Yum Yum ချဥ်စပ်ကြော်လုပ်စားကြမယ်

| Food | December 30, 2019

ကဲအခုလို ပိတ်ရက်တွေများတဲ့ အချိန်မှာ တစ်ယောက်ထဲပဲဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ပဲ ဖြစ်ဖြစ် အရသာရှိတဲ့ Yum Yum ချဥ်စပ်ခေါက်ဆွဲကြော်နည်းကို ဝေမျှလိုက်ပါတယ်…

 

ပထမဆုံးအဆင့်အနေနဲ့ ခေါက်ဆွဲကို ပြုတ်ပြီးရေစစ်ထားလိုက်ပါ။ အထုတ်ရေကတော့ ကိုယ်စားချင်တဲ့ အပေါ်မှာမူတည်ပါတယ်။ ခေါက်ဆွဲထဲမှာပါတဲ့ အရသာမှုန့်နဲ့ အဆီထုတ်ကို မထည့်ရသေးပါဘူး။ ပြီးရင်ကိုယ်စားချင်တဲ့ အသီးအရွက်၊ အသား၊ ကြက်ဥ စတာတွေကို မီးအနေတော်နဲ့ ကြော်ထားပါ။ အသားတွေအသီးအရွက်တွေ အလွယ်တကူမရှိရင်တော့ ကြက်ဥနဲ့ ကြက်သွန်စိမ်းနဲ့ ရောပြီးကြော်ပေးပါ။ ကြော်ပုံကြော်နည်းက ပုံမှန်ကြက်ဥကြော်သလို မဟုတ်ပဲ ကြက်ဥကို ဒယ်အိုးထဲ ဖောက်ထည့်လိုက်တာနဲ့ ကြက်သွန်ပါထည့်ပြီး တခါထဲ မွှေပေးဖို့လိုပါတယ်။ ဒီနေရာမှာ ခေါက်ဆွဲထုတ်ထဲက အရသာမှုန့်နဲ့ အဆီကို နည်းနည်းထည့်ပေးပါ။ ဒါမှ ကြက်ဥနဲ့ ကြက်သွန်တွေက စားလိုက်ရင် ချဥ်စပ်အရသာနဲ့ မွှေးနေမှာ ဖြစ်ပါတယ်။ ဒီလိုကြော်တဲ့ နေရာမှာ အရမ်းကျက်သွားအောင်ကြော်ရတာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ခေါက်ဆွဲနဲ့ ကျန်တဲ့အရသာမှုန့်နဲ့ အဆီကိုပါ ကြက်ဥနဲ့ ကြက်သွန်မကျက်တကျက်ထဲကို ထည့်ပြီး ကြော်ရမှာဖြစ်တဲ့အတွက်ကြောင့်ပါ။ အချဥ်အစပ် ကြိုက်သူတွေးအနေနဲ့လည်း သံပုရာသီး၊ ငြုတ်သီးတို့ ထပ်မံထည့်ပြီးစားနိုင်ပါတယ်။ 

 

အားလုံးပြီးသွားရင်တော့ အရသာရှိတဲ့ ချဥ်ချဥ်စပ်စပ် Yum Yum ချဥ်စပ်ကြော်ကို သုံးဆောင်နိုင်ပါပြီ။ 

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends