နံနက်စာအတွက် အကောင်းဆုံး စားစရာများ

| Food | September 9, 2019

လူတစ်ယောက် အတွက် နံနက်စာက အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ပြောချင်တာက နေ့လည်စာနဲ့ ညစာထက် နံနက်စာက ပိုအရေးကြီးတယ်လို့ ဆိုလိုတာပါ။ နံနက်စာ ကောင်းကောင်းစားပေးခြင်းက ခန္ဓာကိုယ်နဲ့ ကျန်းမားရေးအတွက် အများကြီး အထောက်အကူပြုပါသေးတယ်။ ဒါကြောင့် နံနက်စာအတွက် အကောင်းဆုံးဖြစ်စေမယ့် စားစရာတွေကို ဖော်ပြပေးချင်ပါတယ်…

 

ကြက်ဥ

ကြက်ဥကို နံနက်စာ အဖြစ်စားပေးခြင်းက အာဟာရဖြစ်စေခြင်းနဲ့ ကယ်လိုရီလျှော့ချပေးခြင်းတွေ ပြုလုပ်ပေးပါတယ်။ နောက်အချက်ကတော့ သွေးထဲမှာရှိတဲ့ သကြားဓာတ်နဲ့ အင်ဆူလင်ကိုလည်း ထိန်းညှိပေးပါသေးတယ်။ 

 

ပဲပြုတ်

ကျနော်တို့ မြန်မာလူမျိုးတွေအတွက် နှစ်သက်ရတဲ့ နံနက်စာတမျိုးထဲမှာ ပါ၀င်တဲ့ အစားအစာကတော့ ပဲပြုတ်ပဲ ဖြစ်ပါတယ်။ ထမင်းဆီဆမ်းနဲ့ ပဲပြုတ်ဆိုတဲ့ မကြိုက်တဲ့ မြန်မာလူမျိုး မရှိသလောက်ရှားပါတယ်။ ပဲပြုတ်ထဲမှာ ပရိုတိန်းဓာတ် ကြွယ်၀စွာ ပါ၀င်ပါတယ်။

 

ကော်ဖီ

ကော်ဖီက ကျန်းမာရေးအတွက် ထိခိုက်တယ်၊ ရင်တုန်တယ်ဆိုပြီး ပြောကြပါတယ်။ ဟုတ်ပါတယ် ဘယ်အရာမဆို အလွန်အကြူး လုပ်ရင်ထိလိုက်မှုတွေရှိပါတယ်။ မနက်ခင်းမှာ ကော်ဖီသောက်ခြင်း စိတ်ကို လန်းဆန်းတက်ကြွစေပါတယ်၊ ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်က ဇီ၀ဖြစ်စဥ်နှုန်းကိုတိုးစေပြီး အဆီတွေကို လောင်ကျွမ်းစေပါတယ်။

 

ပေါင်မုန့်

ပေါင်မုန့်တွေက ဂျုံကနေရရှိတဲ့ အစားအစာ တစ်မျိုးဖြစ်ပြီး အနောက်နိုင်ငံတွေမှာတော့ အဓိက စားကျပြီး မြန်မာနိုင်ငံမှာတော့  သွားရည်စာ အနေနဲ့ စားသုံးကြပါတယ်။ ပေါင်မုန့်ထဲမှာတော့ ကယ်လ်စီယမ်၊ အမျှင်ဓာတ်၊ ပရိုတိန်း၊ သံဓာတ်တွေပါ၀င်ပါတယ်။ အလတ်စားပေါင်မုန့် တစ်နေ့ကို ၄ ချပ် စားပေးပါက ကယ်လ်စီယမ်ဓာတ် ၃၀% ရရှိစေပြီး အရိုးနဲ့ သွားတွေအတွက် ကောင်းမွန်စေပါတယ်။ နံနက်စာကို ပေါင်မုန့်နဲ့ နွားနို့/ပေါင်မုန့်နဲ့ကော်ဖီ တွဲဖက်စားသုံးပေးနိုင်ပါတယ်။ 

 

နံနက်စာကို ကောင်းကောင်းစားပေးခြင်းက ကျန်းမားရေးနဲ့ ကိုက်ညီပြီး လူခန္ဓာကိုယ်ဖွဲ့စည်းပုံ အတွက်လည်း သက်ရောက်မှုများစွာ ဖြစ်စေပါတယ်။ ဒါကြောင့် နံနက်စာကို ဂရုစိုက်ပြီး စားသောက်ဖို့ အကြံပြု တိုက်တွန်းပါတယ်။

 

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends