သင့်အတွက် Healthy Lifestyle Tip များ

| Food, Health | March 24, 2019

ကျန်းမာပျော်ရွှင်တဲ့ဘဝလေးပိုင်ဆိုင်နိုင်ဖို့ လိုက်နာသင့်တဲ့နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်… 1. အာဟာရမျှတစေရန်အချိုးကျစားပါ ကောင်းမွန်တဲ့ကျန်းမာရေးရရန်အတွက် အာဟာရဓာတ်ပေါင်း ၄၀ ထက်ပိုပြီးလိုအပ်ပါတယ် အစာအမျိုးစားတမျိုးထဲစားရုံနဲ့ မရနိုင်ပါဘူး မည်သည့်အစားအစာကိုမဆိုအာဟာရမျှတအောင်စားဖို့လိုပါတယ် ဥပမာပြောရမယ်ဆိုရင် အဆီဓာတ်များတဲ့အစားအစာကိုနေ့လည်စာအနေနဲ့စားထားလျင်ညစာကိုအဆီဓာတ်နည်းတဲ့အစားမျိုးရွေးချယ်သင့်ပါတယ် ညစာကိုများများစားထားလျင် နောက်တနေ့မှာငါးစတဲ့အဆီနည်းတဲ့အစာမျိုးစားသင့်ပါတယ်။

2. သင့်ရဲ့ Diet plan အတွက် ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝပါစေ Diet လုပ်နေတဲ့သူတွေအနေနဲ့စားသုံးတဲ့အစားအစာတစ်ဝက်ရဲ့ကယ်လိုရီဟာ ကောက်နှံ,ဆန်,ပါစတာ, အာလူးနဲ့ပေါင်မုန့်လိုကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေကနေရသင့်ပါတယ်။အဆိုပါအစားအစာထဲကအနည်းဆုံးတမျိုးတော့နေ့စဉ်စားတဲ့အစားအစာထဲမှာစားသင့်ပါတယ်။ဂျုံနဲ့လုပ်ထားသောအစားအစာများဖြစ်တဲ့ ပေါင်မုန့် ကောက်နှံ ပါစတာတို့ဟာလဲ အမျှင်ဓာတ်ကြွယ်ဝစေပါတယ်။

3. ဟင်းသင်းဟင်းရွက်နဲ့အသီးအနှံများကိုနှစ်ခြိုက်စွာစားပါ အသီးအနှံနဲ့အရွက်တွေဟာ ဗိုက်တာမင် သတ္တုဓာတ်နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်တာမို့အရေးပါတဲ့အစားအစာတွေပါ။အနည်းဆုံးတနေ့ငါးမျိုးတော့ပါဝင်အောင်စားသင့်ပါတယ်။ဥပမာအားဖြင့် လတ်ဆတ်တဲ့အသီးဖျော်ရည်တစ်ခွက်ကိုမနက်စာအနေနဲ့သောက်သုံးသင့်သလို ပန်းသီးတစ်လုံး ဖရဲသီးစိတ် စတာတွေကိုအစာပြေအနေနဲ့စားသင့်သလို အခြားဟင်းသီးဟင်းရွက်တွေကိုလဲ စားသုံးသင့်ပါတယ်။

4. အချိုဓာတ် နဲ့ အငန်ဓာတ်စတာတွေကိုလျှော့စားပါ အငန်ဓာတ်များများစားခြင်းဟာသွေးတိုးရောဂါနဲ့နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါဖြစ်ပွားနိုင်ခြေမြင့်မားပါတယ် ။အငန်ဓာတ်လျော့ချဖို့နည်းလမ်းတွေရှိပါတယ်။ဈေးဝယ်ထွက်တဲ့အချိန်မှာSodium ဓာတ်လျော့နည်းတဲ့အစားအစာကိုရွေးချယ်ဝယ်ယူသင့်ပါတယ် ။ဟင်းချက်တဲ့အခါမှာလဲအငန်ဓာတ်ကိုလျော့နည်းအောင်ဟင်းခတ်အမွှေးအကြိုင်တွေကိုအစားထိုးချက်သင့်ပါတယ် ။ အစာစားတဲ့စားပွဲပေါ်မှာဆားမထားခြင်းဟာလဲ ဆားကိုထပ်မထည့်အောင်ကူညီရာရောက်ပါတယ်။သကြားဓာတ်မြင့်မားစွာပါတဲ့အချိုရည် နဲ့အစားအစာတွေအစား ချိုတဲ့အသီးအနှံတွေကိုအစားထိုးစားသင့်ပါတယ်။

5. ရေများများသောက်ပါ လူတယောက်ဟာအနည်းဆုံး ရေ 1.5 လီတာတော့သောက်သုံးသင့်ပါတယ် ။ရာသီဥတုပူပြင်းတဲ့အချိန်ဆိုပိုမိုလိုအပ်ပါတယ။ချွေးထွက်များတဲ့သူတွေအတွက်လဲ ရေများများသောက်ပေးသင့်ပါတယ်။ရေကတော့အခြေခံလိုအပ်တဲ့အရည်ပါ။အခြား အသီးဖျော်ရည် နို့အခြားအရည်အမျိုးမျိုးကိုလဲသူ့အချိန်နဲ့သူသောက်သုံးသင့်ပါတယ်။ အထက်ပါနည်းလမ်းတွေဟာအပြောလွယ်ပေမဲ့ နေ့စဉ်လိုက်နာပြီးစားသုံးဖို့တော့ခက်ခဲပါတယ်။ဒါပေမဲ့ တဖြည်းဖြည်းအကျင့်ယူနေထိုင်စားသောက်သွားမယ်ဆိုရင်တော့ကျန်းမာလှပတဲ့ဘဝလေးရမှာအမှန်ပဲနော်။ Ref-lifestyletips

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends