Teamwork ကောင်းပြီး ညီညွတ်တဲ့လုပ်ငန်းခွင်ဖြစ်ဖို့

| Knowledge | December 13, 2018

အလုပ်ခွင်မှာ Teamwork ကောင်းကောင်းရှိဖို့ဆိုတာလည်းအလွန်အရေးပါတဲ့ လိုအပ်ချက်ပါ။ Teamwork ကောင်းကောင်းရှိပြီး ညီညွတ်တဲ့ ဝန်ထမ်းများနဲ့ တည်ဆောက်ထားတဲ့ အလုပ်ခွင်ဟာ ပိုမိုပျော်ရွှင်မှု ရရှိစေ တာသာမကပဲ အခက်အခဲတွေဖြေရှင်းရာမှာလဲ ဆုံးဖြတ်ချက်မှန်ကန်စွာနဲ့ အလွယ်တကူဖြေ ရှင်း နိုင်ကျ တယ်လို့ဆိုပါတယ်။ ကဲဒါဆို Teamwork တစ်ခုမှာ ပံပိုးအားပေးဖို့ လိုအပ်တဲ့ အချက်တွေ ကို ဖော်ပြပေးပါမယ်…

Engage

ပထမဦးစွာ လိုအပ်တဲ့အချက်ကတော့ Engage ပါ။ Team Members တွေကို စည်းရုံးသိမ်းသွင်းဖို့ လိုပါတယ်။ ကိုယ့် Team Members တွေရဲ့ အားနည်းချက် အားသာချက်တွေကိုသိရှိထားပြီး သူတို့ကို Team နဲ့အလုပ်လုပ်ရတဲ့ အားသာချက်တွေကိုစည်းရုံးပြီး Communicate လုပ်ပါ။

Ask

Team member တွေရဲ့အခက်အခဲတွေ အလုပ်ခွင်အတွင်း ပြဿနာတွေကို လျစ်လျူမရှုထားပဲ ဂရုတစိုက်မေးမြန်းပါ။ Member တွေရဲ့လိုအပ်ချက်တွေကိုသိရှိမှသာ ဖြေရှင်းပေးနိုင်မှာဖြစ်တဲ့အတွက် မေးပါ မမေးပဲမနေပါနှင့်။

Help

မေးမြန်းပြီးလျင် တတ်နိုင်သလောက် ကူညီပါ။ဒါမှသာ အလုပ်လုပ်ရတာလဲ မြန်ဆန်ပြီး ကိုယ့် Team Member လဲ အလုပ်မှာ Stress နည်းပြီးပျော်ရွှင်နိုင်မှာပါ။

Discuss

ဆွေးနွေးတိုင်ပင်ပါ။ မကြာခဏ အလုပ်နဲ့ပက်သက်တဲ့အကြောင်းအရာ Topic တွေကို ဆွေးနွေးတာမျိုး မကြာခဏပြုလုပ်ပေးပါ။

Suggest

ဆွေးနွေးတဲ့အခါမှာလည်း Member တစ်ယောက်ခြင်းဆီရဲ့အကြံအဉာဏ် ကိုနားထောင်ပါ။ဒါမှသာ ကိုယ့် Team ရဲ့ အရည်အချင်းတွေမြင့်တက်လာမှာဖြစ်ပါတယ်။

Solve

ဖြေရှင်းပါ။ အလုပ်ခွင်မှာ ပြဿနာတစ်စုံတစ်ရာရှိပါက ကြာရှည်အချိန်မဆွဲထားပဲ အလျင်အမြန်ဖြေရှင်းပါ။

Positive

အကောင်းမြင်စိတ်ရှိရပါမယ်။ Team မှာတစ်ဦးနှင့်တစ်ဦး အမြင်မကြည်မလင်တာရှိခဲ့ရင်တောင် အကောင်းမြင်ဘက်ကတွေးပေးပါ။ ဒါမှသာ လုပ်ငန်းခွင်တွင်း ပဋိပက္ခ တွေကိုမဖြစ်စေမှာဖြစ်ပါတယ်။

Ref-outputmessenger.com

No Tags

  

Sponsored Links

Leave a Reply

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends