ဖရဲသီးစားခြင်းရဲ့ ကောင်းကျိုးများ

| Food, Health | October 8, 2019

ဖရဲသီးကတော့ လူတိုင်းနီးပါးကြိုက်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ သူရဲ့အနံ့က မွှေးတယ်၊ အရသာကချိုတယ် ဒါပဲလားဆိုတော့ ဖရဲသီးစားရင် ရရှိနိုင်တဲ့ ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။ ကဲဘယ်လိုကောင်းကျိုးတွေရရှနိုင်မလဲဆိုရင်တော့…

 

ခန္ဓာကိုယ်အတွက် ရေဓာတ်ထောက်ပံ့ခြင်း

ဒီအချက်ကတော့ ခန္ဓာကိုယ်အတွက် ရေဓာတ်ကို ရေသောက်ခြင်းနဲ့ ရရှိနိုင်သလို၊ ရေဓာတ်ပါဝင်တဲ့ အစားအစာတွေ သစ်သီးတွေကို စားပေးခြင်းနဲ့လည်း ရနိုင်ပါတယ်။ ဖရဲသီးကို စားသုံးပေးခြင်းနဲ့လည်း သင့်ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်ဆည်းနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

 

အာဟာရနဲ့ အကျိုးဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်ခြင်း

ဖရဲသီးဟာ ကယ်လိုရီအနည်းဆုံး သစ်သီးတစ်မျိုးလည်း ဖြစ်ပါတယ်။ ကယ်လိုရီအနည်းဆုံးလို့ သတ်မှတ်ထားတဲ့ Low-suger fruit ဖြစ်တဲ့ ဘယ်ရီသီးတွေထက်တောင် ဖရဲသီးက ကယ်လိုရီ ပိုနည်းတာကို တွေ့ရပါတယ်။ အာဟာရဓာတ်များစွာ ပါဝင်ပြီး ဗီတာမင်နဲ့ သတ္ထုဓာတ်များစွာလည်းပါဝင်ပါသေးတယ်…

 

Vitamin C: 21%

Vitamin A: 18%

Potassium: 5%

Magnesium: 4%

Vitamins B1, B5 and B6: 3%

 

စိတ်ကိုကြည်လင်စေခြင်း

ပင်ပန်းနွမ်းလျှမှုတွေ၊ မူးဝေခြင်းတွေ ကြုံတွေ့လာတဲ့ အခါမှာ လတ်ဆတ်တဲ့ ဖရဲသီးကို စားပေးခြင်းကလည်း ခံစားနေရတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ ဖရဲသီးကို ဖျော်ရည် အဖြစ်လည်း လုပ်ပြီးသောက်နိုင်သလို၊ နွားနို့/နို့ဆီတို့နဲ့ ရောစပ်ပြီးလည်း စားသုံးနိုင်ပါသေးတယ်။ တခါတလေ ဖရဲသီးကို ဒီတိုင်းမစားချင်တဲ့အခါ ဖျော်ရည်လုပ်ပြီး စားသောက်နိုင်ပါတယ်။

 

ဆေးလိပ်သောက်တဲ့သူတွေ အနေနဲ့လည်း ဖရဲသီးက စားပေးသင့်တဲ့ ဖြည့်စွက်စာ ဖြစ်တဲ့အတွက် ဖရဲသီးကို ပုံမှန်စားသောက်ပေးသင့်ပါတယ်။

 

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends