စိတ်ဓာတ်ခွန်အားကိုမြှင့်တင်ပေးသော အဆိုအမိန့်များ

| Knowledge, Motivation | December 27, 2014

classifieds

ယနေ့ခေတ်အချိန်ကာလသည် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လူသားများအားလုံးသည် တစ်နေ့ထက်တစ်နေ့အပြိုင်အဆိုင်ကြိုးစားနေကြလျက်ရှိရာ စိတ်ဓာတ်ကျဖွယ်ရာအခက်အခဲများ၊ စိတ် ပင်ပန်းဖွယ်ရာ ကိစ္စများ၊ ဖိအားများ၊ စိတ်ဖိစီးမှုများနှင့်ရင်ဆိုင်ရနေရသူများအတွက် ကမ္ဘာကျော်ပုဂ္ဂိုလ် များ၏ စိတ်ဓာတ်ခွန်အားကိုမြှင့်တင်ပေးသောအဆိုအမိန့်များကို တင်ပြလိုက်ရပါသည်။

“It is hard to fail, but it is worse never to have tried to succeed.” – Theodore Roosevelt

ရှုံးနိမ့်မှုကို ခံစားရသည်မှာ ခါးသီးပါသည်။ သို့သော် ပိုဆိုးသည်မှာ အောင်မြင်ရန် တစ်ရံတစ်ခါမှ မကြိုးစားခဲ့ခြင်းဖြစ်သည်။ – ၂၆ ဦးမြောက်အမေရိကန်သမ္မတ – Theodore Rossevelt

“Nothing can stop the man with the right mental attitude from achieving his goal; nothing on earth can help the man with the wrong mental attitude.” – W.W. Ziege

မှန်ကန်သော စိတ်နေစိတ်ထားဖြင့် ကြိုးစားနေသူအား မိမိ၏ရည်မှန်းချက်အောင်မြင်ရန်အတွက် မည် သည့် အရာကမှ ရပ်တန့်အောင် မပြုလုပ်နိုင်သကဲ့သို့ မှားယွင်းသော စိတ်နေစိတ်ထားရှိသူများကို လည်း မည်သည့်အရာကမှ ကူညီနိုင်မည် မဟုတ်ပါ။ – W.W. Ziege

“To climb steep hills requires a slow pace at first.” – Shakespeare

မတ်စောက်သောတောင်တန်းများကိုပထမဆုံးဦးစွာဖြည်းဖြည်းတက်ရန်လိုအပ်သည်။ – Shakespeare

“People often say that motivation doesn’t last. Well, neither does bathing – that’s why we recommend it daily.” – Zig Ziglar

စိတ်ဓာတ်တက်ကြွမှုသည် မတည်မြဲနိုင် ဟု လူအများက မကြာခဏပြောလေ့ရှိကြပါသည်။ ရေချိုးခြင်း သည်လည်း ထို့အတူပင်။ ထို့ကြောင့် နေ့စဉ် လုပ်ဆောင်ရန် အကြံပြုကြခြင်းဖြစ်သည်။

“That some achieve great success, is proof to all that others can achieve it as well.” – Abraham Lincoln

လူအချို့ ကြီးမားသောအောင်မြင်မှုကို ရရှိခြင်းသည် အခြားလူများလည်း ထိုကဲ့သို့ အောင်မြင်မှုများကို ရရှိနိုင်ကြောင်း အထောက်အထားပင် ဖြစ်သည်။ – ၁၆ ဦးမြောက် အမေရိကန်သမ္မတ – Abraham Lincoln

“Our greatest battles are that with our own minds.” – Jameson Frank

ကျွနု်ပ်တို့၏အကြီးမားဆုံးစစ်ပွဲမှာ ကျွနု်ပ်တို့၏စိတ်နှင့်တိုက်ခိုက်ရခြင်း ဖြစ်သည်။

“Smooth seas do not make skilful sailors.” – African proverb

ငြိမ်သက်သော ပင်လယ်ရေပြင်သည် စွမ်းရည်ပြည့်ဝသော သင်္ဘောသားများကို မဖန်တီးနိုင်ပေ။ – အာဖရိက စကားပုံ

“Who has never tasted what is bitter does not know what is sweet.” – German proverb

ခါးသီးသည့်အရသာကို တစ်ခါမှ မမြည်းစမ်းဖူးသူသည် ချိုမြိန်သည့်အရသာကို မသိပါ။ – ဂျာမန် စကားပုံ

“In the confrontation between the stream and the rock, the stream always wins – not through strength, but through persistence.”_ Buddha

ရေစီး နှင့် ကျောက်ဆောင်တို့ ရင်ဆိုင်ကြုံတွေ့ရာတွင် ရေစီးသည်သာ အမြဲတမ်း အနိုင်ရသည်။ ကြံ့ခိုင်မှုကြောင့် မဟုတ်၊ မဆုတ်မနစ်ကြိုးပမ်းမှုကြောင့် ဖြစ်သည်။ – ဗုဒ္ဓဘုရားရှင်

“The harder you fall, the higher you bounce.” – unknown

အထိနာလေလေ အမြင့်ခုန်နိုင်လေလေ ဖြစ်သည်။

“Kites rise highest against the wind – not with it.” – Winston Churchill.

စွန်များသည် လေစုန်တွင် အမြင့်ကိုတက်သည်မဟုတ်ဘဲ လေကို ဆန်၍ အမြင့်ဆုံးသို့ တက်ခြင်း ဖြစ် သည်။

“The true measure of a man is not how he behaves in the moments of comfort and convenience but how he stands at times of controversy and challenges.” – Martin Luther King Jr.

လူတစ်ဦး၏စစ်မှန်သောစွမ်းဆောင်ချက်မှာ အရာအားလုံးအဆင်ပြေချောမွေ့နေချိန်တွင်ဆောင်ရွက် သော လုပ်ဆောင်ချက် မဟုတ်ဘဲ အငြင်းပွားစရာများ၊ စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရချိန်တွင် ဆောင် ရွက်သော လုပ်ဆောင်ချက်ဖြစ်သည်။

– Nu Htet Htet Lwin

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends