ရောင်းအားပိုမိုတိုးတက်စေဖို့ အခြေခံအချက်များ

| Knowledge | January 18, 2019

သင့်ရဲ့ လုပ်ငန်း ဒါမှမဟုတ် ကုန်ပစ္စည်း ရောင်းအားကျဆင်းနေတယ် ရောင်းအားတက်သင့်သလောက်မတက်ဘူးဆိုရင်တော့ ယခုဖော်ပြမဲ့အခြေခံအချက်တွေကို လိုက်နာဖို့လိုနေပါပြီ…

Focus on customer

အရောင်းအဝယ်လုပ်တဲ့အချိန်မှာ အရောင်းဝယ်ဖြစ်ဖို့သဘောတူညီမှု ရရှိဖို့ကိုဦးစားပေးတတ်ကြပါတယ်။အရောင်းအဝယ်လုပ်တဲ့အခါ အရောင်းအဝယ်ဖြစ်ဖို့ အဓိကဆိုတဲ့အချက်ဟာ မှန်သင့်သလောက်တော့မှန်ပါတယ်။ဒါပေမဲ့ အဓိက ဦးစားပေးသင့်တာ Customer ရဲ့ မိမိလုပ်ငန်း ဒါမှမဟုတ် ကုန်ပစ္စည်း အပေါ်စိတ်ဝင်စားမှုပါ။Customer အား မိမိလုပ်ငန်း ဒါမှမဟုတ် ကုန်ပစ္စည်း အပေါ်စိတ်ပါဝင်စားလာအောင်ဆွဲဆောင်ပြောဆိုနိုင်ပါက အရောင်းအဝယ် သဘောတူညီမှု စတာတွေဖြစ်စေမဲ့အလားအလာကောင်းတစ်ရပ်ပါ။

Research a customer

သင့် Customer ရဲ့စိတ်ဝင်စားမှုကိုရရှိအောင်ပြောဆိုဖို့ဆိုတာ Customer ရဲ့လုပ်ငန်း အကြောင်းကိုသိဖို့လဲလိုအပ်ပါသေးတယ်။ ဥပမာ သင့် Customer ရဲ့လုပ်ငန်းကို သေချာလေ့လာထားမယ်ဆို သူသင့်လုပ်ငန်း ဒါမှမဟုတ် ကုန်ပစ္စည်း အပေါ်စိတ်ပါဝင်စားလာအောင်ပြောဆိုဖို့ ပိုမိုလွယ်ကူစေမှာပါ။

Help the customer

Loyal Customer တစ်ယောက်ရရှိလာဖို့အတွက် လိုအပ်တဲ့အချက်တစ်ခုကတော့ ယုံကြည်မှု ပါ။သင့်လုပ်ငန်း ကုန်ပစ္စည်း အပေါ် ယုံကြည်မှုရရှိစေရန် လုပ်ငန်းနဲ့ပက်သက်တဲ့ အကြံဉာဏ်ကောင်းတွေကို အမြဲမျှဝေပေးနိုင်ဖို့လိုပါတယ်။သင်ကျွမ်းကျင်တဲ့နယ်ပယ်ဖြစ်တဲ့ သင့်လုပ်ငန်းကနေတစ်ဆင့် သင်မျှဝေပေးတဲ့ Knowledge ဟာ Customer ရဲ့လုပ်ငန်းပိုမိုလွယ်ကူစေဖို့ အထောက်အကူပြုစေတဲ့အခါမှာ သင့်လုပ်ငန်းအပေါ် ပိုမို ယုံကြည်မှုရရှိလာစေမှာပါ။

Don’t afraid your competitor

သင့်ရဲ့ Customer ကို သင့်လုပ်ငန်း ဒါမှမဟုတ် ကုန်ပစ္စည်း အပေါ်စိတ်ဝင်စားစေရန်ဆွဲဆောင်နေတဲ့အချိန်မှာ တခြား အပြိုင် လုပ်ငန်း အကြောင်း ယှဉ်ပြီးမေးတဲ့အခါမျိုးမှာ ကြောက်ဖို့ တွန့်ဆုတ်ဖို့မလိုပါဘူး။ သင်နဲ့အပြိုင်လုပ်ငန်းရဲ့ကောင်းမွန်တဲ့အချက်တွေကိုပြောဆိုပြီး သင့်လုပ်ငန်းကပေးနိုင်တဲ့ မတူညီတဲ့အချက် မတူညီတဲ့ Service တွေအကြောင်းတဖြည်းဖြည်းပြောဆိုပြီး Customer အား ဆွဲဆောင်ပါ။

ယခုဖော်ပြသွားတဲ့အခြေခံအချက်လေးတွေဟာဆိုရင် သင့်ရဲ့ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုအတွက် ရောင်းအားတက်စေမဲ့ နည်းလမ်းအချို့ပဲဖြစ်ပါတယ်။

Ref-Inc.com

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends