ဆားဝက်ခြံတွေကြောင့် စိတ်ညစ်နေရပါသလား?

| Health, Knowledge | December 15, 2019

ဆားဝက်ခြံဆိုတာ မျက်နှာမှာရှိတဲ့ချွေးပေါက်တွေကျယ်နေတဲ့အပေါ် ဖုန်မှုန့်၊ မိတ်ကပ်နဲ့ အခြားအမှုန်အမွှား တွေ ဝင်ရာက ဖြစ်တာပါ။ ဒါမျိုး အမည်းစက်တွေ မိမိမျက်နှာမှာ အထူးသဖြင့် နှာခေါင်းတစ်ဝိုက်မှာရှိတဲ့ဆား ဝက်ခြံတွေကို မှန်ထဲမှာမြင်ရတဲ့အခါအလွန်စိတ်ရှုပ်စရာကောင်းပီး ကြည့်ရဆိုးပါတယ်။ ကဲဆားဝက်ခြံတွေ ရှိနေပြီဆိုရင်တော့ ကုန်ကျစရိတ်သက်သာတဲ့အိမ်တွင်းနည်းလမ်းလေးတွေနဲ့ဖယ်ရှားကျရအောင်…

 

သွားတိုက်ဆေး

 

သွားတိုက်ဆေး အထူးသဖြင့် Mint ပါတဲ့သွားတိုက်ဆေးတွေဟာ ဆားဝက်ခြံအတွက်ထိရောက်တဲ့ နည်းလမ်းပါ။ Mint ပါတဲ့သွားတိုက်ဆေးဟာပိတ်နေတဲ့ချွေးပေါက်တွေကိုပွင့်စေပြီး ဘက်တီးရီယားတွေ ကိုသေစေနိုင်တာကြောင့်ပဲဖြစ်ပါတယ်။သွားတိုက်ဆေးအနည်းငယ်ကိုဆားဝက်ခြံရှိတဲ့နေရာအပေါ်ဘရက်ရှ်လေးနဲ့ညင်သာစွာပွတ်တိုက်ပေးရုံပဲဖြစ်ပါတယ်။

 

အုန်းဆီ

 

အုန်းဆီပါတဲ့ Lauric Acid ဟာ ပိုးမွှားတွေကိုသေစေနိုင်ပြီး အုန်းဆီဟာ အသားအရည်ကို အားဖြည့်ပေး ရုံသာမက ဆဲလ်အသေတွေကိုလဲဖယ်ရှားပေးတဲ့အတွက် ဆားဝက်ခြံဖယ်ရှားရာ မှာထိရောက်တဲ့နည်း လမ်းပါပဲ။

 

ပျားရည်

 

ပျားရည်ကိုဆေးဖက်ဝင်ပစ္စည်းအနေနဲ့ခေတ်အဆက်ဆက်ကသုံးဆွဲခဲ့တာဖြစ်ပြီး ကောင်းကျိုးအလွန်ရှိတဲ့ အပြင် ဆေးဖက်လဲဝင်ပါတယ်။ပျားရည် သံပရာရည် နဲ့ သကြား တို့ကိုပေါင်းစပ်ပြီး ဆားဝက်ခြံရှိ တဲ့နေရာ အပေါ်ပွတ်တိုက်ပေးပါက သိသိသာသာပျောက်ကင်းစေပါတယ်။ပျားရည်မှာ ဘက်တီရီးယားတွေကို သေစေ နိုင်ပြီး သံပရာကတော့ အသားအရည်ကိုကြည်လင်စေကာ သကြားကတော့ ဂျေးချွတ်တဲ့နေရာမှာ တ ကယ်ထိရောက်တဲ့ပါဝင်ပစ္စည်းပါ။

 

ခရမ်းချဉ်သီး

 

ခရမ်းချဉ်သီးဟာလဲ ဘက်တီရီးယားတွေကိုသေစေနိုင်ပြီး ဆားဝက်ခြံတွေကိုခြောက်သွေ့စေပါတယ်။ သူ့မှာပါတဲ့ lycopene ဟာ ပျက်စီးနေတဲ့အသားအရည်ကိုပြန်လည်ကောင်းမွန်စေပါတယ်။ ခရမ်းချဉ်သီး အလယ်ကထက်ခြမ်းခွဲ၍သကြားအနည်းငယ်ထည့်ပြီး ဆားဝက်ခြံရှိတဲ့နေရာ အပေါ်ပွတ်တိုက်ပေးပါ။ တချို့ ခရမ်းချဉ်သီးနဲ့ဓာတ်မတည့်သူတွေကတော့အသားအရည်ယားယံတာနီမြန်းတာမျိုးဖြစ်လာခဲ့ရင်ဆက်မလုပ်သင့်ပါဘူး။

 

စတော်ဘယ်ရီ 

 

စတော်ဘယ်ရီမှာပါရှိတဲ့ အယ်ကာလီ ဟာအညစ်အကြေးတွေကိူပျော်ဝင်စေတဲ့သတ္တိရှိပြီး ချွေးပေါက်မှာ ပိတ်နေတဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးတဲ့အတွက် သဘာဝကပေးတဲ့ ဂျေးချွတ်ဆေးတမျိုးပါပဲ။

 

အထက်ပါအချက်တွေကိုအသုံးချပြီး ဆားဝက်ခြံ တွေပျောက်ကင်းသွားပြီဆိုရင်တော့ ထပ်မဖြစ်စေရန် ရှောင်ရမဲ့အစားအစာတွေကတော့ ချောကလက်၊ဥအမျိုးမျိုး၊ထောပတ်သီး၊သရက်သီးမှည့် ၊ နို့နှင့်နို့ထွက် ပစ္စည်းများ၊ဆီကျော်အစားအစာများ စသည်တို့ဖြစ်ပါတယ်။

 

ဆောင်းရာသီမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုနေမလဲ?

| Health, Knowledge | December 9, 2019

အခုလို နေ့တာတိုပြီး ညတာရှည်တဲ့ ဆောင်းရာသီ အချိန်မျိုးမှာ ကျန်းမာရေးနဲ့ ကိုက်ညီအောင်နေနိုင်ဖို့ အချက်တချို့ကို ဖော်ပြလိုက်ပါမယ်…

Continue reading »

အပြုံးလှပိုင်ရှင်ဖြစ်ဖို့ လွယ်ကူတဲ့ ခံတွင်းသန့်ရှင်းခြင်းနည်းလမ်းအချို့

| Health, Knowledge | December 1, 2019

 

 

ဒီတစ်ခေါက်မှာ ပြုံးလိုက်တိုင်းမှာ လှပတဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်စေမယ့် အကြောင်းအရာလေးတွေကို ဝေမျှလိုက်ပါတယ်…

Continue reading »

ငလျင်လှုပ်ပြီဆို ဘာတွေလုပ်သင့်လဲ?

| Knowledge | November 17, 2019

သဘာဝ ဘေးအန္တရာယ် တစ်ခုဖြစ်တဲ့ ငလျင်လှုပ်ပြီဆိုရင် ဘယ်လိုနေထိုင်သင့်တယ် ဘာတွေပြင်ဆင်ထားသင့်တယ်ဆိုတာကို မိတ်ဆွေတို့အတွက် ဝေမျှပေးသွားချင်ပါတယ်။

Continue reading »

ဆိုးကျိုးနဲ့ကောင်းကျိုးတွေရှိတဲ့ Fast Food များ

| Food, Knowledge | November 7, 2019

သင်ဟာ Fast Food တွေစားရတာနှစ်သက်သူလား? ဒါဆိုရင်တော့ သိထားသင့်တဲ့ အချက်လေးတွေရှိတယ်နော်…

Continue reading »

ရေများများသောက်ရင် ရနိုင်တဲ့ ကောင်းကျိုးများ

| Health, Knowledge | October 30, 2019

ယခုလို အပူအောင်းတတ်တဲ့ အချိန်ကာလမှာ ရေကိုသေချာ သောက်ပေးခြင်းက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ရေအသက်တစ်မနက်ဆိုတဲ့အတိုင်းသင့်ရဲ့ခန္ဓာကိုယ်ဟာရေမသောက်ပဲမရှင်သန်နိုင်ပါဘူး။ အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့နဲ့ နေ့စဉ်တက်ကြွလန်း ဆန်းနေဖို့အတွက် ရေများများသောက်ဖို့ လိုအပ်ပါတယ်။

Continue reading »

ရာသီအကူးအပြောင်းကာလတွေမှာ ဘယ်လိုနေထိုင်သင့်လဲ

| Health, Knowledge | October 29, 2019

အခုလို မိုးအကုန် ဆောင်းအကူး ကာလတွေမှာ အအေးမိ ဖျားနာခြင်းတွေ နဲ့ အဆစ်အမြစ် ကိုက်ခဲမှုတွေ ဖြစ်တတ်ပါတယ်။ ဒီလို ကာလမှာ ကျန်းကျန်းမာမာ နေထိုင်နိုင်အောင် ဘယ်လိုတွေနေထိုင်သင့်လဲဆိုရင်…

Continue reading »

အောင်မြင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ပြီး အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ Tip များ

| Knowledge | October 27, 2019

ဘဝမှာအမြဲအောင်မြင်မှုကိုရရှိနေတာနဲ့မပြီးသေးပါဘူး။ ထိုအောင်မြင်မှုကိုရေရှည်ထိန်းသိမ်းထားနိုင်ဖို့လဲလို ပါတယ်။မိမိကြိုးစားမှုအလျောက် ရောက်ရှိနေတဲ့နေရာတစ်ခုမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အမြဲဦးမော့ပြီး နေစေနိုင်ဖို့ လိုက်နာသင့်တဲ့အချက်တွေကို ဖော်ပြေပေးပါမယ်…

Continue reading »

တစ်နေ့တာဖုန်းသုံးစွဲမှုကို ဒီနည်းလမ်းလေးတွေနဲ့လျှော့ချမယ်

| Knowledge | October 6, 2019

ဖုန်းတွေဟာ သင့်အတွက်တကယ်ကိုအသုံးဝင်ပြီး အကျိုးကျေးဇူးအများကြီးရရှိစေတယ်ဆိုတာတော့ အမှန်အကန်ပါပဲ။ ဒါပေမဲ့ တစ်ခါတစ်ရံ မလိုအပ်ပဲ ဖုန်းကိုသုံးမိနေခြင်းဟာ သင့်ကိုမသက်မသာဖြစ်စေမှာပါ။ ဒါကြောင့် ဖုန်းကို အကျိူးရှိရှိနဲ့ဂရုတစ်စိုက်ချင့်ချိန်သုံးစွဲဖို့လိုပါတယ်။ဒါကြောင့် အကျိုးရှိနိုင်မယ်ထင်တဲ့ Tips လေးတွေဖော် ပြပေး လိုက်ပါတယ်…

Continue reading »

သင့်ကိုသင်ဝနေတယ်လို့ ထင်ရင်ဒီအချက်တွေကို ဂရုစိုက်ပါ

| Health, Knowledge | September 24, 2019

နေ့စဥ်ပင်ပန်းနွယ်နယ်မှုတွေနဲ့ကြုံလာပြီး အစားအစာကိုပိုစားဖြစ်ခဲ့လာတယ်၊ ဝလာတယ်လို့ စိတ်ထဲက ထင်လာခဲ့ရင် ခန္ဓာကိုယ်အလေးချိန်လျော့ကျစေဖို့ လေ့ကျင့်ခန်း လုပ်ခြင်း အစားလျော့ခြင်းတို့အပြင် ကိုယ်အလေးချိန်လျော့ကျစေဖို့ လိုက်နာသင့်တဲ့အလေ့အကျင့်ကောင်းတွေကို ဖော်ပြပေးသွားပါမယ်…

Continue reading »

Page 2 of 16 1 2 3 4 16

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends