Camera Phone – Nokia Lumia 1020

| Mobile Phones, news, Technology | August 8, 2013

Nokia-Lumia-1020-with-Nokia-Pro-Camera

ကင်မရာဖုန်း Camera Phone – Nokia Lumia 1020

Nokia windows ဖုန်းတွေ ဈေးကွက် တိမ်မြုပ်လာချိန်မှာ Nokia ကုမ္ပဏီက နောက်ဆုံးပေါ်အမျိုးအစား Lumia 1020 ကိုမိတ်ဆက်ခဲ့ပါတယ်။ ဒီဖုန်းဟာ ဈေးကွက်စမ်းသပ်မှုအနေနဲ့ Market ထဲမှာ ရှိခဲ့တာတော့ ကြာပါပြီ။ ယခု Promotion လုပ်တဲ့ အချိန်မှာ PureView ကင်မရာနည်းပညာကို မိတ်ဆက်ပြီး 41-megapixel ရှိတဲ့ …..အင်မတန်အားကောင်းတဲ့ lens ကိုတပ်ဆင်ထားကြောင်း အားသာချက်ကိုု ချပြပါတယ်။

Lumia 1020 ဟာ ကင်မရာ အသားပေးဖုန်း ဖြစ်ပြီး ယခင် ထွက်ရှိခဲ့တဲ့ ဖုန်းတွေထက် အလေးချိန်ပိုမိုပေါ့ပါးသလို Body ဟာလည်းပိုပြီးပါးလွှာတာ တွေ့ရပါတယ်။ သွားလေရာတိုင်း ကင်မရာ သီးသန့် မသယ်ချင်တဲ့ မိတ်ဆွေတွေ အတွက်တော့ အများကြီး အဆင်ပြေမှာပါ။

အဖြူ၊ အဝါနဲ့ အနက် အရောင်သုံးမျိုးနဲ့ ထုတ်လုပ်ထားပြီး accessory တွေအနေနဲ့ wireless charging back cover နဲ့ camera grip တို့ထည့်သွင်းပေးထားပါတယ်။ Nokia Lumia 1020 ကို အမေရိကန်ဈေးကွက်မှာ AT&T ကွန်ရက်မှတစ်ဆင့် စတင်ရောင်းချမှာဖြစ်ပြီး တရုတ်နဲ့ အဓိကဥရောပဈေးကွက်တွေကို ဆက်လက်တင်ပို့မယ်လို့လည်း သိရပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာလဲ မကြာသောကာလမှာ ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူရရှိနိုင်တော့မှာ ဖြစ်ပါတယ်။

 

– Ref: Nokia

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends