ကိုယ့်ကိုကိုယ်ယုံကြည်မှုမြင့်မားသူတွေမှာရှိတဲ့ အလေ့အကျင့်များ

| Knowledge | June 17, 2020

လူတွေထင်တဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတာဟာ ကြောက်ရွံ့ခြင်းမရှိလို့မဟုတ်ပါဘူး။ ယုံကြည်မှုရှိတဲ့လူတွေလဲ ကြောက်စိတ်ကိုဘယ်လိုဖယ်ရှားနိုင်မလဲဆိုတာမသိသေးပါဘူး။ ကြောက်ရွံ့နေသော်လည်းပဲသင်အဆင်ပြေပြေလုပ်ဆောင်နိုင်လိမ့်တယ်ဆိုတဲ့ယုံကြည်ချက်ရှိခြင်းပဲဖြစ်ပါတယ်။ ယုံကြည်မှုရှိသောလူများဟာ အခြားသူများထက်စိုးရိမ်စိတ်လျော့နည်းလေ့ရှိသော်လည်း အမှန်တကယ်ယုံကြည်မှုအပြည့်ရှိသောလူများရဲ့ဘဝဇာတ်ကြောင်းတွေဟာ ပိုမိုများပြားရှုပ်ထွေးတတ်ပါတယ်။ အောက်ဖော်ပြပါအချက်များသည် ကိုယ့်ကိုကိုယ်ယုံကြည်မှုအားနည်းပြီး ကြောက်ရွံ့မှုနှင့်လုံခြုံမှုကင်းမဲ့ခြင်းစသည်တို့ကို ခံစားနေရသောအခြေအနေတွေကို ပြောင်းလဲစေနိုင်မဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုမြင့်မားသူတွေမှာပဲရှိတဲ့ အလေ့အကျင့်များပဲဖြစ်ပါတယ်။

 

ကိစ္စတစ်ခုခု အပေါ် ကြောက်လန့်ပြီးထွက်ပြေးနေမည့်အစားလက်ခံရင်ဆိုင်တတ်ခြင်း

 

လူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာ စကားအပြောအဆို ရဲရဲရင့်ရင့် အခိုင်အမာ တိတိကျကျ ပြောဆိုဆက်သွယ်တတ်ခြင်း

 

ကိစ္စတစ်ခုကိုဆုံးဖြတ်ချက်ချတဲ့အခါ ခံစားချက်များကိုအခြေမခံဘဲ တန်ဖိုးများကိုအခြေခံ၍ ဆုံးဖြတ်ချက်များချခြင်း

 

အမှားအယွင်းများဖြစ်ပြီးနောက်ပိုင်း မိမိရဲ့အမှားကိုလက်ခံခြင်း

 

စသည်တို့ပဲဖြစ်ပါတယ်။အမှားတွေလုပ်မိတိုင်း ကိုယ့်ကိုကိုယ် အနာတရဖြစ်အောင်လုပ်တာကရေရှည်အောင်မြင်ဖို့နည်းလမ်းတစ်ခုမဟုတ်ဘူးဆိုတာကိုယုံကြည်မှုရှိသူတွေကသိကြပါတယ်။ကိုယ့်ကိုကိုယ် အပြစ်တင်ပြီး စိတ်ဓာတ်ကျ အလျော့ပေးခြင်းဟာအကျိုးမရှိဘူးဆိုတာကိုနားလည်ကြပါတယ်။သူတို့အမှားလုပ်မိတဲ့အခါယုံကြည်မှုရှိတဲ့လူတွေကကိုယ့်ကိုယ်ကိုသူငယ်ချင်းကောင်းတစ်ယောက်လိုဆက်ဆံသလိုသူတစ်ပါးကိုသနားကြင်နာစွာဆက်ဆံတတ်ကြပါတယ်။

 

ဒါကြောင့် ယုံကြည်မှုပိုမိုရှိခြင်းသည် သင့်ရဲ့ဘဝထဲမှ မှကြောက်ရွံ့ခြင်းကိုဖယ်ရှားခြင်းမဟုတ်ပါ။သင်၏ကြောက်ရွံ့မှုနှင့်အတူနေထိုင်ရန်သင်ယူခြင်းကိုဆိုလိုသည်။ ဒါကြောင့် မှန်ကန်သော အလေ့အထများကိုတည်ဆောက်ပါ။ မည်သည့်အခြေအနေမျိုး၌ပင်ရှိနေပါစေယုံကြည်စိတ်ချစွာပြောဆိုတတ်ရန်သင်ယူနိုင်ပါစေ။

 

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends