စာမေးပွဲအတွက်ပြင်ဆင်မယ်

| Education | October 11, 2018

အခုဖော်ပြပေးမှာကတော့ စာမေးပွဲကာလစာမေးပွဲနီးလာတဲ့အခါစိတ်ပူပင်တတ်တဲ့သူတွေ ဘယ်ကနေစပြီးစာကိုကျက်ရမလဲ လေ့လာရမလဲ ဝေခွဲရခက်တဲ့သူတွေ အတွက် စာမေးပွဲအတွက်ပြင်ဆင်ပုံနည်းလမ်းလေးတွေကိုဖော်ပြပေးပါမယ်…

(1) စာမေးပွဲအတွက်လိုအပ်တဲ့စာတွေကိုတစ်စုတစ်စည်းထဲထား ဘာသာရပ်အလိုက်စနစ်တကျခွဲထားပါ။ ကိုယ်လေ့လာမှတ်သားထားတဲ့ Notes တွေကိုလဲ စနစ်တကျသူ့ Section နဲ့သူထားပါ။ ဒါမှသာ ကိုယ်ပြန်ပြီးကြည့်ချင်တဲ့အခါမှာအလွယ်တကူပြန်ရှာလို့ရတဲ့အပြင် စာလေ့လာတဲ့အခါမှာ လဲရှင်းရှင်း လင်းလင်းနဲ့ကျက်မှတ်နိုင်မှာဖြစ်ပါတယ်/

(2)စာမေးပွဲနီးမှစာလုပ်တာထက်တစ်နေ့ကိုအနည်းငယ်နဲ့စာမေးပွဲမတိုင်ခင်ရက်အတော်ကြာထဲကစာကိုကြာထဲကလေ့လာထားတာက စာမေးပွဲကြောင့်ရတဲ့စိတ်ဖိစီးမှုကိုလျော့နည်းစေတဲ့အတွက် စာကိုပိုမိုပိုင်နိုင်စွာမှတ်သားနိုင်တဲ့အပြင် စာမေးပွဲနီးတဲ့အခါပူပင်ကြောင့်ကျနေစရာမလိုတော့ပါဘူး။

(3)ရအောင်ကြိုးစားချင်မယ်ဆိုတဲ့စိတ်ရှိရပါမယ်။ငါရအောင်ကြိုးစားမယ် ငါလုပ်နိုင်တယ်လို့ ကိုယ့်ကိုကိုယ်အားပေးပါ။သင်သာတကယ်ကြိုးစားမယ်ဆို မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။

(4)ဦးစားပေးကျက်မှတ်မဲ့အရာတွေကိုရွေးထားပါ။စာမေးပွဲအတွက်တကယ်အရေးကြီးတဲ့သင်ခန်းစာတွေကိုကျက်မှတ်ဖို့အချိန်ကို များများထားပေးပါ။တကယ်လို့ဘယ်ဟာကပိုအရေးကြီးလဲမသိသေးရင် ဆရာမတွေ ဒါမှမဟုတ် အတန်းဖော်တွေကိုမေးပြီး အရေးကြီးတဲ့သင်ခန်းစာတွေအတွက်အချိန်ပေးပါ။

(5)အဓိကအချက်တွေ အဓိကမှတ်သားကျက်မှတ်ရမဲ့ သီအိုရီတွေ အဓိပ္ပါယ်ဖွင့်ဆိုချက်စတာတွေကို Notes ဒါမှမဟုတ် Highlights လုပ်ထားပါ။ဒါမှသာ ခဏခဏထပ်ခါထပ်ခါကျက်မှတ်နိုင်တဲ့အပြင် အဓိကအချက်တွေကိုမမေ့တော့မှာဖြစ်ပါတယ်။

(6)စာမေးပွဲနီးလာရင် အတန်းထဲမှာ Revision ပြန်ပေးတာထုံးစံပါပဲ။အဆိုပါအတန်းတွေကိုမှန်မှန်တက်ပေးပြီး ဂရုတစိုက်တတ်နိုင်သလောက် လေ့လာမှတ်သားပါ။မသိနားမလည်တာရှိရင် တစ်ခါထဲမေးပါ။စာမေးပွဲအတွက် လိုအပ်တဲ့အရာမှန်သမျှနဲ့ ဆောင်ရန်ရှောင်ရန်တွေကိုသိရှိအောင်မေးပါ။

(7)စာကျက်တာကိုအနှောင့်အယှက်ဖြစ်စေမဲ့အရာတွေနဲ့ဝေးဝေးနေပါ။ယနေ့ခေတ်မှာ အထူးသဖြင့် Social Media တွေအသုံးပြုခြင်းနှင့် Game ဆော့နေခြင်းစတာတွေဟာ သင့်ရဲ့စာကျက်ချိန်တွေ ကိုလျော့နည်းစေ တဲ့အပြင်သင့်စာအပေါ်ကောင်းကောင်းအာရုံစိုက်နိုင်ဖို့အဟန့်အတားတွေပါ။ စာကျက်ချိန်မှာအဆိုပါအရာတွေအပေါ်အာရုံမစိုက်ပဲ စာအပေါ်ပဲတစိုက်မတ်မတ်အာရုံစိုက်ပါ။ ဖုန်းကိုင်လိုက် စာလုပ်လိုက်လုပ်တာ မျိုးတွေရှောင်ရှားရပါမယ်။

(8)အဓိကအချက်ကတော့သင်နားမလည်တဲ့သင်ခန်းစာတွေကိုမေးမြန်းရမှာမကြောက်ပါနဲ့။ သင့်ရဲ့ဆရာတွေဖြစ်စေ အတန်းဖော်တွေကိုဖြစ်စေ မသိတာ နားမလည်တာတွေမေးပါ။မကြောက်ပါနဲ့ ဒါမှသာသင်မသိ တာတွေရှင်းလင်းပြီးစာကောင်းကောင်းလုပ်နိုင်မှာဖြစ်ပါတယ်။

ယခုဖော်ပြထားတဲ့အချက်တွေကိုသာအတတ်နိုင်ဆုံးလိုက်နာနိုင်မယ်ဆိုရင်စာမေးပွဲဆိုတာကြောက်စရာမဟုတ်တော့တဲ့အပြင်စာမေးပွဲအောင်မြင်ဖို့အတွက်လဲစိတ်ပူစရာမလိုတော့ပါဘူး။

Ref-SimcoeCounty

No Tags

  

Sponsored Links

Leave a Reply

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends