Gym မသွားပဲ ဝိတ်လျှော့ချင်ပါသလား?

| Uncategorized | March 8, 2019

၁)ရေများများသောက်ပါ။အထူးသဖြင့် အစားမစားမှီရေများများသောက်ခြင်းဟာ ကယ်လိုရီတွေလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကျစေရန် အထောက်အကူပြုပါတယ်။ ၂)မနက်စာကို ကြက်ဥ ကိုစားသုံးပေဒခြင်းဟာလဲ ကိုယ်အလေးချိန်လျော့ကျစေပါတယ်။ပြုတ်ထားသော ကြက်ဥ ၂လုံး ကိုအသီးဖျော်ရည်စတာနဲ့တွဲဖက်စားသုံးပေးတာဟာ အာဟာရပြည့်ဝပြီး ကိုယ်အလေးချိန်လဲမတက်စေပါဘူး။ ၃)ကော်ဖီသောက်သုံးခြင်း အထူးသဖြင့် Black ကော်ဖီဟာလည်းကိုယ်အလေးချိန်ကိုလျော့ကျစေပါတယ်။ကော်ဖီမှာပါြင်တဲ့ ကဖင်းဓာတ်ဟာအဆီတွေကိုလောင်ကျွမ်းစေပါတယ်။သကြား နို့ စတာတွေထည့်သွင်းသောက်သုံးခြင်းတော့မပြုရပါဘူး။ ၄)Green tea သောက်သုံးပေးခြင်းဟာလည်းကိုယ်အလေးချိန်ကိုလျော့ကျစေပါတယ်။Green tea မှာလည်း ကဖင်းဓာတ်အနည်းငယ်ပါဝင်တဲ့အပြင် အန်တီအောက်စီးဒင့် ကြွယ်ဝစွာပါတာကြောင့် အဆီတွေကိုလောင်ကျွမ်းစေပါတယ်။ ၅)အုန်းဆီ(Coconut oil )ကိုချက်ပြုတ်နဲ့နေရာမှာအစားထိုးပြီးသုံးပေးခြင်းဟာလည်း ကိုယ်အလေးချိန်လျော့ကျစေဖို့အကူညီပေးပါလိမ့်မယ်။အုန်းဆီ ကို cooking oil အနေနဲ့အစားထိုးအသုံးပြုစေခြင်းဟာ အစာစားချင်စိတ်ကိုလျော့နည်းစေပြီး ဝိတ်လျော့နေသူတွေအတွက်အဆင်ပြေစေပါတယ်။ ၆)သကြား လျော့စားပေးပါ။ယနေ့ခေတ်အစားအစာတိုင်းလိုလို သကြားဟာပါဝင်နေပြီး ကိုယ်အလေးချိန်လျော့ကျလိုသူတွေအတွက် အနည်းငယ်တောင် သကြား ကိုမစားသင့်ပါဘူး။ ၇)မိမိစားနေကျ ပန်းကန် ကို ပုံမှန်ထက်သေးတဲ့ပန်းကန်မျိုးရွေးချယ်သုံးဆွဲပေးပါ။ထူးဆန်းတယ်လို့ထင်ရပေမဲ့ ပုံမှန်ထက်လျော့နည်းပြီးစားရတဲ့အတွက် ထိရောက်တဲ့နည်းလမ်းပါပဲ။ ၈)ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုပဲ မိမိနဲ့အနီးဆုံးနေရာ ဒါမှမဟုတ် မီးဖိုချောင်မှာထားပါ။ဒါမှသာ သင်ဆာလောင် နေချိန်မှာအလွယ် ကျန်းမာရေးနဲ့မညီညွတ်တာတွေမစားမိစေမှာပါ။အထူးသဖြင့် အသင့်စား ရယ်ဒီမိတ်အစားအစာ တွေဟာကိုယ်အလေးချိန်ကိုတက်စေတဲ့အတွက် ရှောင်ရှားသင့်ပါတယ်။ ၉)ညစာစားပြီးတိုင်းသွားတိုက်ပေးပါ။ဒီအချက်ဟာ ညဘက်မှာ အစာမစားမိဖို့ကူညီပေးမှာပါ။ ၁၀)ဟင်းသီးဟင်းရွက်နဲ့အသီးအနှံများများစားပါ။အမျှင်ဓာတ်ပါတာများများစားပါ။ ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေက ရေဓာတ်များများပါပြီး အာဟာရဖြစ်စေတဲ့အပြင် ကိုယ်အလေးချိန်ကျစေရန် စားသုံးသင့်ပါတယ်။ ၁၁)နောက်ဆုံးအချက်ကတော့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။အိပ်ရေးဝဝအိပ်ပါ။

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends