ကျန်းမာရေးနဲ့ညီညွတ်ပြီး နေ့စဥ်စားသုံးသင့်သော အစားအစာများ
အခုလို Covid 19 ဖြစ်ပွားနေတဲ့ကာလမှာ ကိုယ်ခံအားကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် နေ့စဥ် ကျန်းမာရေးအတွက်ပုံမှန်စားသုံးပေးသင့်တဲ့ ခန္ဓာကိုယ်ကိုအကျိုးပြုစေမဲ့အစားအစာတွေကို ဖော်ပြလိုက်ပါတယ်…
ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ ဘက်တီးရီးယားနဲ့ရောဂါပိုးတွေကိုသေစေနိုင်တဲ့အစွမ်းရှိတဲ့အတွက် နေ့စဉ်ဟင်းချက်တဲ့အခါထည့်သွင်းချက်ပြုတ်စားသုံးပေးသင့်ပါတယ်။
ပန်းငရုပ်ပွ
ပန်းငရုပ်ပွဟာဆိုရင်လည်း Antioxidant ကြွယ်ဝစွာပါရှိတဲ့အတွက် စားသုံးပေးသင့်ပါတယ်။
ဟင်းနုနွယ်ရွက်
ဟင်းနုနွယ်ရွက်ကိုစားသုံးပေးခြင်းဖြင့် အရွယ်မတိုင်ခင်အိုမင်းခြင်းကိုကာကွယ်ပေးတဲ့အပြင် ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေကိုလဲကာကွယ်ပေးပါတယ်။
ခရမ်းချဉ်သီး
ဗီတာမင် စီ ကြွယ်ဝစွာပါစေတဲ့အပြင် နှလုံးရောဂါနဲ့ကင်ဆာရောဂါတွေကိုပါကာကွယ်လျော့ချပေးနိုင်ပါတယ်။
ဂရိပ်ဖရု
ဂရိပ်ဖရုသီးကတော့ အသည်းရဲ့လုပ်ဆောင်မှုကိုမြှင့်တင်ပေးနိုင်ပါတယ်။
ထောပတ်သီး
ထောပတ်သီးကိုစားသုံးပေးခြင်းဖြင့် ကိုလက်စထရော ကိုကျဆင်းစေပါတယ်။
သခွားသီး
သခွားသီးမှာတော့ရေဓာတ်ပြည့်ဝစွာပါဝင်တဲ့အတွက် နေ့စဉ်စားသုံးပေးသင့်ပါတယ်။
ဒီအစားအစာတွေကို စားသုံးပေးပြီး ကိုယ်ခံအားကျန်းမာသန့်စွမ်းအောင် နေထိုင်ဖို့လိုပါတယ်။
(အပြင်ထွက်လျှင် Mask တပ်ပါ၊ လူစုလူဝေးရှောင်ရှားပါ၊ အပြင်ကပြန်လာပြီးတိုင်း လက်ကို ဆပ်ပြာနှင့် ဆေးကြောပါ)