Driverless Shuttle

| Knowledge, Technology | August 18, 2013

navia

မောင်းသူမဲ့ ဖယ်ရီကား Driverless Shuttle

စင်္ကာပူမှာ မောင်းသူမဲ့ ကားဖြင့် စမ်းသပ်ပြေးဆွဲနိုင်ရေး စီစဉ်သင့်ပါတယ်။ သင့်အနေဖြင့် စင်္ကာပူ နာမည်ကြီး Nanyan နည်းပညာ ကျောင်း (NTU) ကိုရောက်ခဲ့ရင်တော့ …..အဲဒီနား က JTC corporation ရဲ့ Clean Tech Park ကို Navia ဆိုတဲ့ မောင်းသူမဲ့ ကားလေးက ခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ၂ ကီလိုမီတာ ( ၁.၂ ) မိုင်ခရီး ရှိတဲ့ လမ်းပေါ်မှာ စတင် စမ်းသပ်ပြေးဆွဲနေတာပါ ။

ခရီးသည် ၈ယောက် လိုက်ပါစီးနင်းနိုင်တဲ့ မောင်းသူမဲ့ ကားလေး Navia ကို ပြင်သစ်နိုင်ငံ Induct Technology ကုမ္ပဏီကထုတ်လုပ်ပေးတာပါ။ ခရီးသည်များဟာ သတ်မှတ်ထားတဲ့ မှတ်တိုင်များမှ လိုက်ပါစီးနင်းရမှာဖြစ်ပြီး သွားလိုတဲ့ ခရီး လမ်းကြောင်းကို Touch Screen Display မှာ ရွေးချယ်ပေးရမှာဖြစ်ပြီး ကားလေးဟာ အမြန်ဆုံး တစ်နာရီကို ၁၂. ၅ မိုင်နှုန်း ( 20 Km / h ) နဲ့ Public Roads တွေပေါ်မှာ ပြေးဆွဲပေးမှာပါ ။ ခရီး သည်များ စိတ်အနှောင့်ယှက် ကင်းကင်းနဲ့ ဘေးကင်းစွာ သွားလာနိုင်စေဖို့ လမ်းကြောပိတ်ဆို့မှုနဲ့ ပတ်ဝန်းကျင်ပြောင်းလဲမှုပေါ်မှာ ချက်ချင်းတုန့်ပြန်နိုင်စေတဲ့ အဆင့်မြင့် 3D depth map , Stereoscopic optical cameras နဲ့ LIDAR ( Light Detection And Ranging ) နည်းပညာများကို အသုံးပြု တပ်ဆင်ထားပါတယ်။ ခရီးစဉ်တစ်ခု ပြေးဆွဲ ပြီးတိုင်း ကြိုးမဲ့ အားသွင်းစနစ် တပ်ဆင်ထားတဲ့ Station ဆီကို အလို အလျောက် သွားရောက် အားဖြည့် မှာပါ ။ အဲဒီ မောင်းသူမဲ့ ယာဉ်များပြေးဆွဲ ဖို့ အတွက် သံလမ်းလိုမျိုး ကောင်းကင်ကြိုးလိုမျိုး မလိုအပ်တဲ့ အပြင် ကားလမ်းကိုလဲ ဘာမှပြုပြင်ပေးဖို့ မလိုပါဘူး။

ဒီ Project ရဲ့ Partner တွေဖြစ်တဲ့ NTU, JTC နဲ့ Induct တို့ကတော့ Navia နဲ့ သူ့လို ခရီးတိုပြေးဆွဲနိုင်မယ့် မောင်းသူမဲ့ ကြိုပို့ယာဉ်နည်းပညာ ထွန်းကားလာဖို့မျှော်လင့်နကြပါတယ်။

– Ref: GizMag

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends