အိပ်ရေးပျက်ခြင်းရဲ့နောက်ဆက်တွဲဆိုးကြိုးများ

| Health, Knowledge | July 14, 2019

လူတစ်ယောက်အတွက်အိပ်စက်ခြင်းဟာအလွန်အရေးကြီးပါတယ်။အိပ်ရေးပျက်ခြင်းကြောင့်ရရှိမဲ့ဆိုးကျိူးတွေကတော့အလွန်များပါတယ်။ ဒီတော့အိပ်ရေးပျက်ခြင်းကြောင့် ရရှိလာနိုင်မဲ့ ဆိုးကျိုးတွေကိုဖော်ပြပေးလိုက်ပါတယ်…

၁. တွေးခေါ်နိုင်စွမ်း သင်ယူမှုစတာတွေအတွက်အိပ်စက်ခြင်းဟာအရေးပါပါတယ်။အိပ်ရေးပျက်ရင်တော့ တွေးခေါ်သင်ယူနိုင်စွမ်း၊အာရုံစိုက်နိုင်စွမ်းစတာတွေကိုထိခိုက်စေပြီး အရှုံးတွေနဲ့ရင်ဆိုင်ရမဲ့ ရာခိုင်နှုန်း များပါတယ်။

၂. အိပ်ရေးပျက်ရင်တော့အဓိကထိခိုက်မှာက ကျန်းမာရေးပါ။နှလုံးရောဂါ၊ဆီးချိုရောဂါ၊နှလုံး ခုန်မမှန်တာ၊ သွေးတိုးရောဂါ စတာတွေကိုဖြစ်ပွားစေပါတယ်။

၃. အိပ်ရေးပျက်ခြင်းကြောင့်စိတ်ကျရောဂါကိုဖြစ်ပွားစေပါတယ်။စိတ်ဓာတ်ကျလွယ်ပြီးအရာရာအပေါ်စိတ်တိုလွယ်ကာအမှားမှားအယွင်းယွင်းဖြစ်စေပါတယ်။တစ်နေ့အိပ်ချိန် ၆ နာရီထက် လျော့နည်းတဲ့သူတွေမှာစိတ်ကရောဂါဖြစ်နိုင်ချေပိုများပါတယ်။

၄.အိပ်ရေးပျက်ခြင်းကြောင့်သင့်ရဲ့အရေပြားကိုထိခိုက်စေပြီးအိုမင်းရင့်ရော်စေပါတယ်။အိပ်ချိန်လုံလုံလောက်လောက်မရှိခြင်းဟာကိုယ်အလေးချိန်ကိုတိုးပွားစေပါတယ်။

၅.အိပ်ရေးပျက်ခြင်းဟာဦးနှောက်စွမ်းရည်ကိုအလွန်အမင်းလျော့နည်းစေပြီးသင့်ရဲ့မှတ်ဉာဏ်စွမ်းအားကိုထိခိုက်စေတဲ့အတွက်သတိမေ့တာ မှတ်ဉာဏ်လျော့နည်းတာတွေဖြစ်ပွားစေပါတယ်။

၆.အိပ်ရေးပျက်ခြင်းကြောင့်အဝလွန်ရောဂါကိုဖြစ်ပွားစေပါတယ်။အိပ်ရေးမဝလျင်အစာကိုတောင့်တပြီးအစာစားခြင်းစိတ်ကိုတိုးပွာစေတဲ့အတွက် အလွန်အမင်းစားသုံးခြင်းကိုဖြစ်စေပါတယ်။အိပ်ချိန် ၆ နာရီထက်လျော့နည်းတဲ့သူတွေရဲ့ ၃၀% ဟာအဝလွန်ရောဂါကို တနေ့အိပ်ချိန် ရနာရီနဲ့၉နာရီကြားအိပ်သူတွေထက်ပိုခံစားရပါတယ်။

လူတစ်ယောက်ဟာအနည်းဆုံးတစ်နေ့အိပ်ချိန် ၆နာရီတော့ရှိသင့်ပါတယ်။အဲ့ဒီထက်နည်းပြီးအိပ်ရေးပျက်တာရက်တွေဆက်လာရင်တော့ ကျန်းမာရေးကိုထိခိုက်စေရုံသာမက လူမှုဘဝနေထိုင်မှုမှာလည်း ဆိုးကျိုးတွေရှိလာပြီး အဆင်မပြေဖြစ်နိုင်ပါတယ်။အခုဖော်ပြတဲ့အချက်တွေကိုမဖြစ်စေလိုလျင်အိပ်ရေးဝဝအိပ်ဖို့တိုက်တွန်းလိုပါတယ်။

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends