ပြည်သူဆိုတာ ဂျင်းထဲ့ခံလူစားသက်သက်ပဲလား။

| Knowledge | February 6, 2018

ရိုးသားတဲ့ ပြည်သူတွေဆီက ဖုန်းဘေလ်ပိုက်ဆံတွေကို မလိမ့်တစ်ပတ်လုပ်၊ ပေါ်ပေါ်တင်တင်ကြီးခိုးနေတဲ့ နိုင်ငံတော်တင်ဒါအောင်ထားတဲ့ Telecom သူခိုးကြီးတွေရေ။ ဒီပို့(စ်)ကို မြင်ပါစေ။ Telecom တွေဘယ်လိုခိုးပြီးဘယ်လိုချမ်းသာနေကြလဲဆိုတာကိုလဲပြောပြပါရစေ။ ကိုယ်တွေ့။

ဘယ်တုံးကမှ မကြားဖူး၊ မသိဖူးတဲ့ ဂိမ်းဆိုဒ်တွေ၊ ဝက်(ဘ်)ဆိုဒ်တွေကနေ အင်္ဂလိပ်လိုမက်ဆေ့ပို့လာတယ်။ Ooredoo ပါ။ အောက်ပုံမှာကြည့်ပါ။

ဗမာလိုပြန်ရင် “သင်သည် ယခုဂိမ်းကလပ်ကို တစ်ပတ်လ ျှင် ကျပ်၃၀၀ နှုန်းနဲ့အောင်မြင်စွာ စာရင်းတင်သွင်းပြီးပါပြီ။ သင့်ဖုန်းဘေ(လ်) ကျပ် ၃၀၀ ကိုလဲနှုတ်ပြီးပါပြီ။ နောင်တစ်ပတ်တိုင်းကို ကျပ် ၃၀၀ မနှုတ်စေချင်လ ျှင် 7001 သို့ “OFF” လို့ရိုက်ပြီး မက်ဆေ့ ပြန်ပို့ပါ” တဲ့ … ကဲ။ နေရင်းထိုင်ရင်း ကိုယ်လဲဘာမှမလုပ်မိဘဲနဲ့သက်သက်မဲ့ ပိုက်ဆံခိုးတာ။ ကိုယ်က “OFF” ဆိုပြီးပြန်မပို့မိခဲ့ရင် တစ်ပတ်ကို ၃၀၀ကျပ်၊ တစ်လကို ၁,၂၀၀ကျပ်။

အဲဒီလိုကိစ္စမပြီးသးဘူး … ဟော .. နောက်တစ်ခုလာပြန်ပြီ vzoneom.com တဲ့ တစ်ရက်ကို “၉၉ ကျပ်” ဖြတ်ပြန်ပြီတဲ့။ “OFF” လို့ပြန်မပို့မိခဲ့ရင် တစ်ပတ်ကို ၆၉၃ကျပ်၊ တစ်လကို ၂,၇၇၂ ကျပ် အသားလွတ် အဖြတ်ခံနေရတယ်။ “OFF” လို့ပြန်ပို့လိုက်ရင် ချက်ချင်းပယ်ဖျက်ပြီးပြီလို့တော့ပြန်ပို့တယ်၊ နောက်တစ်ပတ်ကျတော့ အဲကပဲ မက်ဆေ့ နောက်တစ်ခါပြန်ပို့လာပြီး နောက်တစ်ခေါက်ထပ်ဖြတ်ပြန်တယ်။ အပိုမပြောဘူး၊ ပုံကိုကြည့်ပါ။ ဂျင်းထဲ့ချက်ကကြမ်းတယ် … ကိုယ်ထည့်သမ ျှပိုက်ဆံလဲ သူတို့ခိုးတာနဲ့ကုန်ရော။

ပြည်သူဆိုတာ ဂျင်းထဲ့ခံလူစားသက်သက်ပဲလားဟင်။ ဖုန်းကိုင်တဲ့လူတိုင်းအင်္ဂလိပ်စာတတ်တယ်လို့မထင်နဲ့။ အင်္ဂလိပ်စာတတ်ခဲ့ရင်တောင် နည်းပညာနဲ့ပတ်သတ်တဲ့အရာတွေ၊ ဖုန်းတစ်လုံးကို ဘယ်လိုသုံးရမယ်ဆိုတာတွေကို ကိုယ့်နိုင်ငံကဖုန်းသုံးတဲ့လူ ၉၉% လောက်ကသိကြတာမဟုတ်ဘူး။ မြို့မှာနေတဲ့လူတွေတောင် ကိုယ့်ဖုန်းတစ်ခုခုဖြစ်ရင်ဟိုလူ့မေး၊ ဒီလူမေးဖြစ်နေတာ၊ တောမှာနေတဲ့ ရိုးသားတဲ့တောသူတောင်သားတွေဆိုထည့်ပြောနေစရာတောင်မလိုတော့ဘူး။

ဒီနေ့၂၀၁၈ မြန်မာနိုင်ငံမှာထုတ်ထားတဲ့ SIM Card အရေအတွက်ပေါင်း 54 မီလီယံရှိတယ် စဉ်းစားကြည့်။ လက်ရှိ Ooredoo ကထုတ်ထားတဲ့ SIM Card ၁၀ သန်းဆီက တစ်ကဒ်ကို ၃၀၀ကျပ်နဲ့တစ်ခါပဲခိုး၊ ဗမာငွေ ကျပ် သိန်းပေါင်းသုံးသောင်း ရှိတယ်။ နိုင်ငံနဲ့ချီပြီးလုပ်စားနေတဲ့ ကုမ္ပဏီကြီးတွေရဲ့ကျင့်ဝတ်တွေကဘာလဲဟင်၊ ခိုးဖို့လား။ သူတောင်းစားတောင်မှ ကိုယ့်ထက်အားနည်းတဲ့လူဆီကမလုဘူး၊ မခိုးဘူး၊ ဒါးပြမတိုက်ဘူး။ ပညာရေးဗဟုသုတနိမ့်ကျတဲ့ ငါတို့နိုင်ငံ၊ ငါတို့အခြေခံလူတမ်းစားတွေကို ဂုတ်သွေးစုပ်ပြီး နားလှည့်ပါးရိုက် လိမ်စား၊ ညားစားနေတဲ့ စောက်ကျင့်တွေကို ပြင်ကြပါ။ ရပ်တန်းက ရပ်ကြပါ။

နဂိုထဲကမှ တာဝန်ယူမှုတာဝန်ခံမှုဆိုတာမရှိတဲ့ကြားထဲ၊ တရားဥပဒေစိုးမိုးမှုကလဲမရှိလေတော့ ပြည်သူတွေခင်မျာဘယ်တိုင်လို့တိုင်ရမှန်းမသိ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စောက်ရူးတွေလိုပဲ။ နင်တို့မျိုဆို့နေတဲ့ပိုက်ဆံတွေက နေ့တိုင်းနဖူးကချွေးခြေမကျအောင် ပင်ပင်ပန်းပန်းလုပ်စားနေရတဲ့ ငါတို့လက်လုပ်လက်စားပြည်သူတွေရဲ့ ချွေးတွေသွေးတွေဟဲ့။ ပြည်သူတွေရဲ့ မသဒ္ဒါရေစာ စားရဲတဲ့သူတွေ၊ စားရက်ကြသူတွေ၊ ပြည်သူ့မေတ္တာစူးပြီး၊ စားသမ ျှအဆိပ်ဖြစ်၊ ချီးစိမ်းပမ်း၍ သွေးပွက်ပွက်အန်ပြီးသေပါစေတော်။ အကြီးစား MPT နဲ့ Telenor အကြောင်းလဲ မကြာခင်လာဦးမယ်။

ဒီပိုစ့်ကို ဖတ်နေကြသူများလဲ နေ့စဉ်ရက်ဆက်ဒရဟောဝင်နေတဲ့မက်ဆေ့တွေကြားထဲမှာ ကိုယ့်ပိုက်ဆံကိုအချောင်နှိုက်နေတဲ့ဟာကို ရှာပြီး “OFF” လိုက်ကြပါဦးစို့။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။

ဒီပို့စ်ကို လွတ်လပ်စွာ ရှဲနိုင်ပါတယ်။

Credit: May Phyu Sin’s Facebook

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends