သံလွင်ဆီကပေးတဲ့ ကျန်းမာရေးအတွက်ကောင်းကျိုးများ
သံလွင်ဆီနဲ့ သံလွင်သီးဟာဆိုရင် သူ့ရဲ့ ဆေးဖက်ဝင်ပြီး ရောဂါကိုပျောက်ကင်းနိုင်တဲ့အစွမ်းသတ္တိကြောင့် လူသိများထင်ရှားပါတယ်။ ဆေးဖက်ဝင်တဲ့ အသီးအနေနဲ့ကတော့ ထိပ်ဆုံးကနေနာမည်ကျော်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရဆိုရင် သံလွင်ဆီ Extra Virgin ဖြစ်တဲ့ သံလွင်ဆီဟာဆိုရင် ရောင်ရမ်းမှုကိုအထူးသက်သာစေပြီး Antioxidant နဲ့ အာဟာရဓာတ်တွေကြွယ်ဝစွာ ပါဝင်တယ်လို့ဆိုပါတယ်။
သံလွင်ဆီကပေးတဲ့ ကျန်းမာရေးအတွက်ကောင်းကျိုးတွေကတော့
နှလုံးနဲ့ပက်သက်တဲ့ရောဂါတွေကိုလျော့ချပေးတယ်။
အသားအရည်ကိုကောင်းမွန်စေတယ်။
ဆီးချိုရောဂါကိုကာကွယ်ပေးတယ် ကုသနိုင်စွမ်းလဲရှိတယ်လို့ဆိုပါတယ်။
ဝမ်းချုပ်ခြင်းကိုသက်သာစေတယ်။
နားထဲကအညစ်အကြေးတွေကိုဖယ်ရှားနိုင်တယ်။
ဆံပင်အတွက်ဆံသားရောဦးရေပြားကျန်းမာရေးအတွက်အထူးသင့်တော်ပြီးဆံပင်ကို ရှည်လျားသန်မာစေပါတယ်။
စိတ်ဓာတ်ကျမှုကိုတိုက်ခိုက်ပေးနိုင်တယ်။
အဝလွန်ရောဂါကိုကာကွယ်ပေးတယ်။
ကင်ဆာကိုတိုက်ခိုက်နိုင်စွမ်းရှိတယ်။
ဦးနှောက်ရဲ့ကျန်းမာရေးကိုလည်းပိုမိုကောင်းမွန်စေပါတယ်။
ဒီလိုများပြားတဲ့ ကောင်းကျိုးတွေကြောင့်ပဲ ဆေးဖက်ဝင်အသီးအနေနဲ့ နာမည်ကျော်နေတာပဲဖြစ်ပါတယ်။