အလွန်နက်မှောင်ပြီး မျက်စိဖြင့် မမြင်နိုင်သည့် Super Black (Ventablack)

| Knowledge, science | January 15, 2015


အလွန်နက်မှောင်လှသည့် အရာဝတ္ထုတစ်ခုကို ကျွန်ုပ်တို့မျက်စိဖြင့် စူးစိုက်ကြည့်ရှုလိုက်မည်ဆိုပါက ထိုအရာဝတ္ထုအား ကွဲကွဲပြားပြား မြင်တွေ့ရမည် မဟုတ်ပေ။ ယခုအခါ ထိုအရာဝတ္ထုမှာ ဗြိတိန်သိပ္ပံပညာရှင်တို့၏ တီထွင်ဖန်တီးမှုဖြင့် ပေါ်ထွက်လာခဲ့ပါပြီ။ ၎င်းကို Ventablack ဟု အမည်ပေးထားပါတယ်။ Surrey Nanosystems ကုမ္ပဏီက Nano နည်းပညာဖြင့် ဖန်တီးထုတ်လုပ်ထား တာဖြစ်ပါတယ်။ မျက်စိဖြင့် မြင်တွေ့သမျှ အလင်းရောင်ရဲ့ ၉၉.၉၆% ကို စုပ်ယူနိုင်ကြောင်း သိရှိရသည်။

အလူမီနီယမ်သတ္တုကလေးများကို တွန့်အောင်ပြုလုပ်ပြီး အောက်ခံထား၍ အပေါ်မှ Ventablack ကို သတ္တုပြား၏အောက်ခံပုံစံအတိုင်း

Continue reading »

မြန်မာနိုင်ငံ၏ပထမဆုံးယူနက်စကိုကမ္ဘာ့အမွေအနှစ်ဇုန်

| Knowledge | December 30, 2014

ads portalကမ္ဘာ့ကုလသမဂ္ဂ၏အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့ (ယူနက်စကို) (United Nations Educational, Scientific and Cultural Organization) အဖွဲ့သည် ကမ္ဘာတစ်ဝန်းလုံးရှိယဉ်ကျေးမှုအဖိုးတန်အမွေအနှစ်များနှင့်သဘာဝနယ်မြေများကို ကာကွယ်ထိန်းသိမ်းရာတွင် နိုင်ငံတကာမှပူးပေါင်းဆောင်ရွက်ရေးအတွက်မူဘောင်ချမှတ်ပေးသည့်ကမ္ဘာ့ယဉ်ကျေးမှုနှင့်သဘာဝအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး ဆိုင်ရာ ကွန်ဗင်းရှင်း (the Convention Concerning the Protection of the World Cultural and Natural Heritage) (၁၉၇၂ ခုနှစ်) နှင့်အညီ ယူနက်စကိုကမ္ဘာ့အမွေအနှစ်ဇုန်များကို သတ်မှတ်လျက်ရှိသည်။ အမွေအနှစ်ဇုန်များအား (၁) ယဉ်ကျေးမှုအမွေအနှစ်ဇုန်၊ (၂) သဘာဝအမွေအနှစ်ဇုန် နှင့် (၃) ယဉ်ကျေးမှု နှင့်သဘာဝရောနှောအမွေအနှစ်ဇုန် ဟူ၍ ၃ မျိုးခွဲခြားထားပါသည်။ ယဉ်ကျေးမှုအမွေအနှစ် ဇုန်များတွင် သမိုင်းဝင်အဆောက်အအုံများ၊

Continue reading »

စိတ်ဓာတ်ခွန်အားကိုမြှင့်တင်ပေးသော အဆိုအမိန့်များ

| Knowledge, Motivation | December 27, 2014

classifieds

ယနေ့ခေတ်အချိန်ကာလသည် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လူသားများအားလုံးသည် တစ်နေ့ထက်တစ်နေ့အပြိုင်အဆိုင်ကြိုးစားနေကြလျက်ရှိရာ စိတ်ဓာတ်ကျဖွယ်ရာအခက်အခဲများ၊ စိတ် ပင်ပန်းဖွယ်ရာ ကိစ္စများ၊ ဖိအားများ၊ စိတ်ဖိစီးမှုများနှင့်ရင်ဆိုင်ရနေရသူများအတွက် ကမ္ဘာကျော်ပုဂ္ဂိုလ် များ၏ စိတ်ဓာတ်ခွန်အားကိုမြှင့်တင်ပေးသောအဆိုအမိန့်များကို တင်ပြလိုက်ရပါသည်။

“It is hard to fail, but it is worse never to have tried to succeed.” – Theodore Roosevelt

ရှုံးနိမ့်မှုကို ခံစားရသည်မှာ ခါးသီးပါသည်။ သို့သော် ပိုဆိုးသည်မှာ အောင်မြင်ရန် တစ်ရံတစ်ခါမှ မကြိုးစားခဲ့ခြင်းဖြစ်သည်။ – ၂၆ ဦးမြောက်အမေရိကန်သမ္မတ – Theodore Rossevelt

“Nothing can stop the man with the right mental attitude from achieving his goal; nothing on earth can help the man with the wrong mental attitude.” – W.W. Ziege

မှန်ကန်သော စိတ်နေစိတ်ထားဖြင့် ကြိုးစားနေသူအား မိမိ၏ရည်မှန်းချက်အောင်မြင်ရန်အတွက် မည် သည့် အရာကမှ ရပ်တန့်အောင် မပြုလုပ်နိုင်သကဲ့သို့ မှားယွင်းသော စိတ်နေစိတ်ထားရှိသူများကို လည်း မည်သည့်အရာကမှ ကူညီနိုင်မည် မဟုတ်ပါ။ – W.W. Ziege

“To climb steep hills requires a slow pace at first.” – Shakespeare

မတ်စောက်သောတောင်တန်းများကိုပထမဆုံးဦးစွာဖြည်းဖြည်းတက်ရန်လိုအပ်သည်။ – Shakespeare

“People often say that motivation doesn’t last. Well, neither does bathing – that’s why we recommend it daily.” – Zig Ziglar

စိတ်ဓာတ်တက်ကြွမှုသည် မတည်မြဲနိုင် ဟု လူအများက မကြာခဏပြောလေ့ရှိကြပါသည်။ ရေချိုးခြင်း သည်လည်း

Continue reading »

အီစွပ်၏ကမ္ဘာကျော်ပုံပြင်များ

| Knowledge, Motivation | December 11, 2014

Fable ဟု လူသိများထင်ရှားသည့် ပုံပြင်အမျိုးအစားမှာ ဖတ်ရှုသူများအား သင်ခန်းစာပေးသော ပုံပြင် များ ဖြစ်ပြီး အီစွပ်ရေးသားသောပုံပြင်များမှာ Aesop’s Fables ဟုပြောစမှတ်ပြုလောက်သည်အထိ ကမ္ဘာ တစ်ဝန်းလုံးရှိ လူအများအပြား သိရှိကြသည့် ကမ္ဘာကျော်ပုံပြင်များဖြစ်ကြပါသည်။ ယုန်နှင့်လိပ်၊ စပျစ်သီး နှင့် မြေခွေး၊ နွားစာခွက်ထဲက ခွေး၊ ခင်္သြေ့ နှင့် ကြွက်၊ ပုရွက်ဆိတ်နှင့် နှံကောင် အစရှိသည့် ပုံပြင်များမှာ ကမ္ဘာ တစ်ဝန်းလုံးရှိ စာဖတ်သူ အများစုနှင့် ရင်းနှီးပြီးသား ပုံပြင်များဖြစ်ကြပြီး ထိုပုံပြင်များထဲမှ စိတ်ဝင်စားဖွယ်ရာ ပုံပြင် ၃ ပုဒ်ကို ရွေးချယ် တင်ပြလိုက်ရပါသည်။

ပုံပြင်

လူ နှင့် မြွေ

တစ်ရံရောအခါက လူတစ်ဦး၏သားလေးမှာ မြွေတစ်ကောင်ကို မတော်တဆတက်နင်းမိရာ မြွေက ထိုကောင်လေးအား ပေါက်သတ်လိုက်သဖြင့် ထိုကောင်လေးသေဆုံးသွားလေ၏။ သားလေးသေဆုံးသွားသဖြင့် ဒေါသထွက်နေသော ကောင်လေး၏ဖခင်က ပုဆိန်တစ်လက်ဖြင့် သူ၏သားကိုကိုက်သတ်သွားသော မြွေအား လိုက်လံရှာဖွေ၍ မြွေ၏အမြီးကို ခုတ်ဖြတ်လိုက်လေသည်။ ထို့နောက် မြွေက တစ်ဖန် လယ်သမားဖြစ်သူ အဆိုပါကောင်လေး၏ဖခင်ပိုင်ဆိုင်သော ကျွဲနွားတိရစ္ဆာန်များ မြွေဆိပ်တက်၍ သေဆုံးသွားကြရန်

Continue reading »

သေကံမရောက် သက်မပျောက်

| Uncategorized | November 28, 2014

online myanmarကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလို၊ သေနေ့မစေ့သေးရင် ပါလာတဲ့ ကံကြွေးကိုတော့ ဆပ်ရတာပါပဲ။ ခွေးကိုက်ခံရမယ့်သူဟာ သျှောင်ထုံးလေးနဲ့ဆိုသလို ကံအကြောင်းပါလာရင် ရှောင်လွှဲလို့မရတဲ့ ဖြစ်တောင့်ဖြစ်ခဲကိစ္စတစ်ခုပါပဲ။

တရုတ်ပြည် ကွန်ရှမ်းပြည်နယ်မှာ လတ်တလော ဖြစ်သွားတဲ့ဖြစ်ရပ်ပါ။ လူတစ်ယောက် ကားလမ်းဖြတ်ကူးရင်း ကားတိုက်ခံရတာဖြစ်ပါတယ်။ အဖြစ်က ဘယ်လောက်ဆိုးလဲဆိုရင် ကားတစ်စီးတည်းက တိုက်တာမဟုတ်ဘဲ ကားသုံးစီးနဲ့သုံးကြိမ်သုံးခါ တိုက်တာခံရခြင်းပါ။ ခြေထောက်က

Continue reading »

အဆုံး၏အစ

| Knowledge, Motivation | November 28, 2014

myanmar advertising
နှစ်တစ်နှစ်၏နောက်ဆုံးလကို မကြာမီရောက်ရှိလာတော့မည် ဖြစ်သည်။ ကုမ္ပဏီများ၊ လုပ်ငန်း ဌာနများတွင် ယခုနှစ်၏လုပ်ငန်းအခြေအနေအစီရင်ခံစာများ၊ နောင်လာမည့်နှစ်အတွက် ကြိုတင်စီမံကိန်းများ ရေးဆွဲကြသည်။ သတင်းဌာနများကလည်း ယခုနှစ်တစ်နှစ်လုံးတွင် ထူးခြားသည့်သတင်းများအားလုံးကို နေ့ရက်အလိုက် စုစည်းကာ ထုတ်ပြန်တတ်ကြသည်။ ထို့အတူ ဤအချိန်အခါသည် ကျွနု်ပ်တို့ကိုယ်တိုင်လည်း မိမိတို့၏တစ်နှစ်တာ အခြေအနေကို လေ့လာသုံးသပ်ကြည့်သင့်သည့်အချိန်ဖြစ်ပေသည်။

၁။ ပထမဦးစွာ မိမိ၏တစ်နှစ်တာအခြေအနေသည် အကောင်းဆုံးအနေအထားမှာ ရှိနေသလား။ အဆိုးဆုံး အနေအထားကို ရောက်နေသလား။ သို့မဟုတ် အကောင်းနှင့်အဆိုးရောယှက်နေသလား ဆိုသည်ကို အကြမ်းဖျင်း စဉ်းစားသုံးသပ်ကြည့်ပါ။

ကျောင်းသားကျောင်းသူများအနေဖြင့် မိမိ၏တစ်နှစ်တာအခြေအနေအား မိမိ၏ပညာရေးအခြေအနေဖြင့် ချိန်ထိုးတိုင်းတာကြည့်နိုင်ပါသည်။ မိမိသည် ဤနှစ်တွင် တစ်ကြိမ်တစ်ခါမျှမသင်ယူခဲ့ဖူးသော အတတ် ပညာ၊ မလေ့လာမဆည်းပူးခဲ့ဖူးသော

Continue reading »

တစ်မူထူးခြားသော (သို့) မပျံသန်းနိုင်သော ငှက်များအကြောင်း

| Knowledge | November 24, 2014

un flyable birds

ငှက် ဟုဆိုလိုက်သည်နှင့် ကောင်းကင်တွင် လေဟုန်စီးပြီး လွတ်လပ်စွာပျံသန်းနေကြသော ငှက်များကို ပြေးမြင် ကြလိမ့်မည်ထင်ပါသည်။ ထိုကဲ့သို့ ပျံသန်းပြီး လှပသောရှုခင်းများကို အပေါ်စီးမှမြင်နိုင်သည့် အခွင့်အရေးကို လည်း လူအများက လိုချင်ကြကာ ငှက်များကို အားကျမိသူများလည်း ရှိပါလိမ့်မည်။ သို့သော်လည်း ငှက်များ ထဲတွင် မပျံသန်းနိုင်သော ငှက်များလည်း ရှိသည်။ ထို ငှက်များထဲမှ မပျံသန်းနိုင်သော ငှက် (၈) မျိုးအကြောင်း ကို ဖော်ပြပေးလိုက်ပါသည်။

ပင်ဂွင်းငှက် (Penguin)

မပျံသန်းနိုင်သော ငှက်များအကြောင်းကို ရေးသားရာတွင် မပါမဖြစ်ပါသင့်သည့် မပျံသန်းနိုင်သော ငှက်တစ်မျိုး အဖြစ် လူသိများထင်ရှားသော ငှက်တစ်မျိုးမှာ ပင်ဂွင်း ငှက်ဖြစ်ပါသည်။ ပင်ဂွင်းငှက်မျိုးစိတ် (၁၈) မျိုးစလုံး သည် မပျံသန်းနိုင်ကြသော်လည်း ရေကူးခြင်းနှင့် ရေငုပ်ခြင်းကို အထူးကျွမ်းကျင်ကြသည်။ ပင်ဂွင်းအများစု သည်

Continue reading »

သူ့အကျိုး ကိုယ့်အကျိုး

| Knowledge, Motivation | November 13, 2014

သူ့အကျိုး ကိုယ့်အကျိုး

ဤလောကကြီးတွင် နေထိုင်ကြသောလူသားတိုင်းသည် တစ်ဦးနှင့်တစ်ဦး တစ်နည်းမဟုတ် တစ်နည်းနှင့် ပတ်သက်ဆက်နွယ်မှုရှိကြသည်။ “ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ”ဟူသော သဘောဖြင့် တစ်ဦးနှင့် တစ်ဦး နှစ်ဦးနှစ်ဖက်အကျိုးရှိစေရန် အပြန်အလှန် အမှီသဟဲပြုဆက်ဆံလျက်ရှိကြသည်။ ထိုသို့ သူတစ်ပါး အကျိုးကိုမငဲ့ကွက်ဘဲ မိမိအကျိုးတစ်ခုတည်းအတွက်သာ ကြည့်ကြမည်ဆိုပါလျှင် ဤကမ္ဘာကြီးသည် ပျက်စီး သွားပေလိမ့်မည်။ ထို့ကြောင့် မိမိတို့နေထိုင်ရာ ကမ္ဘာကြီးအဓွန့်ရှည်ရေးအတွက် အဓိကလိုအပ်ချက်မှာ လူသား တိုင်း ကိုယ့်အကျိုး၊ သူ့အကျိုးကို မျှမျှတတကြည့်ရှု၍ ဆောင်ရွက်တတ်ခြင်းပင်ဖြစ်သည်။

သူ့အကျိုးဟူသည် သူတစ်ပါး၌ အကျိုးတစ်စုံတစ်ရာရရှိခြင်းဖြစ်သည်။ ထိုသို့သူတစ်ပါး၌ အကျိုးတစ်စုံ တစ်ရာဖြစ်ထွန်းမည့်ကိစ္စအပေါ် ဖျက်လိုဖျက်ဆီးလုပ်ခြင်း၊ သူတစ်ပါးရရှိမည့်အကျိုးကို မိမိရရှိစေရန် ကြံဆောင် ခြင်း၊ မနာလိုဝန်တိုဖြစ်ကာ မကောင်းကြံခြင်း တို့အား မည်သည့်အခါမှ မည်သည့်အကြောင်းနှင့်မှ မပြုလုပ်သင့် ပါ။ မိမိအနေဖြင့် ထိုသို့မကောင်းသောအကြံတစ်ခုကိုကြံစည်မိပြီဆိုပါက မိမိမကောင်းကြံစည်မည့်လူ၏နေရာ တွင် မိမိကိုယ်စားဝင်ကြည့်လိုက်ပါ။ အခြားလူတစ်ဦးက မိမိအပေါ် ထိုသို့မကောင်းကြံလာလျှင်

Continue reading »

စာပေမှရသော သုတ၊ရသများ

| Knowledge, Motivation | November 2, 2014

online advertising
စာပေဆိုသည်မှာ လူသားများအတွက် အကောင်းဆုံးအဖော်မွန်ဖြစ်သည် ဟူသော ဆိုရိုးစကား အတိုင်းပင်လူသားသက်ရှိမိတ်ဆွေတို့၏အတွင်းစိတ်သဘာဝသည် ဖောက်ပြန်ပြောင်းလဲနိုင်သော် လည်း စာပေသည်ကား စာဖတ်သူတို့အပေါ် မည်သည့်အခါမှ ဖောက်ပြန်ပြောင်းလဲမည် မဟုတ်ပါ။ စာပေကို ယေဘုယျအားဖြင့် သုတစာပေနှင့်ရသစာပေ ဟူ၍ ခွဲခြားတတ်ကြပြီး မည်သည့်စာပေအမျိုး အစားအား ဖတ်ရှုစေကာမူ စာဖတ်သူပရိသတ်များအား သင်ခန်းစာတစ်ခုခုပေးစွမ်းနိုင်သည်ပင်။ စာပေ အမျိုးအစားများနှင့် စာပေရေးဟန်များကို အောက်ပါအတိုင်းခွဲခြားထားပါသည်။

အတ္ထုပ္ပတ္တိ (Biography& Autobiography)

အတ္ထုပ္ပတ္တိဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦး၏မွေးဖွားသည်မှ သေဆုံးသည်အထိ (သို့မဟုတ်) လက်ရှိ အချိန်အထိ ဖြတ်သန်းလာခဲ့သည့် ဘဝတစ်လျှောက်လုံးတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံ များအကြောင်းကို အသေးစိတ်ပုံဖော်ရေးသားတတ်သော စာပေအမျိုးအစား တစ်မျိုးဖြစ်ပါသည်။အချို့ အတ္ထုပ္ပတ္တိများသည် တစ်စုံတစ်ဦး၏အကြောင်းအား အခြားတစ်စုံတစ်ဦး (သို့မဟုတ်) စာရေးဆရာ တစ်ဦးက ရေးသားထားခြင်းဖြစ်ပြီး အချို့မှာမူ အဆိုပါပုဂ္ဂိုလ်က မိမိ၏အကြောင်းကို ကိုယ်တိုင်ရေးဖွဲ့ ထားသောကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများဖြစ်ကြပါသည်။ အများအားဖြင့် အတ္တုပ္ပတိများအဖြစ် လူသိများ ထင်ရှားသူတို့၏ဘဝအကြောင်းအရာများကို ရေးသားလေ့ရှိကြပြီး ဤစာပေအားဖတ်ရှုခြင်းဖြင့် အဆိုပါ ပုဂ္ဂိုလ်တို့ အောင်မြင်မှုပန်းတိုင်သို့ကြိုးစားပမ်းစားဖြင့် ဇွဲလုံ့လမလျှော့ဘဲမည်သို့အရောက်လျှောက်လှမ်း ခဲ့ကြပုံတို့အား သိရှိနိုင်ကာ ရှေ့ဆက်လျှောက်မည့် ဘဝခရီးလမ်းအတွက် ခွန်အားများစွာရရှိနိုင်ပါ သည်။

စုံထောက်ဇာတ်လမ်း (Detective Story)

လျှို့ဝှက်ဆန်းကြယ်ကာ စိတ်ဝင်စားဖွယ်ကောင်းပြီး ရှုပ်ထွေးပွေလီလှသည့်မှုခင်းများအား

Continue reading »

ရည်မှန်းချက်ပန်းတိုင်သို့ လျှောက်လှမ်းနေသူများအတွက် နည်းလမ်းကောင်းများ

| Knowledge, Motivation | October 26, 2014

myanmar articleယနေ့ခေတ်လူငယ်အားလုံးနီးပါးတွင် ရည်မှန်းချက်ကိုယ်စီရှိကြပါသည်။ ရည်မှန်းချက်အမျိုးမျိုးကွဲပြား သကဲ့သို့ မိမိတို့၏ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းပုံချင်းလည်း ကွဲပြားပါသည်။ မိမိရည်မှန်းချက်ပန်းတိုင် သို့ လျှောက်လှမ်းနေကြသူများအတွက် အကျိုးရှိစေမည့်နည်းလမ်းကောင်းအချို့ကို တင်ပြပေးလိုက်ပါသည်။

၁။ အခက်အခဲ၊ အတားအဆီးများအား မိမိ၏စွမ်းဆောင်ရည်ကိုမြင့်မားအောင်လုပ်ဆောင်ပေးသည့် တွန်းအား များဟု သဘောထားပါ။

အချို့မှာ မိဘဆွေမျိုးများ၏ထောက်ပံ့မှုကြောင့် မိမိတို့၏ရည်မှန်းချက်ပန်းတိုင်ကို ပိုမိုလွယ်ကူ ချောမွေ့စွာ လျှောက်လှမ်းနိုင်ပြီး အချို့မှာ ဘဝပေးအခြေအနေအရ မိဘဆွေမျိုးများ၏ ထောက်ပံ့မှုကို ရရှိ သူများထက် ပိုမိုခက်ခဲစွာ လျှောက်လှမ်းကြရပါသည်။ မည်သို့ပင်ဆိုစေကာမူ ပန်းတိုင်ကို လျှောက်လှမ်း နေစဉ်ကာလအတွင်း အခက်အခဲ၊ အတားအဆီးများကို မည်သူမဆိုကြုံတွေ့တတ်ကြစမြဲပင်။ ထိုအခက်အခဲ၊ အတားအဆီးများကို စိတ်ညစ်စရာ၊ စိတ်ပျက်စရာ ထိုးနှက်ချက်များအဖြစ် မမှတ်ယူဘဲ မိမိ၏ စိတ်ဓာတ် ပိုမိုကြံ့ခိုင်လာစေရန်၊ ပြဿနာတစ်ခုအား ပြေလည်အောင်ဖြေရှင်းတတ်သည့်အလေ့အကျင့်ကောင်းများ ရရှိ လာစေရန် လေ့ကျင့်ပေးသည့် လေ့ကျင့်ခန်းတစ်ခုအဖြစ် သဘောထားလိုက်ပြီး ကြိုးစားလျှင် ပိုမို အကျိုး ထိရောက်နိုင်ပါသည်။ အတားအဆီးများနှင့်ရင်ဆိုင်ရလေလေ မိမိ၏စွမ်းဆောင်ရည်ပိုမိုမြင့်မားလာလေလေ ဖြစ်သည်။

၂။ အခက်အခဲ အတားအဆီးများနှင့် ရင်ဆိုင်ရသည့်အခါ စိတ်ဓာတ်မကျပါနှင့်။

မိမိလုပ်ဆောင်သည့်လုပ်ဆောင်ချက်တစ်ခုမအောင်မြင်လျှင် ဖြစ်စေ၊ အဆင်မပြေလျှင် ဖြစ်စေ၊ အမှားပြုလုပ်မိလျှင် ဖြစ်စေ လူတိုင်း အနည်း နှင့်အများစိတ်ဓာတ်ကျတတ်ကြပါသည်။ ကြိုးစားသူတိုင်း အောင် မြင်မှုကိုရှာမတွေ့မီ အရှုံးနှင့်ရင်ဆိုင်ရတတ်ပါသည်။ ထိုတွေ့ကြုံရသည့်အရှုံးများမှ သင်ခန်းစာယူကာ ဆက် လက်ကြိုးစားပါ။ “Don’t cry over the split milk” ဖိတ်ကျသွားသောနို့အတွက် မငိုကြွေးပါနှင့် ဟူ၍ ဆိုရိုး စကားရှိသည် မဟုတ်ပါလော။

၃။ မည်သည့်အခက်အခဲများနှင့်ရင်ဆိုင်ရပါစေ မိမိ၏ရည်မှန်းချက်ကို အတိမ်းအစောင်းမခံပါနှင့်။

လူတိုင်း ရှုံးနိမ့်မှုများ၊ အဆင်မပြေမှုများကို ရင်ဆိုင်ရသည့်အခါမှာ စိတ်ဓာတ်ကျတတ်ပြီး မိမိ၏ရည်မှန်း ချက် တဖြည်းဖြည်းဝေဝါးလာကာ

Continue reading »

Page 20 of 27 1 18 19 20 21 22 27

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends