အားလပ်ချိန်ကိုအကျိုးရှိရှိအသုံးချနိုင်မဲ့နည်းလမ်းများ

| Knowledge | January 4, 2019

ယခုခေတ်မှာလူတိုင်းလူတိုင်းအလုပ်ကိုယ်စီနဲ့အမြဲလှုပ်ရှားရုံးကန်နေရပြီး အားလပ်ချိန်ရဖို့ရန်အလွန်ပင်ခက်ခဲပါတယ်။ ဒါကြောင့်ရခဲလှတဲ့မိမိရဲ့အားလပ်ချိန်ကိုအကျိုးရှိရှိအသုံးချပြီးပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်တဲ့နည်းလမ်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်

ကိုယ်ရဲ့ဝါသနာအလိုက်သင်တန်းတွေတက်ပါ

ကိုယ့်ရဲ့အားလပ်ချိန်မှာဝါသနာအလိုက်သင်တန်းတွေတက်ခြင်းဟာဗဟုသုတရဖို့ရန်မက ကိုယ့်ရဲ့အလုပ် ဒါမှမဟုတ် ကိုယ်အနာဂတ်မှာလုပ်မဲ့အလုပ်အတွက်လည်း အထောက်အပံ့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ကိုယ့်ရဲ့အရည်အချင်း အရည်အသွေးတွေကို မြှင့်တင်ရာလည်းရောက်ပြီး မသိသေးတဲ့အရာတွေကိုလည်းလေ့လာပြီးသားဖြစ်ပါတယ်။ဥပမာပြောရမယ်ဆို ပန်းချီသင်တန်း,ကြက်ခြေနီသင်တန်း,မုန့်ဖုတ်သင်တန်းအကသင်တန်းစတာမျိုးတွေတက်လို့ရပါတယ်။ကိုယ့်ရဲ့အားလပ်ချိန်ကိုအကျိုးရှိရှိအသုံးချရာလဲရောက်ပါတယ်။

အပင်စိုက်ပါ

အပင်စိုက်ခြင်းဟာလဲသင့်ရဲ့အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချနည်းတစ်မျိုးပါပဲ။မိမိစိတ်ကိုတည်ငြိမ်မှုရစေရုံသာမကစိတ်ကိုကြည်လင်စေပါတယ်။ကိုယ်တိုင်စိုက်တဲ့သီးပင်စားပင်တွေနဲ့မိသားစုကိုကျွေးမွေးလို့ရပါသေးတယ်။သီးပင်စားပင်တင်မဟုတ်ပါဘူး ပန်းပင်နဲ့ဆေးဘက်ဝင်အပင်တွေလဲစိုက်လို့ရပါသေးတယ်။

ဟင်းချက်ပါ

ဟင်းချက်တာကိုအိမ်မှုကိစ္စအနေနဲ့သဘောမထားပဲဝါသနာအရချက်ကြည့်ပါ။ဟင်းချက်နည်းစာအုပ်ကိုယူပြီးဟင်းချက်နည်းတွေကိုစမ်းချက်ကြည့်ပါ။ဟင်းချက်နည်းအသစ်တွေစမ်းပြီးချက်ကြည့်ခြင်းဟာလဲ မိမိရဲ့အားလပ်ချိန်ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ရုံမက ကိုယ်တိုင်ချက်ပြုတ်စားတဲ့ အလေ့အကျင့်ကိုရစေပါတယ်။ယခုခေတ်မှာတော့ ဟင်းချက်နည်း video အမျိုးမျိုးကို online ကနေလဲလေ့လာလို့ရနေပါပြီ။

ဘာသာစကားအသစ်တစ်ခုသင်ယူပါ

မိမိအလုပ်အတွက်လည်းအဆင်ပြေပြီးမိမိမသင်ယူရသေးတဲ့ဘာသာစကားအသစ်တစ်ခုသင်ယူပါ။စိတ်တည်ငြိမ်မှုရစေရုံသာမက မိမိမသိသေးသော နိုင်ငံရဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကိုပါသိရှိရပြီးဗဟုသုတလဲရစေပါတယ်။ မိမိသင်နေတဲ့ဘာစာစကားနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်း၊စာအုပ် စတာတွေကိုပါလေ့လာနိုင်တဲ့အတွက်အကျိုးရှိတဲ့နည်းလမ်းတစ်ခုပါပဲ။

ဖော်ပြပါနည်းလမ်းအချို့ထဲကနည်းလမ်းတွေကိုအသုံးချပြီးပျော်ရွှင်စရာကောင်းတဲ့အားလပ်ချိန်လေးကိုအကျိုးရှိရှိအသုံးချနိုင်ဖို့မျော်လင့်ပါတယ်။

Ref-Wikihow

No Tags

  

Sponsored Links

Leave a Reply

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends