ဆားဝက်ခြံတွေကြောင့် စိတ်ညစ်နေရပါသလား?

| Health, Knowledge | December 15, 2019

ဆားဝက်ခြံဆိုတာ မျက်နှာမှာရှိတဲ့ချွေးပေါက်တွေကျယ်နေတဲ့အပေါ် ဖုန်မှုန့်၊ မိတ်ကပ်နဲ့ အခြားအမှုန်အမွှား တွေ ဝင်ရာက ဖြစ်တာပါ။ ဒါမျိုး အမည်းစက်တွေ မိမိမျက်နှာမှာ အထူးသဖြင့် နှာခေါင်းတစ်ဝိုက်မှာရှိတဲ့ဆား ဝက်ခြံတွေကို မှန်ထဲမှာမြင်ရတဲ့အခါအလွန်စိတ်ရှုပ်စရာကောင်းပီး ကြည့်ရဆိုးပါတယ်။ ကဲဆားဝက်ခြံတွေ ရှိနေပြီဆိုရင်တော့ ကုန်ကျစရိတ်သက်သာတဲ့အိမ်တွင်းနည်းလမ်းလေးတွေနဲ့ဖယ်ရှားကျရအောင်…

 

သွားတိုက်ဆေး

 

သွားတိုက်ဆေး အထူးသဖြင့် Mint ပါတဲ့သွားတိုက်ဆေးတွေဟာ ဆားဝက်ခြံအတွက်ထိရောက်တဲ့ နည်းလမ်းပါ။ Mint ပါတဲ့သွားတိုက်ဆေးဟာပိတ်နေတဲ့ချွေးပေါက်တွေကိုပွင့်စေပြီး ဘက်တီးရီယားတွေ ကိုသေစေနိုင်တာကြောင့်ပဲဖြစ်ပါတယ်။သွားတိုက်ဆေးအနည်းငယ်ကိုဆားဝက်ခြံရှိတဲ့နေရာအပေါ်ဘရက်ရှ်လေးနဲ့ညင်သာစွာပွတ်တိုက်ပေးရုံပဲဖြစ်ပါတယ်။

 

အုန်းဆီ

 

အုန်းဆီပါတဲ့ Lauric Acid ဟာ ပိုးမွှားတွေကိုသေစေနိုင်ပြီး အုန်းဆီဟာ အသားအရည်ကို အားဖြည့်ပေး ရုံသာမက ဆဲလ်အသေတွေကိုလဲဖယ်ရှားပေးတဲ့အတွက် ဆားဝက်ခြံဖယ်ရှားရာ မှာထိရောက်တဲ့နည်း လမ်းပါပဲ။

 

ပျားရည်

 

ပျားရည်ကိုဆေးဖက်ဝင်ပစ္စည်းအနေနဲ့ခေတ်အဆက်ဆက်ကသုံးဆွဲခဲ့တာဖြစ်ပြီး ကောင်းကျိုးအလွန်ရှိတဲ့ အပြင် ဆေးဖက်လဲဝင်ပါတယ်။ပျားရည် သံပရာရည် နဲ့ သကြား တို့ကိုပေါင်းစပ်ပြီး ဆားဝက်ခြံရှိ တဲ့နေရာ အပေါ်ပွတ်တိုက်ပေးပါက သိသိသာသာပျောက်ကင်းစေပါတယ်။ပျားရည်မှာ ဘက်တီရီးယားတွေကို သေစေ နိုင်ပြီး သံပရာကတော့ အသားအရည်ကိုကြည်လင်စေကာ သကြားကတော့ ဂျေးချွတ်တဲ့နေရာမှာ တ ကယ်ထိရောက်တဲ့ပါဝင်ပစ္စည်းပါ။

 

ခရမ်းချဉ်သီး

 

ခရမ်းချဉ်သီးဟာလဲ ဘက်တီရီးယားတွေကိုသေစေနိုင်ပြီး ဆားဝက်ခြံတွေကိုခြောက်သွေ့စေပါတယ်။ သူ့မှာပါတဲ့ lycopene ဟာ ပျက်စီးနေတဲ့အသားအရည်ကိုပြန်လည်ကောင်းမွန်စေပါတယ်။ ခရမ်းချဉ်သီး အလယ်ကထက်ခြမ်းခွဲ၍သကြားအနည်းငယ်ထည့်ပြီး ဆားဝက်ခြံရှိတဲ့နေရာ အပေါ်ပွတ်တိုက်ပေးပါ။ တချို့ ခရမ်းချဉ်သီးနဲ့ဓာတ်မတည့်သူတွေကတော့အသားအရည်ယားယံတာနီမြန်းတာမျိုးဖြစ်လာခဲ့ရင်ဆက်မလုပ်သင့်ပါဘူး။

 

စတော်ဘယ်ရီ 

 

စတော်ဘယ်ရီမှာပါရှိတဲ့ အယ်ကာလီ ဟာအညစ်အကြေးတွေကိူပျော်ဝင်စေတဲ့သတ္တိရှိပြီး ချွေးပေါက်မှာ ပိတ်နေတဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးတဲ့အတွက် သဘာဝကပေးတဲ့ ဂျေးချွတ်ဆေးတမျိုးပါပဲ။

 

အထက်ပါအချက်တွေကိုအသုံးချပြီး ဆားဝက်ခြံ တွေပျောက်ကင်းသွားပြီဆိုရင်တော့ ထပ်မဖြစ်စေရန် ရှောင်ရမဲ့အစားအစာတွေကတော့ ချောကလက်၊ဥအမျိုးမျိုး၊ထောပတ်သီး၊သရက်သီးမှည့် ၊ နို့နှင့်နို့ထွက် ပစ္စည်းများ၊ဆီကျော်အစားအစာများ စသည်တို့ဖြစ်ပါတယ်။

 

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends