3D နည်းပညာသမိုင်း

| Knowledge, science | February 13, 2015

3D (Three-Dimension) သို့ S3D (Stereoscopic 3D) ဆိုသည်မှာအမြင်အာရုံကို မြင့်မားသောပုံရိပ်များအဖြစ် မြင်စေပြီးရွေ့လျားနေသောပန်းချီကားများဟုဆိုလိုခြင်းဖြစ်ပါသည်။ အဝေးမှ မြင်ရသောအရာများကိုပုံရိပ်ဖမ်းယူနိုင်ရန်အတွက် ပုံမှန်ကင်မရာစနစ် ပါဝင်သော Stereoscopic ဓါတ်ပုံပညာကိုအသုံးပြုရပါသည်။ ၎င်းကို အထူးကောင်းမွန်သောကရိယာ (သို့) ပုံရိပ်ကိုဖမ်းယူနိုင်သောမျက်မှန်ကဲ့သို့ ပစ္စည်းများဖြင့် ကြည့်ရှုနိုင်ပါသည်။ 3D နှင့်ပက်သက်သောသမိုင်းအချို့ကိုဖော်ပြပေးပါမည်။3D

၁၉၀၃ – ရုပ်ရှင်ကိုတီထွင်သူLumieဲreညီအစ်ကို နှစ်ယောက်ဟာ“ L’arriveeဲ du train”နာမည်နဲ့ ပထမဦးဆုံး 3D ဇာတ်ကားကို ပြသခဲ့ပါသည်။ ပရိတ်သတ်တွေအတွက် ထိတ်လန့်စဖွယ် ဖြစ်စေခဲ့သောကြောင့် ငွေကြေးဆုံးရှုံးမှုများသာရှိခဲ့ပါသည်။

၁၉၂၂ – Los Angeles ရှိ Ambassador ဟိုတယ်တွင် တီထွင်သူတို့ရဲ့ ပထမဆုံးအနာဂတ် 3D ဇာတ်ကားကို ပြသခဲ့သည်။ “ The power of love” ဇာတ်ကားကို ကြည့်ရှုသူတွေကလက်ခံခဲ့ပေမယ့် ပြသသူတွေရဲ့ ရှုပ်ထွေးသောနားမလည်မှုတွေကြောင့် နလန်မထူနိုင်ဘဲ ဖြစ်ခဲ့ရသည်။

၁၉၃၆ – MGM ရဲ့ Audioscopiksဟာစကားပြောပါသောပထမဦးဆုံးဇာတ်ကားဖြစ်ပါသည်။ အတိုဆုံးဇာတ်ကားအဖြစ် Academy Award ရရှိခဲ့ပါသည်။

၁၉၅၂ – Bwana Devil ဇာတ်ကားသည် (၃) နှစ်ကြာသည့်တိုင်အောင် ဝင်ငွေနည်းသော ဇာတ်ကားအဖြစ် စာရင်းဝင်ခဲ့သည်။ ၎င်းဇာတ်ကားကို 3D မျက်မှန်ဖြင့် ပထမဦးဆုံး ကြည့်ရှုခြင်းဖြစ်သည်။

၁၉၆၀ – September Storm သည် ပထမဆုံး Cinemascope 3D ဇာတ်ကားဖြစ်သည်။ ဤဇာတ်ကားပြီးနောက် 3D format သည် (၁၀)စုနှစ်ကျော် ငြိမ်နေခဲ့သည်။

၁၉၇၃ – Andy Warhol နှင့် Paul Morrissey တို့သည် 3D ကို ပြန်လည်အသက်သွင်းခဲ့သည်။ Flash For Frankenstein ဇာတ်ကားဖြစ်ပါသည်။

၁၉၈၂ – United State တွင် တုန်လှုပ်ချောက်ချားစေသောဇာတ်လမ်းတွဲများကို 3D အမြင်ဖြင့် ထုတ်လုပ်ပြသခဲ့သည်။ Friday the 13th part lllဇာတ်ကားရဲ့နောက်တွင် Jaws 3Dနဲ့ Amityville 3D တို့ကလည်းလျင်မြန်စွာထွက်ရှိခဲ့ပါသည်။

၁၉၉၁ -Hovertank 3D ဂိမ်းသည် ပထမဦးဆုံးကွန်ပျူတာဂိမ်းအဖြစ် ထွက်ရှိလာခဲ့သည်။

၁၉၉၅ – ပထမဆုံး 3D IMAX ကိုပြုလုပ်သူ ပြင်သစ်နိုင်ငံသား Jean-Jacques Annaudကိုချီးကျူးသြဘာပေးခဲ့ကြသည်။ Wings of Courage ဇာတ်ကားအတွက် $20 million ကုန်ကျခံခဲ့သောကြောင့်ဖြစ်သည်။

၂၀၀၃ – James Cameron ရဲ့ Ghost of the Abyss သည် အနာဂတ် 3D IMAX နှင့် စစ်မှန်သောကင်မရာစနစ်များ ပါဝင်သော ဇာတ်ကားဖြစ်လာခဲ့သည်။ သာဓကအဖြစ် Titanic ပျက်စီးခြင်းသည် Avatar ဇာတ်ကားပြုလုပ်ရန်အတွက် အခြေခံနည်းပညာ ဖြစ်ခဲ့ပါသည်။

၂၀၀၈ – U2 3D ဇာတ်ကားသည် သက်ရှိအတိုင်းလှုပ်ရှားမှုရှိသောဒီဂျစ်တယ် 3D ဖြင့်ပြသခဲ့ရာ ဝေဖန်သူတို့၏ မှတ်ချက်ကြောင့် သက်ရှိတို့ထက် ပိုမိုကောင်းမွန်သော 3D အတွေ့အကြုံသစ်ရရှိခဲ့သည်။

၂၀၀၉ – Sci-fi epic Avatar သည် တချိန်လုံးဇာတ်ရှိန်မြင့်သောဇာတ်ကားဖြစ်လာသည်။ ဤဇာတ်ကားသည် 3D နည်းပညာကိုကျယ်ပြန့်စွာအဓိကဆုပ်ကိုင်သူဖြစ်ပါသည်။

၂၀၁၀ – ဥရောပတွင် ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်သော 3D အားကစားရုပ်သံလိုင်းများအဖြစ် Rugby Union ပြိုင်ပွဲများကိုရွေးချယ်ခဲ့ပြီးအစီအစဉ်ရေးဆွဲခဲ့သည်။

အနာဂတ်တွင် မိမိတို့အိမ်၌ ကြည့်ရှု၍ရသော 3D TV များကိုတီထွင်ထုတ်လုပ်နေကြပြီ ဖြစ်ပါသည်။ Mobile phone များတွင်လည်း 3D နှင့်ပက်သက်သော Application တွေကိုတီထွင်ပြီး ဖြစ်ပါသည်။

– Ref: Mirror UK
– Tinmg Htoo

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends