မြန်မာ့ရိုးရာအစားအစာများ

| Food | October 10, 2017

မြန်မာနိုင်ငံအကြောင်း ဂဃနဏမသိသောသူတစ်ယောက်အား မြန်မာနိုင်ငံအကြောင်းပြောပြခွင့်ရမယ်ဆို ရင် မြန်မာနိုင်ငံမှာသာရနိုင်တဲ့ မြန်မာ့ရိုးရာအစားအစာတွေကိုလဲ မဖြစ်မနေထည့်သွင်းပြောဆိုရမှာ ဖြစ်ပါ တယ်။ ကမ္ဘာလှည့်ခရီးသည်များ အများအပြားလာရောက်လည်ပတ်နေပြီဖြစ်သော မြန်မာနိုင်ငံတွင် ကမ္ဘာ လှည့်ခရီးသွားများအား စွဲဆောင်နိုင်သော ရိုးရာအစားအစာများ များစွာရှိသည်ကို သိထားဖို့လိုအပ်ပါတယ်။ ထို့အထဲမှ အရသာရှိပြီး မြန်မာနိုင်ငံမှာသာ အပေါများဆုံးရနိုင်တဲ့ အစားအစာအချို့အားဖော်ပြပေးလိုက်ရပါ တယ်။
(၁) မုန့်ဟင်းခါး
မြန်မာလူမျိုးများရဲ့ အကြိုက်ဆုံးမနက်စာတစ်ခုဖြစ်ပါတယ်။ မုန့်ဟင်းခါးကို မြို့တိုင်း၊ ရပ်ကွက်တိုင်း၊ လမ်း တိုင်းလိုလိုမှာ ရောင်းချကြပါတယ်။ မြန်မာနိုင်ငံရဲ့အရောင်းရဆုံးမနက်စာတစ်မျိုးဖြစ်ပြီး ကမ္ဘာလှည့်ခရီး သွားများ အများဆုံးစိတ်ဝင်စားသောအစားအစာလဲ ဖြစ်ပါတယ်။ မုန့်ဟင်းခါးထဲတွင် ပါဝင်သောပစ္စည်း အ မယ်များပြားပြီး ချက်ပြုတ်ပုံမှာလဲ ရှုပ်ထွေးဆန်းကြယ်သောကြောင့် ပိုပြီးစိတ်ဝင်စားကြပါတယ်။


(၂) နန်းကြီးသုပ်
မြန်မာတွေရဲ့မနက်စာထဲမှာ မုန့်ဟင်းခါးနဲ့အပြိုင်နာမည်ကြီးသော အစားအစာမှာ နန်းကြီးသုပ်ပင်ဖြစ်ပါ တယ်။ မုန့်ဖတ်နှင့်ခေါက်ဆွဲ ကို အမျိုးမျိုးလုပ်စားကြသောမြန်မာလူမျိုးများအတွက် နန်းကြီးသုပ်ကိုကြိုက် နှစ်သက်သူများလဲ ရှိကြပါတယ်။ အလုံးကြီးသော ဆန်မုန့်ဖတ်ကို ကြက်သား၊ ဘဲဥ နှင့် ကြက်သွန်နီများကို ပါးပါးလှီး၍ ရောမွှေကာစားရသော အစားအစာတစ်မျိုးပင်ဖြစ်ပါတယ်။


(၃) ရှမ်းအစားအစာများ
ရှမ်းရိုးရာအစားအစာတွေဟာလဲ မြန်မာနိုင်ငံမှာ အရသာရှိပြီးလူကြိုက်များသော အစားအစာတွေပဲဖြစ်ပါ တယ်။ ရှမ်းထမင်းချဉ်၊ ငါးထမင်းချဉ်၊ တို့ဟူးနွေးစတဲ့အစားအစာတွေဟာလဲ နေရာတော်တော်များများမှာ အလွယ်တကူရရှိနိုင်သော အစားအစာတွေပဲဖြစ်ပါတယ်။ စေးနေအောင်ဖန်တီးထားသော ရှမ်းခေါက်ဆွဲ၊ မြီးရှည်စသည့်အစားအစာများကိုလဲ စမ်းသပ်စားသောက်စေခြင်းဖြင့် ကမ္ဘာလည့်ခရီးသွားများအားစွဲဆောင် နိုင်မှာဖြစ်ပါတယ်။
(၄) လက်ဖက်ရည်
လက်ဖက်ခြောက်ကိုနှပ်၍ရလာသော အရည်နှင့် နို့(နွားနို့) ရောစပ်ကာသောက်သုံးရသော လက်ဖက်ရည် ယဉ်ကျေးမှုသည်လဲ မြန်မာနိုင်ငံသားတိုင်းကြိုက်နှစ်သက်သော မနက်စာတစ်မျိုးဖြစ်ပါတယ်။ တစ်ချို့မြန်မာ လူမျိုးများသည် မနက်စာအဖြစ် မုန့်ဟင်းခါးစားပြီး လက်ဖက်ရည်တစ်ခွက်သောက်လိုက်မှ အာသာပြေကြ ပေတယ်။ အီကြာကွေး၊ ပေါက်စီ၊ စမူဆာတို့အပြင် နံပြား၊ တိုရှည်၊ ပူရီ စတဲ့အိန္ဒိယအစားအစာများကိုပါ လက်ဖက်ရည်နှင့်တွဲဖက်၍ မနက်စာအဖြစ်စားသောက်ကြပါတယ်။


(၅) ထမင်းနှင့်ဆီပြန်ဟင်းအမျိုးမျိုး
ထမင်းကိုအဓိကစားသုံးကြသော မြန်မာလူမျိုးများအတွက် ထမင်းနဲ့ဟင်းကလဲ မပါမဖြစ်သော မြန်မာအစား အစာတစ်မျိုးပင်ဖြစ်ပါတယ်။ ငါး၊ ကြက်သား၊ ဆိတ်သား၊ ဝက်သား စသဖြင့်ဆီပြန်နေအောင်ချက်ထားသော ဟင်းများကလဲ ကမ္ဘာလှည့်ခရီးသွားများအမြင်တွင် တမူဆန်းပြားနေပါလိမ့်မယ်။ ဆီပြန်ဟင်း၊ အရည် သောက်၊ အသီးအရွက်ကြော်များအပြင် ငပိရည်၊ တို့စရာများဖြင့် ဖွယ်ဖွယ်ရာရာစားသောက်ကြရသော မြန်မာထမင်းဟင်းများဟာ နိုင်ငံခြားသားဧည့်သည်များအမြင်တွင် အဆန်းတကြယ်ဟင်းလျာများဖြစ်နေ တတ်ပါတယ်။


(၆) လက်ဖက်သုပ်
နေ့လည်နေ့ခင်းအစာပြေစားသောက်ရသော အစားအစာထဲတွင် လက်ဖက်သုပ်ပါဝင်ပါတယ်။ လက်ဖက် သုပ်ဟာလဲ မြန်မာနိုင်ငံရဲ့ အရသာအရှိဆုံးနှင့်နာမည်အကျော်ဆုံးအစားအစာတစ်မျိုးလဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လက်ဖက်ခါးနှင့်ချဉ်စပ်လက်ဖက်ဟူ၍နှစ်မျိုးရှိပြီး မြေပဲ၊ နှမ်း၊ ကြက်သွန်ကြော်၊ ကုလားပဲခြမ်း၊ ပဲကြီးခြမ်း၊ ပုစွန်ခြောက် စသည့်အစာပလာများထည့်၍စားသောက်ရသောအစားအစာဖြစ်ပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်းတို့ကိုလဲ ကြိုက်နှစ်သက်သလို ထပ်ထည့်၍စားသောက်ကြပါတယ်။
(၇) မြန်မာ့သရေစာမုန့်မျိုးစုံ
မြန်မာ့သရေစာမုန့်များကလဲ ပြုလုပ်ရလွယ်ကူသောကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် အလွယ်တကူ ရနိုင်ပါတယ်။ ဆနွင်းမကင်း၊ မုန့်စိမ်းပေါင်း၊ မုန့်ဦးနှောက်၊ ှဆီထမင်း၊ ကောက်ညှင်းပေါင်းစသဖြင့် မြန်မာမုန့် များစွာရှိပြီး အားလုံးနီးပါးကို ဆန်နဲ့ဂျုံကတဆင့်ပြုလုပ်ထားတာဖြစ်ပါတယ်။ ပါဝင်ပစ္စည်းအဖြစ် သကြားနှင့် အုန်းသီးသာပါဝင်သောကြောင့် ကျန်းမာရေးအတွက်စိုးရိမ်စရာလဲ မလိုအပ်ပေ။


(၈) အကြော်စုံ
မြန်မာ့အစားအစားထဲမှာ မထည့်သွင်းလို့မဖြစ်တဲ့အစားအစာတစ်မျိုးရှိပါသေးတယ်။ အရသာအမျိုးမျိုးပေး စွမ်းနိုင်တဲ့ အကြော်စုံပူပူလေးပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရသာစုံ အကြော်မျိုးစုံကို ဈေးသက်သက်သာ သာနဲ့ စားသုံးနိုင်မှာဖြစ်ပါတယ်။ အာလူးကြော်၊ ကြက်သွန်ကြော်၊ ပဲကပ်ကြော်၊ ဘယာကြော်၊ ဘူးသီးကြော်၊ တို့ဟူးကြော် စသဖြင့်အကြော်မျိုးစုံကို ရပ်ကွက်တိုင်း၊ လမ်းတိုင်းလိုလိုမှာ ဝယ်ယူစားသောက်နိုင်ပါတယ်။ အချဉ်ထဲနှစ်ပြီး စားရတာလဲ တစ်မျိုးတစ်ဖုံအရသာထူးစေပါတယ်။

No Tags

  

Sponsored Links

Leave a Reply

  • YBS ယာဉ်စီးခနှင့် ပတ်သက်၍ ဆွေးနွေးအကြံပြုချက်

    by on March 5, 2018 - 0 Comments

    လွန်ခဲ့တဲ့ ရက်သတ္တပတ်လောက်အတွင်းမှာ YBS ယာဉ်စီးခနဲ့ ပတ်သတ်ပြီး Facebook ပေါ်မှာ လူထုအသံလေးတွေ သိသိသာသာကျယ်လာတာကို သတိထားမိပါတယ်။ တပြိုင်တည်းဆိုသလို Bus oper...

  • ရာသီခွင်အလိုက် ၂၀၁၈ အတွက် ကံကောင်းစေမယ့် အရောင်များ

    by on February 21, 2018 - 0 Comments

    အရေးကြီးတဲ့ပွဲ သွားတဲ့အခါ၊ အရေးကြီးတဲ့စာမေးပွဲတွေ၊ အင်တာဗျူးတွေ ဖြေတဲ့အခါနဲ့ ချစ်သူရည်းစားနဲ့ ချိန်းတွေ့တဲ့အခါမျိုးတွေမှာ (ဟီးဟီး) အက်မင်ကတော့ အဝတ်အစားအရောင...

  • ရေသောက်နည်း

    by on February 28, 2018 - 0 Comments

    ရေသောက်ကြမယ်။ ကျနော် ရေသောက်နည်း သင်ပေးပါ့မယ်။ ဘုရား ဒီလူ သူများတွေကို ဆရာလုပ်တာတယ် ဝါသနာပါ ပါလား။ ရေသောက်တာတောင် သင်ပေးမယ်ဆိုပဲ။ ရေအိုးထဲကရေကို ခွက်နဲ့ ခပ်...

  • ကမ္ဘာ့ဈေးကွက်မဝင်တဲ့ Qnet က B.H. Mayer နာရီအကြောင်း တစေ့တစောင်း

    by on February 21, 2018 - 0 Comments

    “Qnet အကြောင်း” Qnet ကို အိန္ဒိယလူမျိုး ဗီဂျေး အစ္စဝါရမ် နဲ့ ဂျိုးဇက် ဘစ်မတ်တို့က ၁၉၉၈ ခုနှစ်မှာ ဟောင်ကောင်မှာ တည်ထောင်ခဲ့ပါတယ်။Quest Net၊ QI limited, Go...

  • ကြောင်

    by on February 26, 2018 - 0 Comments

    ရှေးနှစ်ပေါင်းများစွာကတည်းက ကြောင်များဟာ လူတွေရဲ့ ချစ်မြတ်နိုးမှု ၊ ဦးစားပေးမှု ၊ ရက်စက်စွာညှင်းပန်းနှိပ်စက်မှု တို့ကိုခံခဲ့ရပြီး သူတို့ရဲ့ သမိုင်းနဲ့ ကံကြမ...

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends