Motivation တက်အောင်ဘယ်လိုနေမလဲ ?

| Knowledge | August 3, 2019

တစ်ခါတစ်ရံမှာမိမိရဲ့ စီးပွားရေး ပညာရေး စတာတွေအတွက် ကြိုးစားဖို့စိတ်ပျက်အားလျော့နေတဲ့အခါ မိမိကိုယ်ကိုတွန်းအားပေးပြီးအကောင်းဆုံးကြိုးစားဖို့စိတ်ဓာတ်ခွန်အားတွေရှိသင့်ပါတယ်။ အခုဖော်ပြမဲ့နည်းလမ်းတွေထဲကအနည်းဆုံးတစ်ချက်တော့သင့်အတွက်အထောက်အကူပြုနိုင်ပါတယ်။

ပထမဆုံးငါးမိနစ်လောက်အလုပ်အပေါ်အာရုံစိုက်လိုက်ပါ။ငါးမိနစ်ဆိုတဲ့အချိန်လေးမှာစိတ်ပါဝင်စားစွာလုပ်ခြင်းဟာအလုပ်တစ်ခုလုံးပြီးမြောက်သွားစေဖို့တွန်းအားပေးနိုင်ပါတယ်။

ကိုယ်မဖြစ်နိုင်တဲ့အလုပ်တစ်ခုကိုလုပ်နေရတယ်လို့တွေးမိရင် နောက်ထပ်နည်းလမ်းတစ်ခုကိုချက်ခြင်းစတင်ပါ။ကိုယ့်အတွက်မဖြစ်နိုင်တာကိုအချိန်ကုန်ခံပြီးစဉ်းစားနေမဲ့အစား နောက်ထပ်နည်းလမ်းတစ်ခုအတွက်အတွေးအမြင်အသစ်တွေရရှိဖို့အချိန်ပေးပါ။

ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရင်းစဉ်းစားပါ။ဒီနည်းလမ်းဟာဖြစ်နိုင်ပါ့မလားလို့တွေးမိကောင်းတွေးနိုင်ပါတယ်။ဒါပေမဲ့ ကိုယ်လက်လှုပ်ရှားမှုပြုခြင်းဟာ လူကိုသွက်လက်ပေါ့ပါးစေရုံသာမက တွေးခေါ်နိုင်စွမ်းကိုမြင့်စေပြီး အလုပ်အပေါ်ပိုမိုအာရုံစိုက်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

အဖြေရှာပါ။မိမိရဲ့လုပ်နေတဲ့အရာဟာဘာကြောင့်နှောင်းနှေးနေသလဲအဖြေရှာပါ။ခက်ခဲနေတဲ့အရာကိုရှာတွေ့ပြီဆိုမှအလုပ်ဆက်လုပ်ခြင်းဟာအောင်မြင်ဖို့ပိုပြီးအထောက်အပံ့ဖြစ်ပါတယ်။

အကြောက်တရားတွေကိုဖယ်ရှားပါ။မဖြစ်နိုင်ဘူးဆိုတဲ့အတွေးကိုဖယ်ရှားပြီး အလုပ်အပေါ်အာရုံစိုက်လိုက်ပါ။

တစ်ခါတစ်ရံတစ်ယောက်ထဲအလုပ်အပေါ်အာရုံစိုက်နေတာထက်မိမိနဲ့စိတ်တူကိုယ်တူ မိတ်ဆွေတစ်ယောက်နဲ့တွဲဖက်လုပ်ခြင်းဟာအလုပ်ကိုပြီးမြောက်စေဖို့အကြံကောင်းပဲဖြစ်ပါတယ်။

မိမိအလုပ်နဲ့သက်ဆိုင်တဲ့စာအုပ်တွေဖတ်ခြင်းဖြင့်လည်း နည်းလမ်းကောင်း အကြံကောင်း အဉာဏ်ကောင်းတွေကိုစာဖတ်ခြင်းကနေတစ်ဆင့်ရရှိနိုင်ပါတယ်။

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends