အသားရည် ထိန်းသိမ်းနိုင်စေမယ့် အချက်များ
မိတ်ဆွေ သင့်မှာ အသားအရည် နဲ့ အရေပြား နဲ့ပက်သက်တဲ့ပြဿနာတွေရင်ဆိုင်နေရပါက ဖြေရှင်းပေးဖို့ နည်းလမ်းအချို့ကိုမျှဝေပေးလိုပါတယ်။ ပြုလုပ်ရတာလွယ်ကူတဲ့အပြင် လူတိုင်းလုပ်နိုင်တဲ့နည်း လမ်းလေးတွေပဲဖြစ်ပါတယ်။
သင့်ရဲ့အသားအရည်ကိုတင်းရင်းပြီးငယ်ရွယ်နုပျိုစေရန် ကော်ဖီမှုန့် နဲ့ ပျားရည်ကို စားပွဲတင်ဇွန်း ၂ ဇွန်းစီရောပြီး Face Mask အနေနဲ့ရော Body Mask အနေနဲ့ပါသုံးပြုပေးနိုင်ပါတယ်။ ယခုခေတ်စားနေတဲ့ တောက်ပကြည်လင်တဲ့ Glow Skin မျက်နှာလေးကိုရလိုရင်တော့ သံပုရာရည်နဲ့ ဒိန်ချဉ်ကို ရောစပ်ပြီး Face Mask အနေနဲ့အသုံးပြုလို့ရပါတယ်။
ကျန်းမာစိုပြေပြီး ဝင်းမွတ်တဲ့ Healthy Skin ကိုရလိုရင်တော့ နနွင်းမှုန့် နဲ့ အုန်းဆီ ကိုရောစပ်ပြီး Body Mask အနေနဲ့အသုံးပြုလို့ရပါတယ်။ မျက်နှာပေါ်ကဝက်ခြံတွေကိုသက်သာစေချင်ရင်တော့ သစ်ကြပိုးခေါက်မှုန့်နဲ့ ပျားရည်ကိုရောစပ်ပြီး Face Mask အနေနဲ့အသုံးပြုပေးပါ။
မျက်နှာအသားအရေတွေညစ်နွမ်းနေလို့စိတ်ညစ်နေရင်တော့ သံပရာရည်နဲ့ပျားရည်ကိုရောစပ်ပီး Mask အနေနဲ့အသုံးပြုပေးပါက ကြည်လင်လာစေပါတယ်။ အခုဖော်ပြသွားတဲ့ နည်းလမ်းတွေ ကိုအသုံးပြုပြီး လှပတဲ့အသားအရည်လေး ပိုင်ဆိုင်နိုင်ကြပါစေ။