ခန္ဓာကိုယ်ဟာရေကိုဘာကြောင့်လိုအပ်သလဲ?

| Health | September 26, 2018

ယခုလိုပူပြင်းတဲ့အချိန်မှာရေများများသောက်ဖို့လိုအပ်ပါတယ်။ရေအသက်တစ်မနက်ဆိုတဲ့အတိုင်းသင့်ရဲ့ခန္ဓာကိုယ်ဟာရေမသောက်ပဲမရှင်သန်နိုင်ပါဘူး။ အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့နဲ့ နေ့စဉ်တက်ကြွလန်း ဆန်းနေဖို့အတွက် ရေများများသောက်ဖို့ လိုအပ်ပါတယ်။ ရေများများသောက်ဖို့လိုအပ်တယ်ဆိုတဲ့စကား ကိုတော့ကြားနေကျဖြစ်မှာပါ။ဒါပေမဲ့ဘာကြောင့်ခန္ဓာကိုယ်ကရေကိုလိုအပ်တာလဲ ဘာကြောင့်ရေများ များ
သောက်ဖို့လိုအပ်လဲဆိုတာတွေကိုဖော်ပြပေးလိုပါတယ်

ရေသန့်မှာပါဝင်တဲ့ကယ်လိုရီပမာဏဟာ Zero ပါ။ ဒါကြောင့်ရေဟာ အဆီနဲ့ကာဗွန်ဟိုက်ဒရိတ် တွေ ပရိုတိန်းတွေမပါဝင်ပဲ သင့်ရဲ့ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝစေဖို့ လိုသလောက်သောက်သုံးလို့ရပြီး ကိုယ်အလေးချိန်တိုးမှာလဲမစိုးရိမ်ရပါဘူး။

ခန္ဓာကိုယ်မှာရေဓာတ်မလုံလောက်တာဟာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုဖြစ်ပွားစေပါတယ်။ ၂% သောရေပမာဏလောက်ဆုံးရှုံးတယ်ဆိုရင်ပဲ သင့်ရဲ့လုပ်ဆောင်နိုင်မှုတွေလှုပ်ရှားမှုတွေအားနည်းလာတာ ခန္ဓာကိုယ်အပူချိန်ကမောက်ကမဖြစ်တာ ဝမ်းချုပ်တာ ခေါင်းကိုက်ခဲတာစတာတွေဖြစ်စေပါတယ်။ ဒါ့အပြင်ဦးနှောက်ရဲ့တွေးခေါ်နိုင်စွမ်းတွေလုပ်ဆောင်မှုတွေပါကျဆင်းစေပါတယ်။ရေများများသောက်ပေးခြင်းဖြင့်အဆိုပါပြသနာတွေကိုဖြေရှင်းနိုင်ပါတယ်။

ရေမှာအာဟာရဓာတ်မပါဝင်ပေမဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေ ဥပမာ- ဆိုဒီယမ်ဓာတ်၊ ကယ်လ်ဆီရန်ဓာတ်စတာတွေကိုစုပ်ယူနိုင်စွမ်းရှိပြီးသင့်ရဲ့ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့နေရာတွေကိုပို့ဆောင်ပေးပါတယ်။

ရေများများသောက်ခြင်းဟာသင့်ရဲ့ကိုယ်တွင်းအပူချိန်ကိုထိန်းညှိုပေးနိုင်ပါတယ်။ဒါကြောင့်ရေဟာအပူကိုစုပ်ယူနိုင်စွမ်းရှိပြီး ရာသီဥတုပူတဲ့အချိန်မှာဆရာဝန်တွေဟာရေများများသောက်ဖို့အကြံပြုကျတာပဲဖြစ်ပါတယ်။

Ref-lifehack.org

No Tags

  

Sponsored Links

Leave a Reply

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends