ်၍ ကြာရှည်စွာ Wifi ကို အမြဲလိုလို ဖွင့်ထားမိပါက Battery သက်တမ်းကို ပိုမို လျော့ကျစေပါသည်။ GPS System ကိုလဲမလိုအပ်လျှင် ပိတ်ထားသည်က ဖုန်းကို ရေရှည်အသုံးပြုနိုင်ရန် အထောက်အကူပြုပါသည်။

(၃) သင်ဟာ Dropbox application ကို သုံးစွဲသူ ဖြစ်ပါက Upload နှင့် Sync အတွက် Wifi only ကိုသာ ရွေးချယ်အသုံးပြုသင့်ပါသည်၊ ထိုနည်းဖြင့် ပိုမို
မြန်ဆန်မှုရှိသလို သင့်ရဲ့ ဖုန်းအတွက် Battery ထဲတွင် သိုမှီးထားသော Lithium စွဲအားကိုလည်း လျော့ကျစေပါသည်။

(၄) မလိုအပ်ဘဲ သင့်ရဲ့ ဖုန်း Background တွင် run နေသော applications များနှင့်

Continue reading »

Page 1 of 31 2 3

Ad Categories