အရည်အချင်းဆိုတာ

| Knowledge, Motivation | February 23, 2018

Myanmar Online Ads

ဥက္ကဋ္ဌ က မိန်းကလေး ဝန်ထမ်း(၂) ဦးကိုရုံးခန်းထဲခေါ် ပြီးစကားပြောတယ်။ အခန်းထဲရောက်တော့ ကောင်မလေးတစ်ဦးက ရာထူးတိုးခံရတယ်။ နောက်တစ်ယောက်ကတော့ ဒီလိုရာထူးတိုးရင် သူကျန်ခဲ့လိမ့်မယ် လို့ မထင်ထားတော့ အံ့သြသွားတယ်။

“B မင်းရာထူးတိုးတယ်၊ ကုမ္ဗဏီအုပ်စုတစ်စုရဲ့ခေါင်းဆောင်ဖြစ်သွားပါပြီ။”

ဒီလိုကြားတာနဲ့ ကောင်မလေး A ကချက်ချင်း ပြန်မေးလိုက်တယ်။

“ကျွန်မ

Continue reading »

လွယ်လွယ်နဲ့ ဒေါသထွက်တတ်တဲ့အကျင့်ကို ဘယ်လိုထိန်းချုပ်ကြမလဲ

| Knowledge, Motivation | September 21, 2017

ဒေါသထွက်ခြင်းဟာ ကျွန်တော်တို့ရဲ့စိတ်နဲ့ကိုယ်ခန္ဓာ ကျန်းမာရေးကိုထိခိုက်စေပါတယ်။ ဒေါသထွက် ခြင်းဟာမကောင်းမှန်းတော့သိကြပါတယ်။ သို့ပေမယ့် ဒေါသထွက်လွယ်သူတစ်ယောက်အတွက်တော့ ထိန်းချုပ်ဖို့ရာခက်ခဲလှပါတယ်။ သူ့အတွက် အရာရာတိုင်း၊ ကြုံဆုံလာသမျှလူတိုင်းဟာ ဒေါသထွက်စရာ တွေချည်းပါပဲ။

Continue reading »

စိတ်ဓါတ်ကျနေတာလား။ စိတ်ဓါတ်ဆိုတာ ကိုယ်ကိုယ်တိုင်ချလို့ကျသွားတာ။

| Knowledge, Motivation | March 1, 2015

online motivation
– သည်းထန်နေတဲ့ မိုးဟာ မင်းဘဝအတွက်ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်နေတယ်။ မိုးတိတ်ပါစေတော့လို့ ဆုတောင်းနေမဲ့အစား ထီးတစ်ချောင်းသာအမြန်ရအောင်ရှာပြီး ကြံ့ကြံ့ခံရင်ဆိုင် တွန်းလှန်လိုက်ပါ။

– အချို့လူတွေကတော့ မင်းသွားနေတဲ့လမ်းခရီးကို ကျောက်တုံး၊ ကျောက်ခဲတွေပစ်သွင်းပြီး တားဆီးပိတ်ဆို့ နေမှာပဲ။ မင်းကိုယ်တိုင်ဟာ ပိသုကာပညာရှင်တစ်ယောက်ပါ။ အဲဒီပိတ်ဆို့နေတဲ့ ကျောက်တုံးကျောက်ခဲတွေကို အသုံးပြုပြီး နံရံကြီးဆောက်မှာလား၊ တံတားခင်းမှာလား။

– အပေါ်ယံအလှကို မရှာပါနဲ့၊ နှလုံးသားအလှတရားကိုရှာပါ။ အလှအပတိုင်းဟာ မကောင်းတတ်ပေမဲ့၊ ကောင်းတဲ့အရာအားလုံးဟာတော့ အလှတရားပါ။

– မင်းရဲ့ဘဝမှာ အကောင်းဆုံးဖဲချပ်တွေ ဆုပ်ကိုင်ထားပေမဲ့၊

Continue reading »

လူတစ်ယောက်၏အပြုအမူကို သုံးသပ်ခြင်း

| Knowledge, Motivation | February 22, 2015

ထိုသူဟာ လူကောင်းတစ်ယောက်ဖြစ်သလား? ထိုသူရဲ့ အပြင်ပိုင်းကို ကြည့်ပြီးဆုံးဖြတ်လို့ မရပါ။ ပြီးတော့သူ့ကိုလူတွေက ဝိုင်းဝန်းချီးမွမ်းနေကြလို့လဲ လူကောင်းဟု မဆိုနိုင်ပါ။ အမှန်နဲ့ အမှားနှစ်ခုစလုံးကို ခွဲခြားသိပြီး၊ အမြဲတမ်း အမှန်တရားကိုပဲ သိအောင်ကြိုးစားနေသူကိုလဲ လူကောင်းတစ်ယောက်လို့ မဆိုနိုင်ပါ။

တခြားတစ်ယောက်အတွက် စံနမူနာကောင်းပြရုံဖြင့်လည်း မဖြစ်နိုင်ပါ။ ဘဝရဲ့ နိယာမတရားအရ လူကောင်းတို့အတွက် သတ်မှတ်ထားသော မဏ္ဏိုင် (၆) ချက်ရှိပါသည်။ ၎င်းတို့မှာ- ယုံကြည်စိတ်ချမှု၊ ရိုသေလေးစားမှု၊ တာဝန်သိမှု၊ တရားမျှတမှု၊ စောင့်ရှောက်မှု နဲ့ နိုင်ငံသားကောင်းပီသမှုတို့ပဲ ဖြစ်ပါသည်။Classified Myanmar

ယုံကြည်စိတ်ချမှု

(၁) ပြီးပြည့်စုံခြင်း – မိမိကိုယ်ကို ယုံကြည်ပြီး ရပ်တည်နိုင်ရမည်။ မိမိ၏ ဝေဖန်ပိုင်းခြားမှုကို မတွေဝေပဲ လုပ်ဆောင်နိုင်ရမည်။ အခြားသူတစ်ယောက်ရဲ့ ပြောစကားကို နားမယောင်ဘဲ ဆောင်ရွက်ရမည်။
(၂) ရိုးသားခြင်း – လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ ခိုးဝှက်ခြင်း၊ လျှို့ဝှက်ခြင်း တို့ကို ဘယ်သောအခါမှ

Continue reading »

စိတ်ဓာတ်ခွန်အားကိုမြှင့်တင်ပေးသော အဆိုအမိန့်များ

| Knowledge, Motivation | December 27, 2014

classifieds

ယနေ့ခေတ်အချိန်ကာလသည် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လူသားများအားလုံးသည် တစ်နေ့ထက်တစ်နေ့အပြိုင်အဆိုင်ကြိုးစားနေကြလျက်ရှိရာ စိတ်ဓာတ်ကျဖွယ်ရာအခက်အခဲများ၊ စိတ် ပင်ပန်းဖွယ်ရာ ကိစ္စများ၊ ဖိအားများ၊ စိတ်ဖိစီးမှုများနှင့်ရင်ဆိုင်ရနေရသူများအတွက် ကမ္ဘာကျော်ပုဂ္ဂိုလ် များ၏ စိတ်ဓာတ်ခွန်အားကိုမြှင့်တင်ပေးသောအဆိုအမိန့်များကို တင်ပြလိုက်ရပါသည်။

“It is hard to fail, but it is worse never to have tried to succeed.” – Theodore Roosevelt

ရှုံးနိမ့်မှုကို ခံစားရသည်မှာ ခါးသီးပါသည်။ သို့သော် ပိုဆိုးသည်မှာ အောင်မြင်ရန် တစ်ရံတစ်ခါမှ မကြိုးစားခဲ့ခြင်းဖြစ်သည်။ – ၂၆ ဦးမြောက်အမေရိကန်သမ္မတ – Theodore Rossevelt

“Nothing can stop the man with the right mental attitude from achieving his goal; nothing on earth can help the man with the wrong mental attitude.” – W.W. Ziege

မှန်ကန်သော စိတ်နေစိတ်ထားဖြင့် ကြိုးစားနေသူအား မိမိ၏ရည်မှန်းချက်အောင်မြင်ရန်အတွက် မည် သည့် အရာကမှ ရပ်တန့်အောင် မပြုလုပ်နိုင်သကဲ့သို့ မှားယွင်းသော စိတ်နေစိတ်ထားရှိသူများကို လည်း မည်သည့်အရာကမှ ကူညီနိုင်မည် မဟုတ်ပါ။ – W.W. Ziege

“To climb steep hills requires a slow pace at first.” – Shakespeare

မတ်စောက်သောတောင်တန်းများကိုပထမဆုံးဦးစွာဖြည်းဖြည်းတက်ရန်လိုအပ်သည်။ – Shakespeare

“People often say that motivation doesn’t last. Well, neither does bathing – that’s why we recommend it daily.” – Zig Ziglar

စိတ်ဓာတ်တက်ကြွမှုသည် မတည်မြဲနိုင် ဟု လူအများက မကြာခဏပြောလေ့ရှိကြပါသည်။ ရေချိုးခြင်း သည်လည်း

Continue reading »

အီစွပ်၏ကမ္ဘာကျော်ပုံပြင်များ

| Knowledge, Motivation | December 11, 2014

Fable ဟု လူသိများထင်ရှားသည့် ပုံပြင်အမျိုးအစားမှာ ဖတ်ရှုသူများအား သင်ခန်းစာပေးသော ပုံပြင် များ ဖြစ်ပြီး အီစွပ်ရေးသားသောပုံပြင်များမှာ Aesop’s Fables ဟုပြောစမှတ်ပြုလောက်သည်အထိ ကမ္ဘာ တစ်ဝန်းလုံးရှိ လူအများအပြား သိရှိကြသည့် ကမ္ဘာကျော်ပုံပြင်များဖြစ်ကြပါသည်။ ယုန်နှင့်လိပ်၊ စပျစ်သီး နှင့် မြေခွေး၊ နွားစာခွက်ထဲက ခွေး၊ ခင်္သြေ့ နှင့် ကြွက်၊ ပုရွက်ဆိတ်နှင့် နှံကောင် အစရှိသည့် ပုံပြင်များမှာ ကမ္ဘာ တစ်ဝန်းလုံးရှိ စာဖတ်သူ အများစုနှင့် ရင်းနှီးပြီးသား ပုံပြင်များဖြစ်ကြပြီး ထိုပုံပြင်များထဲမှ စိတ်ဝင်စားဖွယ်ရာ ပုံပြင် ၃ ပုဒ်ကို ရွေးချယ် တင်ပြလိုက်ရပါသည်။

ပုံပြင်

လူ နှင့် မြွေ

တစ်ရံရောအခါက လူတစ်ဦး၏သားလေးမှာ မြွေတစ်ကောင်ကို မတော်တဆတက်နင်းမိရာ မြွေက ထိုကောင်လေးအား ပေါက်သတ်လိုက်သဖြင့် ထိုကောင်လေးသေဆုံးသွားလေ၏။ သားလေးသေဆုံးသွားသဖြင့် ဒေါသထွက်နေသော ကောင်လေး၏ဖခင်က ပုဆိန်တစ်လက်ဖြင့် သူ၏သားကိုကိုက်သတ်သွားသော မြွေအား လိုက်လံရှာဖွေ၍ မြွေ၏အမြီးကို ခုတ်ဖြတ်လိုက်လေသည်။ ထို့နောက် မြွေက တစ်ဖန် လယ်သမားဖြစ်သူ အဆိုပါကောင်လေး၏ဖခင်ပိုင်ဆိုင်သော ကျွဲနွားတိရစ္ဆာန်များ မြွေဆိပ်တက်၍ သေဆုံးသွားကြရန်

Continue reading »

အဆုံး၏အစ

| Knowledge, Motivation | November 28, 2014

myanmar advertising
နှစ်တစ်နှစ်၏နောက်ဆုံးလကို မကြာမီရောက်ရှိလာတော့မည် ဖြစ်သည်။ ကုမ္ပဏီများ၊ လုပ်ငန်း ဌာနများတွင် ယခုနှစ်၏လုပ်ငန်းအခြေအနေအစီရင်ခံစာများ၊ နောင်လာမည့်နှစ်အတွက် ကြိုတင်စီမံကိန်းများ ရေးဆွဲကြသည်။ သတင်းဌာနများကလည်း ယခုနှစ်တစ်နှစ်လုံးတွင် ထူးခြားသည့်သတင်းများအားလုံးကို နေ့ရက်အလိုက် စုစည်းကာ ထုတ်ပြန်တတ်ကြသည်။ ထို့အတူ ဤအချိန်အခါသည် ကျွနု်ပ်တို့ကိုယ်တိုင်လည်း မိမိတို့၏တစ်နှစ်တာ အခြေအနေကို လေ့လာသုံးသပ်ကြည့်သင့်သည့်အချိန်ဖြစ်ပေသည်။

၁။ ပထမဦးစွာ မိမိ၏တစ်နှစ်တာအခြေအနေသည် အကောင်းဆုံးအနေအထားမှာ ရှိနေသလား။ အဆိုးဆုံး အနေအထားကို ရောက်နေသလား။ သို့မဟုတ် အကောင်းနှင့်အဆိုးရောယှက်နေသလား ဆိုသည်ကို အကြမ်းဖျင်း စဉ်းစားသုံးသပ်ကြည့်ပါ။

ကျောင်းသားကျောင်းသူများအနေဖြင့် မိမိ၏တစ်နှစ်တာအခြေအနေအား မိမိ၏ပညာရေးအခြေအနေဖြင့် ချိန်ထိုးတိုင်းတာကြည့်နိုင်ပါသည်။ မိမိသည် ဤနှစ်တွင် တစ်ကြိမ်တစ်ခါမျှမသင်ယူခဲ့ဖူးသော အတတ် ပညာ၊ မလေ့လာမဆည်းပူးခဲ့ဖူးသော

Continue reading »

သူ့အကျိုး ကိုယ့်အကျိုး

| Knowledge, Motivation | November 13, 2014

သူ့အကျိုး ကိုယ့်အကျိုး

ဤလောကကြီးတွင် နေထိုင်ကြသောလူသားတိုင်းသည် တစ်ဦးနှင့်တစ်ဦး တစ်နည်းမဟုတ် တစ်နည်းနှင့် ပတ်သက်ဆက်နွယ်မှုရှိကြသည်။ “ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ”ဟူသော သဘောဖြင့် တစ်ဦးနှင့် တစ်ဦး နှစ်ဦးနှစ်ဖက်အကျိုးရှိစေရန် အပြန်အလှန် အမှီသဟဲပြုဆက်ဆံလျက်ရှိကြသည်။ ထိုသို့ သူတစ်ပါး အကျိုးကိုမငဲ့ကွက်ဘဲ မိမိအကျိုးတစ်ခုတည်းအတွက်သာ ကြည့်ကြမည်ဆိုပါလျှင် ဤကမ္ဘာကြီးသည် ပျက်စီး သွားပေလိမ့်မည်။ ထို့ကြောင့် မိမိတို့နေထိုင်ရာ ကမ္ဘာကြီးအဓွန့်ရှည်ရေးအတွက် အဓိကလိုအပ်ချက်မှာ လူသား တိုင်း ကိုယ့်အကျိုး၊ သူ့အကျိုးကို မျှမျှတတကြည့်ရှု၍ ဆောင်ရွက်တတ်ခြင်းပင်ဖြစ်သည်။

သူ့အကျိုးဟူသည် သူတစ်ပါး၌ အကျိုးတစ်စုံတစ်ရာရရှိခြင်းဖြစ်သည်။ ထိုသို့သူတစ်ပါး၌ အကျိုးတစ်စုံ တစ်ရာဖြစ်ထွန်းမည့်ကိစ္စအပေါ် ဖျက်လိုဖျက်ဆီးလုပ်ခြင်း၊ သူတစ်ပါးရရှိမည့်အကျိုးကို မိမိရရှိစေရန် ကြံဆောင် ခြင်း၊ မနာလိုဝန်တိုဖြစ်ကာ မကောင်းကြံခြင်း တို့အား မည်သည့်အခါမှ မည်သည့်အကြောင်းနှင့်မှ မပြုလုပ်သင့် ပါ။ မိမိအနေဖြင့် ထိုသို့မကောင်းသောအကြံတစ်ခုကိုကြံစည်မိပြီဆိုပါက မိမိမကောင်းကြံစည်မည့်လူ၏နေရာ တွင် မိမိကိုယ်စားဝင်ကြည့်လိုက်ပါ။ အခြားလူတစ်ဦးက မိမိအပေါ် ထိုသို့မကောင်းကြံလာလျှင်

Continue reading »

စာပေမှရသော သုတ၊ရသများ

| Knowledge, Motivation | November 2, 2014

online advertising
စာပေဆိုသည်မှာ လူသားများအတွက် အကောင်းဆုံးအဖော်မွန်ဖြစ်သည် ဟူသော ဆိုရိုးစကား အတိုင်းပင်လူသားသက်ရှိမိတ်ဆွေတို့၏အတွင်းစိတ်သဘာဝသည် ဖောက်ပြန်ပြောင်းလဲနိုင်သော် လည်း စာပေသည်ကား စာဖတ်သူတို့အပေါ် မည်သည့်အခါမှ ဖောက်ပြန်ပြောင်းလဲမည် မဟုတ်ပါ။ စာပေကို ယေဘုယျအားဖြင့် သုတစာပေနှင့်ရသစာပေ ဟူ၍ ခွဲခြားတတ်ကြပြီး မည်သည့်စာပေအမျိုး အစားအား ဖတ်ရှုစေကာမူ စာဖတ်သူပရိသတ်များအား သင်ခန်းစာတစ်ခုခုပေးစွမ်းနိုင်သည်ပင်။ စာပေ အမျိုးအစားများနှင့် စာပေရေးဟန်များကို အောက်ပါအတိုင်းခွဲခြားထားပါသည်။

အတ္ထုပ္ပတ္တိ (Biography& Autobiography)

အတ္ထုပ္ပတ္တိဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦး၏မွေးဖွားသည်မှ သေဆုံးသည်အထိ (သို့မဟုတ်) လက်ရှိ အချိန်အထိ ဖြတ်သန်းလာခဲ့သည့် ဘဝတစ်လျှောက်လုံးတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံ များအကြောင်းကို အသေးစိတ်ပုံဖော်ရေးသားတတ်သော စာပေအမျိုးအစား တစ်မျိုးဖြစ်ပါသည်။အချို့ အတ္ထုပ္ပတ္တိများသည် တစ်စုံတစ်ဦး၏အကြောင်းအား အခြားတစ်စုံတစ်ဦး (သို့မဟုတ်) စာရေးဆရာ တစ်ဦးက ရေးသားထားခြင်းဖြစ်ပြီး အချို့မှာမူ အဆိုပါပုဂ္ဂိုလ်က မိမိ၏အကြောင်းကို ကိုယ်တိုင်ရေးဖွဲ့ ထားသောကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများဖြစ်ကြပါသည်။ အများအားဖြင့် အတ္တုပ္ပတိများအဖြစ် လူသိများ ထင်ရှားသူတို့၏ဘဝအကြောင်းအရာများကို ရေးသားလေ့ရှိကြပြီး ဤစာပေအားဖတ်ရှုခြင်းဖြင့် အဆိုပါ ပုဂ္ဂိုလ်တို့ အောင်မြင်မှုပန်းတိုင်သို့ကြိုးစားပမ်းစားဖြင့် ဇွဲလုံ့လမလျှော့ဘဲမည်သို့အရောက်လျှောက်လှမ်း ခဲ့ကြပုံတို့အား သိရှိနိုင်ကာ ရှေ့ဆက်လျှောက်မည့် ဘဝခရီးလမ်းအတွက် ခွန်အားများစွာရရှိနိုင်ပါ သည်။

စုံထောက်ဇာတ်လမ်း (Detective Story)

လျှို့ဝှက်ဆန်းကြယ်ကာ စိတ်ဝင်စားဖွယ်ကောင်းပြီး ရှုပ်ထွေးပွေလီလှသည့်မှုခင်းများအား

Continue reading »

Page 1 of 21 2

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends