Detox water နဲ့ ခန္ဓာကိုယ်တွင်းအဆိပ်အတောက်တွေဖယ်ရှားမယ်

| Uncategorized | February 1, 2019

Detox water ဆိုတာခန္ဓာကိုယ်တွင်းကအဆိပ်အတောက်တွေကိုထုတ်ပေးပြီး အဆီလဲကျ အသားအရည်လဲလှစေရန်သောက်သုံးသင့်တဲ့ အရည်ပါ။ ဘေးထွက်ဆိုးကျိုးမရှိပဲ သဘာဝနည်းအတိုင်းအဆီကျလှပစေရန်လည်းသောက်သုံးလို့ရပါတယ်။ အသားအရည်ကိုစိုပြေလှပစေပြီး အူလမ်းကြောင်းကိုလည်းသန့်စင်စေပါတယ်။ Detox water လုပ်ရန်လိုအပ်တဲ့ပါဝင်ပစ္စည်းတွေဟာကုန်ကျစရိတ်အလွန်သက်သာပြီး လုပ်ရတာလဲလွယ်ကူပါတယ်။ ကဲလိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ရေ – ၁လီတာ သခွါးသီး – ၁လုံး သံပရာသီး -၁လုံး ပူတီနာရွက်-၁၀ရွက် ဂျင်း-၁တက် ရေ ၁လီတာဘူး သို့မဟုတ် ခရားထဲကို သခွါးသီး နဲ့ သံပရာသီး ကိုအကွင်းလေးတွေလှီးထည့်ပါ။ ဂျင်း၂ ပြားလောက်ထည့်ပါ။ အနံ့ပိုရစေလိုပါက ဂျင်းကိုထုပီးထည့်ပါ။ ပူတီနာရွက်ထည့်ပါ။ အဖုံးလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲထည့်ထားပါ။ အပြင်မှာထားလဲရပါပေမဲ့ ရေခဲသေတ္တာထဲထည့်ထားလျင်သောက်ရတာပိုအဆင်ပြေပါတယ်။ တစ်ခါသောက်ပြီးတိုင်း ရေထပ်ထည့်လို့ရပါတယ်။ အသီးအနှံတွေကလတ်ဆတ်ဖို့လိုတဲ့အတွက် တစ်ရက်ထက်တော့ပိုမထားသင့်ပါဘူး။ Detox Water ကိုနေ့စဉ်သောက်သုံးလို့ရသလို တစ်ပတ်တစ်ခါ တစ်လတစ်ခါလဲသောက်လို့ရပါတယ်။ Detox water ဟာဆိုးကျိုးမရှိပေမဲ့ နို့တိုက်မိခင်တွေနဲ့ အစာအိမ်ရောဂါအခံရှိတဲ့သူတွေတော့မသောက်သုံးသင့်ပါဘူး။

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends