မိုးအေးအေးမှာ တန်ပူရာကြော် ပူပူလေးစားကြမယ်

| Food, Health | August 20, 2020

အခုလို မိုးတွင်းကာလမှာ ကော်ဖီပူပူလေးနဲ့ တန်ပူရာကြော်လေးနဲ့ တွဲစားလိုက်မယ်ဆိုရင် လုံးဝကို Perfect  ဖြစ်သွားစေမှာပါ။ ဒါ့အပြင် အဆာပြေပဲစားစား ထမင်းပူပူလေးနဲ့ပဲစားစား ဂျပန်ရိုးရာအစားအစာလို့လည်း ပြောလို့ရတဲ့  အရသာရှိတဲ့တန်ပူရာကြော်နည်းကိုဖော်ပြပေးပါမယ်။ ကဲ… တန်ပူရာအစုံကြော်လေးကြော်ကြရအောင်

 

သန့်စင်ထားသော ပုဇွန်ထုတ်        – ၁၀ကောင်

ခရမ်းသီး                                       – ၂လုံး

မုန်လာဥနီ                                     – ၂လုံး

ကြက်ဥ                                         – ၂လုံး

တန်ပူရာမှုန့် ထမင်းစားဇွန်း           – ၁၀ ဇွန်း

ငရုတ်ကောင်းမှုန့်                          – အနည်းငယ်

ဆား                                              – အနည်းငယ်

ကြက်သားမှုန့်                               – အနည်းငယ်

ဆီ   လက်ဖက်ရည် အကြမ်းပန်းကန် – ၂လုံး

 

* ပုဇွန် ကိုသန့်စင်ပြီးပါက ဆား အရသာမှုန့်တို့ဖြင့်နယ်ပေးပါ။ခရမ်းသီး မုန်လာဥနီ စသည်တို့ကိုအနေတော်လှီးဖြတ်ထားပါ။

 

* တန်ပူရာမှုန့်ကို ရေ ကြက်ဥ ငရုတ်ကောင်းမှုန့်တို့နဲ့ ခပ်ပြစ်ပြစ်ဖျော်ပေးပါ။တန်ပူရာမုန့်နှစ်က ပျစ်နေမှရပါမယ်နော်။အားလုံးသမသွားပါက ပုဇွန် ခရမ်းသီး မုန်လာဥနီတို့ကိုတန်ပူရာ မုန့်အနှစ်ထဲနှစ်ပေးပါ။

 

* ဆီကိုအပူပေးပါ ဆီပူလာတာနဲ့တန်ပူရာ မုန့်အနှစ်လူးထားသော ပုဇွန်ကိုတကောင်ချင်းအရင်ထဲ့ပေးပါ။ ပြီးလျင် ခရမ်းသီး မုန်လာဥနီ တို့ကိုထည့်ပေးပါ။ တစ်ဖက်ကိုအညိုရောင်သန်းလာ တဲ့အထိကြော်ပေးပြီးနေ ာက်တစ်ဖက်လှန်ပေးပါ။ အားလုံးကြော်ပြီး ဆီစစ်ပေးပါ။ 

 

ကဲအားလုံးပြီးသွားရင်တော့အရသာရှိတဲ့တန်ပူရာအကြော်စုံကိုစားသုံးလို့ရပါပြီ။

 

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends