သဘာဝကပေးတဲ့ အလှတရား သို့မဟုတ် ပျားရည်

| Health, Knowledge | July 20, 2019

ပျားရည်ကိုအသုံးပြုပြီး အလှအပအတွက်အသုံးချကျရအောင်။ ပျားရည်ဟာအလှအပအတွက်နေရာစုံကနေအသုံးချလို့ရပါတယ်။ ဘယ်လိုနေရာတွေမှာလဲဆိုတော့…

နှခမ်းသားနူးညံ့စိုပြေစေရန်ပျားရည်ကိုညမအိပ်ခင်နှခမ်းသားကိုသုတ်လိမ်းပေးပါက မနက်လင်းလျှင်နူးညံ့ချောမွေ့နေတဲ့နှခမ်းသားတစ်စုံကိုရရှိမှာဖြစ်ပါတယ်။

ပျားရည်ကိုရောင်ရမ်းနေတဲ့ဝက်ခြံဖြစ်တဲ့နေရာပေါ်သုတ်လိမ်းပေးပီးအပေါ်ကနေတစ်ရှုး ဒါမှမဟုတ် ဂွမ်းလေးနဲ့ကပ်ထားပေးပါ။ မနက်ကျရင်တော့ရောင်ရမ်းနေတဲ့ဝက်ခြံသက်သာနေတာကိုမြင်တွေ့ရမှာပါ။ အမာရွတ်တွေအပေါ်လဲလိမ်းပေးလို့ရပါတယ်။

ဆံပင်အဖျားနှစ်ခွဖြစ်တဲ့အဖျားတွေကိုညဘက် ပျားရည် နဲ့ သံလွင်ဆီကိုရောလိမ်းပေးပြီးမနက်ကျခေါင်းလျော်ပေးပါ။ တစ်ပတ် ၂ကြိမ်ပြုလုပ်ပေးပါက သိသာတဲ့ရလာဒ်ကိုခံစားရမှာပါ။

ညမအိပ်ခင်မှာ မျက်နှာပေါ်ကို ရှားစောင်းလက်ပက်အနှစ်နဲ့ပျားရည်ကိုရောပြီးလိမ်းပေးပါက မနက်မိုးလင်းလို့မျက်နှာသစ်တဲ့အခါ သင့်ရဲ့မျက်နှာလေးဝင်းပကြည်လင်နေပါလိမ့်မယ်။

ဆားဝက်ခြံဖြစ်တဲ့နေရာပေါ်မှာ ပျားရည်နဲ့သံပရာသီးကိုရောပီးသုတ်လိမ်းပေးပါကဆားဝက်ခြံတွေကိုသက်သာစေပါတယ်။

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends