Homemade ကြက်ဥလိပ် ပြုလုပ်နည်း

| Food | May 11, 2018

ဒီနေ့အတွက် မုန့်လုပ်နည်းအသစ်ကတော့ ကလေးတွေရော လူကြီးတွေရော ကြိုက်ကြပီး လုပ်ရတာလဲအရမ်းလွယ်ကူတဲ့ Homemade “ကြက်ဥလိပ်”လုပ်နည်းလေးကို တင်ပေးလိုက်ပါတယ်နော်။ လုပ်ရတာလွယ်ကူပြီး ကလေးလူကြီး အကြိုက်တွေ့စေမှာပါ။

Homemade “ကြက်ဥလိပ်”နည်း ပြုလုပ်ရန်တွက်
ပါဝင်ပစ္စည်းများ>>>

၁.ကြက်ဥ၃လုံး
၂.ကြက်သွန်မြိတ်၁စည်း
၃.မုံလာဥနီ၁လုံး
၄.ဆား,ဟင်းချိုမှုန့်အနဲငယ်

Homemade “ကြက်ဥလိပ်”နည်းအဆင့်ဆင့်

၁.ကြက်သွန်မြိတ်၁စည်းနဲ့မုံလာဥနီအနဲငယ်ကို တောက်တောက်စင်းထားပါ

၂.ကြက်ဥ၃လုံးကို ဆား,ဟင်းချိုမှုန့်အနဲငယ်
ထည့်ကာကျေညက်နေအောင်ခလောက်ထားပီး ကြက်သွန်မြိတ်နဲ့မုံလာဥနီ တောက်တောက်စင်းထားတာတွေရောထည့်ပီး မွှေထားပေးပါ

၃.မကပ်တဲ့အိုးထဲမှာ ဆီသုတ်ပေးပါ(ဆီကိုသုတ်တယ်ဆိုရုံသာသုတ်ပေးပါ)

၄.ပီးရင် ခုနကကြက်ဥနဲ့အသီးနှံရောထားတဲ့ အရည်ကို (ပုံပါအတိုင်း)ဇွန်းနဲ့အိုးထဲသို့ ခပ်ထည့်ပီး
ဖြန့်ခင်းပေးပါ(ဖြန့်မခင်းရင်ထူထးကြီးဖစ်နေကာလိပ်လို့မရပါဘူး) မီးအရှိန်ကိုလုံးဝလျော့ချထားပါ

၅.ကြက်ဥရဲ့အဖျားနားကကျက်ပီဆိုရင် စပီးလိပ်ပါတော့မယ်

၆.လိပ်နေရင်းနဲ့တဝက်လောက်ရောက်ပီဆိုရင် အလိပ်ကို အနောက်နဲနဲဆုတ်လိုက်ပါ(ယောင်းမထောက်ပြထားသလောက် နေရာလွတ်ရအောင်လုပ်ပါ)

၇.အဲ့နေရာလွတ်မှာ ကြက်ဥအရည်တွေကိုထပ်ထည့်ပိးဖြန့်ထည့်ပေးကာ ဆက်ပီးလိပ်ပေးပါ

၈.အခုလိုမျိုးလိပ်လိုက် အနောက်ဆုတ်ပီးအရည်ထပ်ဖြည့်လုပ်နဲ့ကို ကြက်ဥအရည်တွေကုန်သည်အထိလုပ်ပေးပါ

၉.ကြက်ဥအရည်ကုန်ပီဆိုရင် အကုန်လိပ်လိုက်ပီးတော့အိုးထဲကနေဆယ်ပီး ပန်းကန်ထဲခဏထည့်ကာ အအေးခံထားပီး ဓါးထက်ထက်နဲ့အလိပ်လေးတွေလှီးဖျက်ပေးပါ

၁၀.ကဲ…..နောက်ဆုံးတော့ အရသာရှိတဲ့ Homemade “ကြက်ဥလိပ်” လေးကိုသုံးဆောင်လို့ရပါပီ😋😋😋

လုပ်စားကြည့်ကြပါနော် လုပ်ရတာကအရမ်းကိုလွယ်ကူပီး စားလို့ကလဲအရမ်းကောင်းပါတယ်😋

🍁ZPH🍁 original photo
Thank Q All💜💜

Ref: ZunPwintHtun Blog

No Tags

  

Sponsored Links

Leave a Reply

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends