ပုံမှန်ထက် စကားပြောနောက်ကျသော ကလေးငယ်များ

| Knowledge, science | January 18, 2015

Advertising Portal

မိဘတွေဟာ ကလေးတွေကို ငယ်ရွယ်တဲ့ အချိန်မှာ စကားမပြောတတ်မှာကို စိုးရိမ်တတ်ကြပါတယ်။ တချို့သော ကလေးတွေက စကားမြန်မြန် ပြောတတ်ကြသလို တချို့ ကလေးတွေက စကားပြော နောက်ကျတတ်ပါတယ်။

ASHA ( American Speech-Language-Hearing Association) ရဲ့ သုတေသန ပြုလုပ်ချက်များအရ ၁နှစ် နဲ့ ၆လ အရွယ်မှာ အနည်းဆုံး စကားလုံး(၁၀) လုံးအောက်၊ ၂နှစ် နဲ့ ၆လ အရွယ်မှာတော့ အနည်းဆုံး စကားလုံး (၅၀) အောက် ပြောရမှာဖြစ်ပါတယ်။ ၁နှစ်ခွဲ ကျော်တဲ့အထိ သင့်ရဲ့ကလေးဟာ စကားမပြောသေးရင်တော့ အောက်ပါအချက်တွေကို သိထားပြီး ဂရုစိုက်ရပါမည်။

(၁) သင့်ရဲ့ကလေးဟာ ငယ်စဉ်ကတည်းကပင် ကြောက်စိတ်(anxiety) ဖြစ်နေပါက သူပြောချင်တဲ့ စကားလုံးတွေကို ပြောဖို့အတွက် ခက်ခဲနေပါလိမ့်မည်။ အကြောင်းကိစ္စတစ်ခုခုကြောင့် ကလေးကို တစ်ယောက်တည်း မထားခဲ့မိဖို့ လိုပါသည်။

(၂) များသောအားဖြင့် ကလေးတွေဟာ အမူအရာနဲ့ သူတို့လိုချင်တဲ့ ပစ္စည်းကို တောင်းတတ်ကြပါတယ်၊ အဲ့လိုအချိန်မျိုးမှာ မိဘများအနေနဲ့ ပစ္စည်းရဲ့ နာမည်ကို ပြောပြပေးဖို့ လိုအပ်ပါသည်။

(၃) စကား စပြောမဲ့ ကလေးတစ်ယောက်အတွက် နားမှတဆင့်ကူးစက်မှု (Ear infection) ကနေ အသံကို ကြားရမှာဖြစ်တဲ့အတွက် မိမိရဲ့ ကလေးဟာ နားထဲမှာ တစ်ခုခု ဖြစ်နေမလား ဆိုတာကိုလည်း သတိထားပြီး ကြည့်ပေးဖို့ လိုအပ်ပါသည်။

(၄) အရွယ်နည်းနည်း ရလာတဲ့ အချိန်မှာ ကလေးများသည် သူတို့ရှေ့တွင် လုပ်သမျှကို အတုခိုးတတ်ကြပါသည်။ ထိုကဲ့သို့ အချိန်မျိုးတွင် စကားလုံး တော်တော်များများ ကလေးငယ်ကို သင်ပေးတဲ့ အခါ တတ်မြောက်မှုကို ပိုမို မြန်ဆန်စေပါသည်။

လွန်ခဲ့သော နှစ်တွေက အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ ကလေးငယ် တစ်သန်းလောက်ဟာ အကြားအာရုံ ဆုံးရှုံးမှုများ ရှိနေတယ်လို့ သိရပါသည်။

– Tinmg Htoo

Ref: American Speech-Language-Hearing Association (ASHA)

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends