H1N1 ကို သတိမလွတ်ကြဖို့ ဒီအချက်တွေဂရုစိုက်ပါ

| Health, Knowledge | July 24, 2019

အခုလိုမိုးရာသီရောက်တိုင်း တုပ်ကွေးအန္တရာယ်ကို သတိထားရမှာကတော့ ပုံမှန်သဘောပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာ ရောဂါတွေကလည်း ပိုပိုများများလာတဲ့ အတွက် ပိုပြီး သတိထားနေလာရပါတယ်။ အခုဆိုရင်လည်း H1N1 virus ကမြန်မာနိုင်ငံမှာလည်း အဖြစ်များနေပါပြီ။ H1N1 virus ကို ၁၉၈၁ ခုနှစ် လောက်မှာ Mexico နိုင်ငံတွင် စတင်တွေ့ရှိလာပြီး နောက်ပိုင်းမှာတော့ တဆင့်ဆင့် ပျံ့ပွားလာပါတယ်။ မြန်မာနိုင်ငံမှာလည်း ဖြစ်တုန်းသာ ကာကွယ်ကြပြီး နောက်ပိုင်းမှာ သွေးအေးလာကြတာကို သတိပြုမိပါတယ်။ ဒီ virus ကသွေးအေးသွားရမယ့် virus မျိုးမဟုတ်တဲ့ အတွက် မိတ်ဆွေတို့လည်း ပေါ့ပေါ့ဆဆ မနေကြပို့ အသိပေးချင်ပါတယ်။

H1N1 virus ကိုသတိထား ကာကွယ်နိုင်မယ့် ဒီအချက်တွေကို မပေါ့ဆဖို့ လိုအပ်ပါတယ်…

· လူများတဲ့ နေရာမျိုးတွေ၊ ကားပေါ် (Bus) တို့မှာဆိုရင် Mask သုံးဖို့လိုအပ်ပါတယ်။ ဒီ Virus ကလေမှ တဆင့် အလျင်အမြန်ကူးစက်နိုင်တဲ့ အတွက် ဒီတချက်ကို မပေါ့ဆဖို့ လိုအပ်ပါတယ်။ ဖျားချင်သလိုဖြစ်နေပြီဆိုရင်တော့ လူထူထပ်တဲ့နေရာတွေကို အတတ်နိုင်ဆုံးမသွားပဲ ဆေးခန်းတစ်ခုခု ကို အမြန်ဆုံး ပြသပြီး ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

· နောက်တချက်က သန့်ရှင်းမှုကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ Public Area မှာလူပေါင်းစုံ ထိတွေ့ကိုင်တွယ် နေတဲ့ အရာတွေကို ကိုင်မိ၊ ထိမိရင် လက်ဆေးဖို့ လိုအပ်ပါတယ်။ လက်ဆေးဖို့ အတွက် ကခုခေတ်မှာ Hand Gel တွေပေါ်နေပြီ ဆိုတော့ ဆပ်ပြာတွေရေတွေ မလွယ်တဲ့ အခါမှာလည်း Hand Gel သုံးပေးဖို့ လိုအပ်ပါတယ်။ ဒီအချက်ကတော့ H1N1 virus က ပိုက်ဆံ၊ လှေကားလက်တန်း၊ စားပွဲ အစရှိတဲ့ အရာတွေပေါ်မှာ အသက်ရှင်နိုင်တဲ့ အတွက်ကြောင့် သန့်ရှင်းမှုကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

· ကာကွယ်ဆေး ထိုးထားဖို့ လိုအပ်ပါတယ်။ WHO (World Health Organization) အသိအမှတ်ပြုတဲ့ တုပ်ကွေးကာကွယ်ဆေးတွေ ဆေးခန်း၊ ဆေးရုံတွေမှာ ရရှိနေတဲ့ အတွက် တုပ်ကွေးကာကွယ်ဆေးကို မဖြစ်မနေ ထိုးထားဖို့လည်း လိုအပ်ပါတယ်။

မိတ်ဆွေတို့ရဲ့ ကျန်းမာရေးအတွက် ဒီအထက်ပါ အချက်တွေကို သတိပြု ဆင်ခြင်ပြီး အကောင်းဆုံးနေ့ရက် ဖြတ်သန်းလိုက်ပါ။

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends