ပူပြင်းတဲ့ရာသီမှာ အပူဒဏ်ခံနိုင်အောင်ဘယ်လိုနေထိုင်မလဲ ?

| Uncategorized | February 10, 2019

ပူပြင်းတဲ့ရာသီမှာ အထူးသဖြင့်လိုအပ်တာကတော့ ရေဓာတ်မဆုံးရှုံးဖို့ပါပဲ။ကလေးသူငယ်များ၊သက်ကြီးရွယ်အိုတွေနဲ့ကိုယ်ဝန်ဆောင်တွေအနေနဲ့ဂရုတစိုက်နေထိုင်ဖို့အထူးလိုအပ်ပါတယ်။အပြင်အပူဒဏ်ကာကွယ်ဖို့လိုအပ်တဲ့နေထိုင်ပုံနည်းလမ်းများကိုဖော်ပြပေးလိုပါတယ်။

ပထမဆုံးအချက်ကတော့ရေဓာတ်ပြည့်ဝအောင်သောက်သုံးရပါမယ်။ရေများများသောက်သုံးပေးပါ။ကဖင်းဓာတ်ပါဝင်သောအရည်များနဲ့အယ်လ်ကိုဟောပါဝင်သောအရည်များကိုရှောင်ရှားရပါမယ်။သက်ကြီးရွယ်အိုနဲ့ကလေးငယ်များ ရေကိုမပြတ်သောက်သုံးပေးပါ။အရည်ရွှမ်းသေားအသီးအနှံများများစားပေးပါ။

အဝတ်အစားဝတ်ဆင်တဲ့နေရာမှာလည်း ချွေးစုပ်သောချည်ထည်လိုအဝတ်အစားများကိုဝတ်ဆင်ပေးပါ။အပူကိုစုပ်ယူသော အနက်ရောင်လိုအဝတ်အစားများ ပူအိုက်သောအထည်များဝတ်ဆင်ခြင်းကိုရှောင်ကြဉ်ပါ။ပေါ့ပေါ့ပါးပါးနဲ့ အရောင်လွင်သောအဝတ်အစားများ လေဝင်လေထွက်ကောင်းသောအဝတ်အစားများကိုသာဝတ်ဆင်ပါ။ဦးထုပ် ထီး နှင့် Sun cream စတဲ့အပူဒဏ်ကာကွယ်တဲ့အရာများကိုဆောင်ထားပါ။

ပူပြင်းတဲ့အချိန်အတတ်နိုင်ဆုံး အပြင်ထွက်ခြင်းကိုရှောင်ကြဉ်ပါ။အပြင်ထွက်၍လေ့ကျင့်ခန်းလုပ်ခြင်း ပြေးလွှားခြင်း အပူဒဏ်ကာကွယ်သောအရာများမပါပဲသွားလာခြင်းများကိုရှောင်ရှားပါ။ချွေးထွက်များလာပြီး မူးမိုက်သလိုခံစားရပါက အရိပ်ထဲတွင်အနားယူ၍ ဓာတ်ဆားရည်သောက်သုံးပေးပါ။ ရေခဲရေသောက် တာရှောင်ကြဉ်ရပါမယ်။အပူထဲမှလာပြီးရေတန်းချိူးခြင်းတို့ကိုလည်းရှောင်ရှားရပါမယ်။

Ref-healthymepa.com

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends