Product တစ်ခုရောင်းအားကောင်းလာစေဖို့ အချက်တစ်ချို့

| Knowledge | November 6, 2018

စီးပွားရေးလုပ်ငန်းတွေအတွက် ရောင်းအားဆိုတာ ဘုရင်တစ်ပါးဆိုရင်လည်းမမှားပါဘူး။ သင့်ရဲ့ Product/Service ရောင်းအားကောင်းဖို့အတွက်ဆိုရင် Product/ Service ကောင်းနေပေမဲ့လည်း သင့်ရဲ့ ကိုယ်ပိုင်
စွမ်းဆောင်ရည်နဲ့လည်း သက်ဆိုင်ပါသေးတယ်…

စီးပွားရေးကိုပဲ မကြည့်ပါနဲ့ ဘာကြောင့်လဲဆိုရင်တော့ သင့်ရဲ့ Product/ Service တွေက လူမှုအသိုင်း အဝိုင်းထဲမှာ ဝယ်ယူရောင်းချနေတာကို သတိရပါ။ Customer တွေက သူတို့ဘက်ကို ကြည့်ပြီး လုပ်ငန်း လုပ်ကိုင်ပေးတာကိုနှစ်သက်ကြပါတယ်။ ဥပမာ- သင်ဟာ သွားဆေးခန်းဖွင့်ထားတဲ့ သူတစ်ယောက်ဖြစ်ခဲ့ မယ်ဆိုရင် သင့်ရဲ့ လုပ်ငန်းကသွားကျန်းမာရေးဆိုပေမဲ့ လူနာကို ပျော်ရွှင်ဖွယ်ရာဖြစ်အောင်နဲ့ သက်တောင့် သက်သာရှိအောင်လုပ်ပေးဖို့လိုပါတယ်။ ဒါမှသာ သင့်ဆေးခန်းကို လူနာတွေက စိတ်ကျေနပ်မှုရသွား မှာဖြစ်ပြီး အခြားဆေးခန်းတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် သင့်ဆေးခန်းကို လူနာပိုလာနိုင်မှာဖြစ်ပါတယ်။

Product/ Service ရောင်းအားတွေကောင်းလာဖို့ဆိုတာ အဖွဲ့အစည်း၊ အစီအစဉ်ဆွဲခြင်း၊ အစည်းအဝေးတွေနဲ့ သက်ဆိုင်တယ်ဆိုပေမဲ့ အဓိကအားစိုက်ပေးရမှာက ရလဒ်ပါ။ သင့်ရဲ့ ရောင်းအားမြင့်တက်လာမှုအ
တွက် ရလဒ်ဆိုတဲ့ အဓိပ္ပါယ်ကတော့ သင့်ရဲ့ Product/ Service ကို Customer တွေရဲ့ လက်ထဲကိုရောက်အောင် ပြုလုပ်ဖို့ကို ဆိုလိုတာဖြစ်ပါတယ်။ Customer တွေအတွက်လွယ်ကူပြီးသက်တောင့်သက်သာဖြစ်မဲ့ နည်းလမ်းတွေကိုပဲရွေးချယ်ပါ၊ ဈေးရောင်းကောင်းသူတဲ့သူတွေဟာ သူတို့ Customer တွေထိခိုက်မဲ့ အရာတွေကိုများသော အားဖြင့်ရှောင် ရှားကြပါတယ်။

Ref – entrepreneur

No Tags

  

Sponsored Links

Leave a Reply

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends